ဟားဗတ်တက္ကသိုလ် ၏ အီဂျစ် အရေး ဆွေးနွေးပွဲ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်

လတ်တလော အီဂျစ် နိုင်ငံ တွင် ပေါ်ပေါက်ခဲ့သော သမ္မတ မူဘာရက် အား ဖြုတ်ချခဲ့သည့်
ပြည်သူ လူထု ၏ အုံကြွမှု နှင့် ပတ်သက် ၍ အမေရိကန် တက္ကသိုလ်တိုင်းတွင် ဆွေးနွေး နှီး
နှောဖလှယ် ပွဲ များ ပြုလုပ် မည် ဟု သတင်းရရှိသည်။

နာမည် ကျော် ဟားဗတ် တက္ကသိုလ် ၏ နိုင်ငံတကာ သံတမန် ရေး အစီစဉ် နှင့် နိုင်ငံတကာ
လေ့လာရေး ဌာန မှ ကြီးမှုး ပြုလုပ် မည့် Egyptian Panel ကို ထိုတက္ကသိုလ် ၏ ကျောင်းသူ
ဟောင်း တစ်ဦး ဖြစ်ပြီး ဘော်စတွန် တွင်နေ ထိုင်သည့် မသီရိထက် က တက်ရောက် မည် ဟု
သိရသည်။

ဟားဗတ် တက္ကသိုလ် မှ ပြုလုပ် မည့် အီဂျစ် တော်လှန် ရေး နှင့် ၎င်း ၏ အကျိုးဆက် များ အစီအစဉ်
ကို မနက်ဖြန် တွင် ဟားဗတ်  တက္ကသိုလ် The Water Head Center တွင် ကျင်းပမည် ဖြစ်၍
ကြိုတင် စာရင်း ပေး သွင်း ကာ တက်ရောက် နိုင်သည်။

ထိုဆွေးနွေး ပွဲ တွင် နာမည် ကြီး အီဂျစ် ဘလောက် ဂါ ၀ါအီလ် အက်ဘတ်(စ) နှင့် ဆန္ဒပြပွဲ
တွင် ခေါင်းဆောင်ခဲ့သည့် ကိုင်ရို တက္ကသိုလ် မှ ကျောင်းသား အချို့ ဗီဒီယို ဖြင့် ပါဝင်ဆွေးနွေး
မည် ဟု သိရသည်။

အီဂျစ် နိုင်ငံ ၏ လူထု အုံကြွမှု ၊ မူဘာရက် အစိုးရ အား ဖယ်ရှား နိုင်မှု နှင့် ပတ်သက်ပြီး
အမေရိကန် နိုင်ငံ ၏ တက္ကသိုလ် များ တွင် ဟောပြောဆွေးနွေး ပွဲ များ ကျင်းပနေရာ
ယနေ့  ကော်လိုရာဒို တက္ကသိုလ် (ဒင်ဗာ) နှင့် နယူးယောက် တက္ကသိုလ် ၏ မီဒီယာ
သစ် ဌာန တို့ တွင် ဆွေး နွေး ခဲ့ကြသည်။

ထိုဆွေးနွေး ပွဲတွင် အီဂျစ်တော် လှန်ရေး ဖြစ်ပွား ရန် စည်း ရုံးလှုံဆော် ခဲ့သည့် Google
အင်ဂျင် နီယာ တစ်ဦး ဖြစ်သူ ၀ါအီးလ် ဂိုနင် လည်း ပါဝင်ခဲ့သည်။ ဟားဗတ် တက္ကသိုလ်
၏ မနက်ဖြန် ဆွေး နွေး ပွဲ တွင် Wael Ghonim လည်း ဗီဒီယို ကွန့် ဖရန့် နည်းပညာဖြင့်
ပါဝင်ဆွေး နွေး မည် ဟု သိရသည်။

နယူးယောက် တက္ကသိုလ် ၏ မူဘာရက် အလွန် အီဂျစ် နိုင်ငံ ၊ လူထုအုံကြွမှု နှင့်
နိုင်ငံ တကာ ဖြစ်စဉ် တွင် နိုင်ငံခြား ရေးရာ မဂ္ဂဇင်း ၏ ပင်တိုင် ဆောင်း ပါးရှင် တစ်ဦး
ဖြစ်သည့် ပါမောက္ခ ကလေးရှာကီ ဦးဆောင် ဆွေးနွေး ခဲ့သည်။

အမေရိကန် တက္ကသိုလ် များ ၏ အီဂျစ် ရေးရာ ဆွေးနွေး ပွဲ များ တွင် မြန်မာ နိုင်ငံ
တွင် ဖြစ်ပေါ် လာနိုင်သည့် အီဂျစ် ဟန် လှုပ်ရှား မှု များ ကို ပါ ဆွေး နွေး ခဲ့ကြသည်။

အီလီနွိုက် စ် တက္ကသိုလ်(ချီကာဂို) ဆွေး နွေး ပွဲ ကို လည်း ချီကာဂို မြို့ ရှိ မြန်မာ ကျောင်း
သား များ တက်ရောက် ရန် စာရင်းပေးသွင်းထားသည်။

အမေရိကန် နိုင်ငံတွင် ပညာသင်ကြား နေသည့် အီဂျစ် ကျောင်းသားများ နှင့်
အီဂျစ် နှင့် နိုင်ငံတကာလေ့လာနေ သည့် ပါမောက္ခများ က ထို ဆွေးနွေး ပွဲ
များ ကို ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။

အင်တာနက် မှ စတင် ခဲ့သည့် အီဂျစ်တော်လှန် ရေး သည် နှစ် ပေါင်း ၃၀ ကျော် နိုင်ငံ
အာဏာ ကို ချုပ် ကိုင် ထား သည့် မူဘာရက် အစိုးရ အား ဖြုတ်ချ နိုင်ခဲ့ပြီး ကျန် အာဏာ
ရှင် နိုင်ငံ များ တွင် လူထု အုာံကြွမှု များ ဆက်လက် ပေါ်ပေါက် စေခဲ့သည်။