ဘာရိန်း ရောက် မြန်မာများ အခက် အခဲ ဖြစ်နေ
ကိုင်ရို၊ ၊ဘာရိန်း နိုင်ငံတွင် ဆန္ဒပြ သူများက နိုင်ငံ၏ အရေး ပါသည့် နေရာများ နှင့်
အဓိက ကျသည့်ဘာရိန်းရင် ပြင် ကို သိမ်းပိုက် လိုက်ကြသည်။ ဆန္ဒပြ ဘာရိန်း ပြည်သူများ
သည် နိုင်ငံရေးပြုပြင်ပြောင်းလဲ ဖို့  နှင့် ဖမ်းဆီးထား သော နိုင်ငံရေး အကျဉ်းသားများ
လွှတ်ပေးဖို့ နှင့် နိုင်ငံ ကို၃၉ နှစ်ကြာ အုပ်ချုပ်လာသည့် ဆယ်(လ)မန် အယ်(လ) ခါလီဖာ
နှုတ်ထွက် ရန် တောင်း ဆိုဆန္ဒပြကြ ခြင်း ဖြစ်သည်။
ယမန်နေ့ က ဆန္ဒပြသူ တစ်ဦး ကို ရဲတပ်ဖွဲ့ က ပစ် သတ်ခဲ့ သည်ပြီး ထိုအသုဘ ကို ဘာရိန်း
ပြည်သူများ က လိုက် ပါ ပို့ ဆောင် နေစဉ် လုံထိန်း အဖွဲ့ က နောက်တစ်ယောက် ကို ထပ်မံ
ပစ်သတ် ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ သား နှစ်ဦး သေဆုံးခဲ့သည့် အတွက် ဘုရင်က ၀မ်းနည်း ကြောင်း ပြောဆိုက စုံစမ်း
ရေး ကော်မရှင် ဖွဲ့ ကာ စစ်ဆေးပေးမည် ဟု ဆိုသော် လည်း ဘာရိန်း လူ့  အခွင့်အရေး စင်
တာမှ နာဘီလ် ရာဂျဘ် က ဘုရင်ကြီး ၏ မိန့် ခွန်း သည် ပြည်သူတို့ ၏ ဒေါသ ကို ဖျောက်
ဖြောက် နိုင် ရန် နောက် ကျသွားပြီ ဟု ဆိုသည်။
ဘာရိန်း ပြည်သူ ၇၀ ရာနှုန်း ကျော်မှာ ရှီးယား မွတ် စလင် များ ဖြစ်ပြီး အုပ်ချုပ်သူများမှာ
ဆွန်နီ မွတ်စလင် များ ဖြစ်သည်။
ယနေ့ Freedom News Group ၏ ကိုင် ရို သတင်းဌာန ခွဲ မှ နောက် ဆုံးရရှိသည့် သတင်း
များ အရ Libya နိုင်ငံ မြို့ တော် ထရီ ပိုလီ တွင် လည်း ဆန္ဒပြ ပွဲများ စတင်နေ သည် ဟု
သတင်းရရှိသည်။
တူနီရှား နှင့် အီဂျစ် နိုင်ငံ များ တွင် ပေါ်ပေါက် ခဲ့သည့် လူထု အုံကြွမှု များ က ကျန် အာရပ်
ကမ္ဘာ ကို ကူးစက်စေသည်။
ယခု ဆန္ဒပြမှု များ ဖြစ် ပေါ် နေသည့် လစ်ဗျား နှင့် ဘာရိန်း နိုင်ငံ တွင် မြန်မာ ရွှေ့ ပြောင်း
အလုပ်သမား များ ရှိသည်။
ဘာရိန်း တွင် ဆန္ဒပြမှု များ ကြောင့် မြို့ တော် မနမား ရှိ စားသောက် ဆိုင်တစ်ခု တွင် စားပွဲ
ထိုး အဖြစ် တာဝန်ထမ်း ဆောင် နေ သည့် ကို ကျော်စွာထွန်း က သူ၏ ဆိုင်ပိုင်ရှင် က ဆိုင်
ပိတ်ထား သဖြင့် ၀င်ငွေ ထိခိုက်နေသည် ဟု ဆိုသည်။
