အောင်မြင်၊ ၊ပြီးခဲ့တဲ့ရက်သတ္တပါတ်အတွင်းမှာ အီဂျစ်အာဏာရှင်မူဘာရက်ကနေ အီဂျစ်
ခေါင်းဆောင်ဟောင်းတွေနဲ့တွေ့ဆုံပြီး သူတို့အခြင်းခြင်းပြောဆိုတဲ့ ဖေ့ဘွတ်နဲ့ပါတ်သက်ပြီးဟာသ
လေးတခုဟာ အတော်လေးကိုရေပန်းစားနေပါတယ်။
ဟူစနီမူဘာရက်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အီဂျစ်သမ္မတ၂ဦး အနဝါဆဒတ်နှင့်
ဂမယ်အက်ဒယ်နာဆာတို့နဲ့တွေ့ ဆုံခဲ့ပါတ ယ်။ မူဘာရက်ဟာ သူဘယ်လို
အဆုံးသတ်သွားရတယ် ဆိုတာကို နာဆာကိုမေးတော့ နာဆာက အဆိပ်
ကြောင့်လို့ပြောတယ်။ ဆက်ပြီး ဆဒတ်ကိုမေးပြန်ပါတယ်…ဆဒတ်က သေနတ်
နဲ့လုပ်ကြံခံရတာ လို့ဖြေပြန်ပါတယ်။ဆဒတ်ကနေ ဘယ်လိုဖြစ်တာလည်းလို့
ပြန်မေးလိုက်တဲ့အခါ….မူဘာရက်က သူအဆုံးသတ် ကျဆုံးခဲ့ရတာဟာ ဖေ့ဘွတ်
လို့ ပြောလိုက်ပါတယ်။
အာဏာရှင်မူဘာရက်အာဏာစွန့်ခွာသွားခဲ့ ရတာဟာ လူမှုဆက်သွယ်ရေးအင်တာနက်ကွန်ယက်ကနေ လှုံဆော်အသိပေးပြီး ပြည်သူတရပ်လုံးကနေတော်လှန်ခဲ့ရတာဟာကမ္ဘာအသိပါ။ အေပရယ် ၆လူငယ်
လှုပ်ရှားမှုလို့ အမည်ပေးထားတဲ့ လူငယ်တစုဟာ လူမှုဆက်သွယ်ရေးဖွေဘွတ်အင်တနက်စာမျက်နှာမှာ
We are All Khaled Said ဆိုတဲ့စမျက်နှာဖွင့်လှစ်ပြီး မူဘာရက်အစိုးရရဲ့ အကျင့်ပျက်ချစားမှုတွေ၊
အတိုက်အခံနဲ့ တက်ကြွသော ပညာတတ်လူငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ပုံတွေကို
အသိပေးခဲ့ပါတယ်။ “ ခါလက် ( Khaled) “ ဆိုတာ အာရပ်ကမ္ဘာတင်မက အိန္ဒိယနိုင်ငံဘောလိဝုဒ်နဲ
့ ပါက္ကစတန်တို့မှာ အလွန်ကျော်ကြားလှတဲ့နာမည်ကြီးတေးစီးရီးတခုရဲ့ ခေါင်းစဉ်ကိုယူခဲ့ကြတာပါ။
ဒီလိုနဲ့ ပထမဆုံးအကြိမ်အဖြစ် ဇန္ဒဝါရီ-၂၅ ဆန္ဒပြကြဖို့နေ အချက်ပေးပြီး ကြောက်ရွှံနေတဲ့
အီဂျစ်ပြည်သူတွေကို မကြောက်မရွှံ ဆန္ဒပြကြဖို့ လူငယ်တွေစတင်ပြီး မကြောက်မရွှံ တိုက်ပွဲခေါ်သံဖြင့်စတင်ခဲ့ပါတော့တယ်။
ယ္ခုလိုကမ္ဘာတလွှားရေပန်းစားနေတဲ့ ဖေ့ဘွတ်စာမျက်နှာကနေ လှုံဆော်မှုကြောင့် အာဏာရှင်
မူဘာရက် ပြုတ်ကြားသွားမှုဟာ လွယ်လွယ်ကူကူဖြစ်ခဲ့ရတာတော့မဟုတ်ပါဘူး။ အာဏာရှင်စိုးရရဲ့ စီးပွားရေးထုတ်ကုန်တိုးတက်တဲ့နှစ်ဖြစ်ပေမယ့် အာဏာရှင်မူဘာရက်တယောက်ဟာ အကျင့်ပျက်ခြစားမှု၊ရက်စက်စွာနှိပ်ကွပ်မှုတွေကြောင့် ဘယ်လိုမှ လူထုအုံကြွမှုကိုမတားဆီးနိုင်ခဲ့တော့ဘဲ အာဏဏာလက်လွတ်ခဲ့ရပါတယ်။
တက်ကြွလှုပ်ရှားသူဟာ သတိကြီးစွာထားပြီး လူထုတော်လှန်ရေးဆန္ဒပြပွဲအတွက် မိုဘိုင်ဖုန်း
တွေကတဆင့် စာတိုလေးတွေပို့ပြီး ပြည်သူတွေမုန်းတီးလွန်းလှတဲ့ နိုင်ငံတော်ရဲတပ်ဖွဲ့နေ့ မှာ
စတင်နိုင်ဖို့ အီဂျစ်ပြည်သူတွေကို အသိပေးတပ်လှန့်ခဲ့ကြပါတယ်။ ကိုယ်ပိုင်အင်တာနက်စာ
မျက်နှာဖေ့ဘွတ် ပေါ်မှာ သန်းနှင့်ချီတဲ့ပြည်သူလူထုကြီးဟာ အာဏာရှင်စနစ်ပြုတ်ကျရေးတော်လှန်လှုပ်ရှားမှုမှာပူပေါင်းပါဝင်ကြမယ့်အကြောင်းကို လက်မှတ်ရေးထိုးခဲ့ကြပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။
အီဂျစ်နိုင်ငံပြောင်းလဲမှုမှာ အဓိကအချက်တခုကတော့ တပ်နှင့်ပြည်သူဟာတသားတည်းရှိမှု
ဟာအရေးပါကြောင်း အီဂျစ်အတိုက်အခံခေါင်းဆောင် ဝေးလ်ဂိုနင်က မိနစ်၆၀ သတင်းဝက်
ဆိုက်တခုကို ဖေဖေါ်ဝါရီ၁၃ရက်နေ့ကပြောဆိုခဲ့ပါတယ်။ “ သူတို့တတွေအာဏာရှင်ကိုဖြုတ်ချနိုင်လို့ကြီးမားသောအောင်ပွဲကြီးရခဲ့ပါပြီ။ “ အင်တာနက်လိုင်းတွေနဲ့ဆက်သွယ်မှုတွေကို ပိတ်ဆို့ထားမှုတွေ၊ အလွန်အောက်တန်းကျ
လွန်းတဲ့ ရာဇ၀တ်အကျဉ်းသားတွေကိုငှားရမ်းသတ်ဖြတ်မှုတွေ ပြီးဆုံးပြီးတော့ အခု ကျွန်
တော်တို့အဆုံးသတ်နိုင်ခဲ့ပါပြီ။
ကိုးကား။ ။ Foreign Policy
