Myanmar Lawmaker Resign

နေမျိုးဦး၊ ၊ယခင် စစ်လက်နက် ထုတ်လုပ်ရေး အရာရှိချုပ်(ကကထုတ်) အဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပြီး ၊ စစ်အစိုးရပိုင် စီးပွား ရေး လုပ်ငန်း တစ်ဦး ဖြစ်သည့် ဦးပိုင် လီမိတက်၏ အကြီး
အကဲ အဖြစ်တာဝန်ထမ်းဆောင် ခဲ့သည့် လွှတ်တော် အမတ် ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး
သည် သူ၏ရင်တွင်းခံစား ချက်များ ကြောင့် လွှတ်တော် အမတ် နေရာ မှ နှုတ်ထွက် စာ တင်လိုက်
သည် ဟုသတင်းရရှိသည်။စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ် စဉ် ၉ ဆင်း တစ်ယောက် ဖြစ် သည့် ဗိုလ်ချုပ်ကြီး
တင်အေး သည် သူ၏ ကြိုးစားအား ထုတ်မှု ၊ အရည်အချင်း တို့  နှင့် မလျှော်ကန် သည့် နေရာတွင်
တာဝန် ချထားခံရခြင်း ကြောင့် ယခု နှုတ်ထွက် စာအား လွှတ်တော် ဥက္ကဌ ထံသို့ တင်သွင်း ခြင်း
ဖြစ်သည် ဟု ၎င်း ၏ ဆွေမျိုး တစ်ဦး က Freedom News Group သို့ ပြောသည်။
“အကိုကြီး က ဗိုလ်ချုပ်မှုး ကြီး ဆီ ကို စာပို့ သေးတယ် ..လွှတ်တော် ထဲ မှာ DSA က ကလေး
တွေ နဲ့  လုံးလားထွေးလား မလုပ် ချင် ဘူး ..အခြား နေရာ တစ်ခု ခု စီစဉ်ပေးပါဆိုတဲ့ အကြောင်း
ဗိုလ်ချုပ်မှုးကြီး က စာမပြန်တာ နဲ့  ညက မှ သူနှုတ် ထွက် စာ ကို ကွန်ပြူတာ နဲ့ သူကိုယ်တိုင်စီလိုက်
တာ ပဲ ဟု FNG သို့ ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး သည် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ၏ မြောက် ကိုရီးယား ခရီးစဉ်
ဒု-ဗခမက မောင်အေး ၏ ရုရှား ခရီးစဉ် များ တွင် လိုက်ပါရသူတစ်ဦး ဖြစ်ပြီး ခေတ်မှီ စစ်လက်
နက်ပစ္စည်းများ၊၎င်း တို့ ၏ မှောင်ခိုဈေးကွက် နှင့် နိုင်ငံတကာ စစ်လက်နက် ဈေးကွက် နှင့် ကုန်
သွယ်ရေး တို့ ကို နားလည် တတ်ကျွမ်း သူ တစ်ဦး ဖြစ်သည်။
သူသည် ယမန် နှစ်က ရုရှား နိုင်ငံမှ အမေရိကန် ဒေါ်လာ ၅၇၅ သန်းဖိုးရှိ MiG 29 တိုက်လေယာဉ်
အစီး ၂၀ ကို မြန်မာ စစ်တပ် အတွက် ၀ယ်ယူခဲ့သူ တစ်ဦး ဖြစ်ပြီး မြန်မာ စစ်တပ်၏ တွင် ဆဌမ
မြောက် အဆင့် ရှိသူ တစ်ဦး ဖြစ်သည်။
ဒု-ဗိုလ်ချုပ်ကြီး တင်အေးသည် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အား ကာကွယ်ရေး ဦးစီးချုပ် နေရာ
ဆက်ခံရန် လျှာထားခံရခြင်း ကို ဆန့် ကျင်သည့် ဂိုဏ်းဝင် တစ်ဦး ဖြစ်သည်။
ယခု ကဲ့ သို့  ဒု-ဗိုလ်ချုပ်ကြီး တင်အေး နှုတ်ထွက်စာ တင်ရခြင်း မှာ ၎င်း၏ ဆန္ဒကြောင့် ပင်လား
သို့ မဟုတ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အခြိမ်းခြောက် ခံရခြင်း ကြောင်း လား ဆိုသည် ကို မည်သူ
မျှ မသိရှိ ဟု သိရသည်။
လွန်ခဲ့သည့် သီတင်း ပတ် က အနာဂတ် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တစ်ပြေး ခံနေရသည့်
ဒုဗိုလ်ချုပ်ကြီး သူရ မြင့်အောင် လည်း ရာထူးမှ ဖယ်ရှား ခံရသည်။
၎င်း သည် တစ်ဦးတည်း သော မြန်မာ စစ်အစိုးရ ၏ စစ်ရေး လှို့ ဝှက် ချက်မှတ်တမ်း များ ကို
အကုန် ရှိ သော သူတစ်ဦး ဖြစ်သည်။ သူသည် မြန်မာ စစ်တပ် ၏ အချမ်းသာ ဆုံး ဆယ်ရောက်
တွင် ပါဝင်သည်။
ကကထုတ်—-ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွန်ကြားရေးမှူးရုံး

ဒါတွေကဖြစ်လာမှာဘဲ…ခွဲဝေမှုတွေ မညီမျှတာနဲ့အမျှ..
အရင်ကတော့ သူများကိုဖိနှိပ်တဲ့အထဲမှာ ပါခဲ့ကြတုန်းကတော့ အသိမဝင်ခဲ့ကြဘူး..အခုကိုယ်နဲနဲဖိခံရတော့
နဲနဲတော့ သိလာမှာပေါ့..များများသိအောင်လုပ်ပြီး…ပြည်သူတွေအတွက် အထောက်အကူဖြစ်နိုင်ပါစေလို့ ဆန္ဓပြုပါတယ်..
တပ်အကွဲအပြဲ ကတော့စ နေပြီဗျ။ရှေ့လျှောက်တော့ကြည့်ကောင်းအုန်းမယ်။