ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် လျှပ်တပျက် ၀င်ရောက်တိုက်ခိုက်မှု ကို ဦးစားပေးကျင့်

February 16, 2011, U.S. Marines with Maritime Raid Force (MRF), 31st Marine Expeditionary Unit (MEU), 3rd Marine Expeditionary Brigade (MEB), provide security as a U.S. Marine Corps CH-53E Super Stallion helicopter lands during a mock raid conducted with Royal Thai Marines in Hat Yao, Kingdom of Thailand, in support of Exercise Cobra Gold 2011.. (U.S. Marine Corps photo by Lance Cpl Brennan O'Lowney/Released)

မဲဆောက်၊             ၊အာရှဒေသတွင်းရှိ  အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များ နှစ်စဉ်ပြုလုပ်နေ
ကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် ထိုင်းနိုင်ငံဉ်  စတင်ပြုလုပ်နေ ရာ ယခုနှစ် တွင် လျှပ်
တပျက် ၀င်ရောက်စီးနင်းသည့် တပ် Raid Force ကို အထူးဦးစားပေးပြီး လေ့ကျင့်ခဲ့ကြောင့်
အမေရိကန် ကမ်းတက်တပ်၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်
စင်ကာပူ နိုင်ငံမှ  ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ
စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။

ယနေ့ တတိယနေ့ မြောက် စစ်ရေးလေ့ကျင့်မှု ဉ် အမေရိကန် စစ်လေယာဉ် နှစ်စီးမှာ နယ်စပ် တိုက်
ပွဲများ ဖြစ်ပွား နေသည့် မြန်မာ နိုင်ငံ မြ၀တီ မြို့ အနီးမှ ကပ်၍ ပျံသန်း သွားရာ မြို့ ခံ များ က အော်
ဟစ် အားပေးကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။

အဆိုပါစစ်ရေး လေ့ကျင့်မှု သည် အာရှ ဒေသအတွင်း တည်ငြိမ်မှု အတွက် ဖြစ်သည်။ထိုင်း နိုင်ငံ
သည် ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှု များ ကိုလက်ခံ လာရာ နှစ် ပေါင်း ၃၀ ရှိသွားပြီ ဖြသ်သည်။
တောင်ကိုရီးယား နိုင်ငံသည် ယမန် နှစ် ကမှ ရွှေမြွေဟောက် စစ်ဆင်ရေး တွင် ပူးပေါင်း ခဲ့ခြင်း
ဖြစ်သည်

One thought on “ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် လျှပ်တပျက် ၀င်ရောက်တိုက်ခိုက်မှု ကို ဦးစားပေးကျင့်

  1. မြန်မာစစ်ခေါင်းဆောင်တွေကတော့ တရားအားထုတ်နေကြတုန်းပါပဲ …
    ……….. (တရားအားထုတ် = ပြောင်းပြန်ပြန်ကြည့်ပါ) ……..
    ဟားဟားဟား

Comments are closed.