နေရွှေသွေးအောင် အာဏာဆက်ခံရေး သဘောမတူသည့် ဗိုလ်ချုပ်များ ထပ်မံဖယ်ရှားခံရ

FNG၊              ၊သြဂုတ် လ အတွင်းက ရာထူးမှ အနားယူခဲ့ရသည့် ယခင် မြောက်ပိုင်း တိုင်း
မှုးဟောင်း နှင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့်
မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်း မှုး ဟောင်းတစ်ဦး ပင် ဖြစ်သည့် ဗိုလ်ချုပ် စိုးဝင်း တို့ 
နှစ် ဦး သည် ယခု နှစ် ဖေဖေါ်ဝါရီ လဆန်း ပိုင်းက နေပြည်တော်ပြုလုပ် ခဲ့သည့် ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ ၏ အာဏာဆက်ခံ ရေး အစီအစဉ် ကို ပြန်လည်ဝေဖန်မှု ပြုမိသောကြောင့်
နေအိမ် အကျယ်ချုပ် ကျခံနေရသည် ဟု Freedom News Group မှ သတင်းရရှိသည်။

မြန်မာ စစ်ခါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ၎င်း ၏ အသက် ၂၀ ကျော်အရွယ် မြေး ဖြစ်သူ
နေရွှေသွေးအောင် ကို အာဏာလွှဲပြောင်းပေး အပ်ရန် စီစဉ်မှု အား ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး
အပါအ၀င် ဗိုလ်ချုပ်ကြီး ရဲမြင့် ၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၊ ဗိုလ်ချုပ် ကြီး ဟောင်း တင်အေး၊
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်ချုပ် ဝေလွင်၊ ဗိုလ်ချုပ်ကြီး ကိုကို ၊ ဗိုလ်ချုပ် ကြီး သီဟ
သူရ တင်အောင်မြင့်ဦး စသူ တို့ ကို ခေါ်၍ သဘောထား မေးမြန်းကြရာ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်
အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့ က အပြင်းအထန် ကန့် ကွက် ခဲ့ပြီး ၊ ဗိုလ်ချုပ်ကြီး ဟောင်း
အုန်းမြင့် နှင့် ဗိုလ်ချုပ် စိုးဝင်း တို့ က သဘောမတူ ဟု သိရှိရသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ၎င်း ၏ မြေး ဖြစ် သူ အာဏာဆက်ခံ မှု ကို ကန့် ကွက် ခဲ့သည့်
ဒု ဗိုလ်ချုပ်ကြီး သူရ မြင့် အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့  နှစ်ဦး အား အရေးမပါသော
နေရာများ ပေးကာ ချောင် ထိုး ခဲ့ပြီး ပြန်လည် စောဒက တက်သည့် သူရ မြင့် အောင် ကို မူရာ
ထူးမှ ဖယ်ရှား ကာ အင်းစိန်ထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီး
သူရ မြင့် အောင် အဖမ်းခံရပြီး နောက်ရက် အနည်းငယ် အကြာမှပင် ဗိုလ်ချုပ်ကြီး ဟောင်း
တင်အေးလည်း ရာထူးမှ နှုတ်ထွက် ခဲ့ရသည်။

ယနေ့ နေ ပြည်တော် ရှိ စစ်အရာ ရှိများ အသိုင်းအ၀ိုင်းမှ နောက်ဆုံးကြား သိရသည့် သတင်း
များ အရ  ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့် ဗိုလ်ချုပ် စိုးဝင်း တို့ နှစ်ဦး သည် လည်း နေအိမ်
အကျယ်ချုပ် ချမှတ် ခံနေရသည် ဟု သတင်းရရှိသည်။

အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်း ၏ သားဖြစ်သူ ဗိုလ်မှုး ပြည်အောင် အား တပ်စည်း
ကမ်း ဖောက်ဖျက်မှု ဖြင့် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် လျှာထား ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး
မင်းအောင် လှိုင် က ရာထူးမှ ထုတ်ပယ် လိုက်သည် ဟု လည်း သတင်းများ ဖြစ်ပေါ်နေသည်။

ဗိုလ်မှုး ပြည်အောင် သည် ဒုတိယ ဗိုလ်ချုပ်မှုး ကြီး မောင် အေး ၏ သားမက် ဖြစ်ပြီး ဂေါက်ရိုက်
ခြင်း နှင့် သူ၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း များ ဖြင့်သာ အချိန် ကုန်နေတတ်သည်။
ဗိုလ်မှုး ပြည်အောင် သည့် Air Innlay အမည် ရှိ လေကြောင်း လိုင်း တစ်ခု တည်ထောင်ရန်
စီစဉ် နေသည် ဟု သတင်းထွက် ပေါ်နေသော်လည်း ဗိုလ်ချုပ်မှုး ကြီ သန်းရွှေ ၏ ခွင့်ပြုချက်
မရ ရှိသေး ဟု သိရသည်။

၁ ဒေါ်လာ —————-၉၆၀ ကျပ်
ရွှေ တစ်ကျပ် သား ဈေး —-၆၈၀၀၀၀
ဆီဈေး ——————ပဲဆီ တစ်ပိသာ လျှင် ၂၀၀ ကျပ်စီတက်
ဆန်တစ်အိတ်ဈေး———၂၅၀၀ ကျပ်စီတက်

12 thoughts on “နေရွှေသွေးအောင် အာဏာဆက်ခံရေး သဘောမတူသည့် ဗိုလ်ချုပ်များ ထပ်မံဖယ်ရှားခံရ

  1. ခွေးခွေးချင်း ပြန်ကိုက်နေကြပြီ။ကြားရတဲ့ သတင်းတွေက ၀မ်းသာစရာပဲ။အဲဒီခွေးတွေ သူတို့ ချင်းကိုက်ကြရင် ပြည်သူတွေက ၀ိုင်းပြီး ရှူးတိုက်လက်ခုပ်တီးကြမှာ။မြန်မြန်ကိုက်ကြပါတော့ လား။ခွေးမျိုးဆက် မြန်မြန်ကုန်ပါတော့ ။ပြည်သူတွေ ဒီလောက် ကျိန်ဆဲနေတာတောင် ဘာမှမဖြစ်ကြသေးတာ အံ့သြစရာပဲ…..

  2. ငါနည်းနည်းရိုင်းရင် ခွင့်လွှတ်ပါဟေ…. သန်းရွှေအတွက် ပြောစရာစကားမရှိတော့လို့ပါ…. စကားလုံးတွေရှားနေပြီ…. ခြေထောက်နဲ့ပဲကန်ချင်တော့တယ်…. ဒီကောင့်ကို…သန်းရွှေကို…

  3. အေးဗျာ … ရှေးရှေးတွေတုန်းကတော့ အိမ်ရှေ့ကိုယ်တော်ကြီး လို့အမည်တွင်တဲ့ ကနောင်မင်းသားကြီးကို တူတော်တွေက လုပ်ကြံပါသတဲ့လေ။ အိမ်ရှေ့ကိုယ်တော်ကြီးက တိုင်းပြည်ကောင်းကျိုးကို အမှန်တကယ်လိုလားသူဆိုတာ သိသာလွန်းပါတယ်။ ဒါပေမယ့် သက်တမ်းတိုလွန်းလှပါတယ်။ နောက်တော့ တကယ်အာဇာနည်တွေလေ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်စစ်တွေ ၊ ဦးစောနဲ့ အပေါင်အပါတွေက လုပ်ကြံလိုက်ကြတယ်လေ။ ကောင်းသောသူတွေ၊ တကယ်အနစ်နာခံတတ်တဲ့သူတွေက အကြွေစောကြရတယ်။
    ခု အာဏာလု၊ လုပ်ချင်တာမှန်သမျှကန့်ကွက်သူတွေကို ထောင်သွင်းအကျဉ်းချ၊ ပြည်သူတွေကိုကျတော့ လုံးဝ ထည့်မတွက်။
    ဒီလိုသူတွေကြတော့ အသက်က ရှည်လွန်းလှပါတကား ။ ။
    ……. (ပိုင်ပိုင်နိုင်နိုင် လုပ်ကြံနိုင်တဲ့သူ အမြန်ပေါ်စေချင်မိတယ်) ……….

  4. ဒီသတင်းသာမှန်ခဲ့ရင် ဘုရင်မျိုးဆက်ချဖို ကြိုးစားနေတဲ့ သန်းရွှေဟာ ဒီခေတ် ဒီအချိန်အခါမှာ ဒီလို ကြောင်တောင်တောင် အတွေးမျိုး ကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ကန့်ကွက်သူတွေထက် သူလိုဘုရင်လုပ်ချင်လို့ သူဘာလုပ်လုပ် သဘောတူပါတယ်ဆိုပြီး အကောက်ကြံ အကွက်ကောင်း သီးခံစောင့်ခြောင်းနေတဲ့သူတွေက အန္တရာယ် ပိုကြီးတယ် ဆိုတာမသိရှာဘူး။
    အခု ပြုတ်သွားတဲ့သူတွေလည်း မျောက်လောင်းလေး လက်သံပြောင်နိုင်တဲ့အဆင့် မရောက်သေးခင် အလွတ်ပြေးကြမလား ပြန်ချမလား ပြတ်ပြတ်သားသား ဆုံးဖြတ်လှုပ်ရှားကြပေတော့။ ဒါမှမဟုတ်ရင်တော့ မြန်မာဘုရင်တွေထုံးစံအတိုင်း မင်းတို့တစ်ဆွေတစ်မျိုးလုံး ကျူပင်ခုတ်ကျူငုတ်မကျန်ဆိုပြီး ဝါးရင်းတုတ်နဲ့ လည်မြိုကို ရိုက်သတ်တာ ခံရလိမ့်မယ်။ မျောက်လောင်းလေး ဘယ်လောက် လက်သံပြောင်တယ်ဆိုတာ မင်းတို့သိပြီးဖြစ်မှာပါ။

  5. as long as this guy & family alive we(myanmar) will not get true democracy at all.that’s for sure

  6. အခြေအမြစ်မရှိတာတွေ…လျောက်ရေးနေပြန်ပြီ… အရှူးတွေပဲယုံလိပ့်မယ်

    1. ဂျိုကာ အဆဲခံကောင် စောင့်ရူး
      မယုံတဲ့ကောင် စောင့်ရူး

    2. @real joker
      ကိုယ်ကိုတိုင်က အလံရှူးဆိုတာ ကိုယ့်ဘာသာသိဖို့ကောင်းပါတယ်..မရှက်ဘူးလားဟင်…
      ဒီလို နေရာမျိုးမှာ အနှစ်မရှိတဲ့ comment တွေလာပေးနေတာ..

  7. ပြည်အောင်ကိုတပ်စည်းကမ်းမလိုက်နာလို့ထုတ်မယ်ဆိုတာဆိုရင်
    ဟိုကောင်ဖိုးလပြည့်ဘာစစ်အတွေအကြုံ၊စစ်တပ်ထဲမှာလက်ရှိတာဝန်
    ထမ်းဆောင်နေခြင်းမရှိပဲဘာလို့အာဏာလွှဲပေးမယ်လို့ပြောလဲ

  8. ဒီလူတွေက ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ လူညွန့်တွေကို ခူးစားထားတဲ့ ကောင်တွေကြီးပဲ။
    အချင်းချင်း အခုလိုဖြစ်ယုံတင်မကဘူး၊ ထပြီး ဗုံးခွဲကြမယ်ဆိုရင်တောင် ကိုယ်တွေကတော့ ဝမ်းသာတယ်။
    ချကြစမ်းပါ…..ကြည့်လို့ကောင်းလို့။
    ဒင်းတို့တစ်တွေ တစ်နေ့ဝဋ်ပြန်လည်မှာပါ……မကြာမီလာမည် မျှော်။

  9. အမောင်းမထုပ်ခင် ကိုယ့်အသိတ၇ားနဲ့ ကိုယ် အခုကတည်းက နှတ်ထွက်ကြတော့ဟေ့။။။ အူဟောင်းလောင်း တို့။။။။။။

  10. Nay Shwe Thway Aung will be small monkey but now,giants force to place maps while pwae- alerting.

Comments are closed.