အင်တာနက် လွတ်လပ်ခွင့် နှင့် ဆိုင်ဘာ အန်တုမှု အတွက် အမေရိကန် ထောက်ပံ့မည်

အင်တာနက် က မင်းဆိုးမင်းညစ် အစိုးရ တွေ ကို ဆန့် ကျင်မယ့် ကိစ္စတွေ ကို အမေရိကန်
အစိုးရ က ထောက်ခံ ပံ့ပိုး ပေးသွားမယ့် အစီအစဉ် ကို ဂျော့ဝါရှင်တန် တက္ကသိုလ် တွင် ပြော
ကြားခဲ့သည့် မိန့် ခွန်း ဖြစ်သည်။

နိုင်ငံတကာမှ ဒီမိုကရေစီ ရေး လှုပ်ရှား နေသူများ အတွက် အင်တာနက် နှင့် အဆင့်မြင့် နည်း
ပညာများ သုံးစွဲလျှင် အမေရိကန် အစိုးရ က ဒေါ်လာ ၂၅ သန်းထောက်ပံ့သွားမည် ဖြစ်သည်။

မိန့် ခွန်း တွင် မြန်မာ စစ်အစိုးရ ၏ အင်တာနက် လွတ်လပ် ခွင့် အား ပိတ်ပင်တားဆီးမှု နှင့်ဖြစ်
ပေါ်လာမည့် အကျိုးဆက် များ လည်း ထည့်သွင်းပြောကြားသွားသည်။

ဗီဒီယို ကြာမြင့်ချိန် –၄၄ မိနစ် (မိန့် ခွန်း အပြည့်အစုံ)

3 thoughts on “အင်တာနက် လွတ်လပ်ခွင့် နှင့် ဆိုင်ဘာ အန်တုမှု အတွက် အမေရိကန် ထောက်ပံ့မည်

  1. We shall have to warmly welcome American’s humannity-supports on Democratic humannity-activity.

  2. ဟုတ်ပါ့မလား … အမေရိကန်ကြီးရယ် … ပါးစပ်ကပြောတော့ ဘုရား ဘုရား … လက်ကပြောတော့ ကားရား ကားရားပါလား … မယုံတဲ့အထဲမှာ အဲဒါလည်းပါတယ်… wikileaks လိုဟာမျိုးကြတော့ အမေရိကန်အပေါင်းအပါတွေက အသေသတ်ဖို့စိုင်းပြင်းနေကြတယ်… ဖြစ်နိုင်ရင် လူ့ပြည်မှာတောင် ထားချင်မှာမဟုတ်ဘူး… သူတို့လဲ လွတ်လပ်ခွင့်ပဲ … သတင်းလွတ်လပ်ခွင့် … အင်တာနက်လွတ်လပ်ခွင့်ပဲ … ပိုပြီးတော့ ထောက်ပံ့ပေးရအုန်းမှာ … အခုတော့လဲ ….
    အဲဒါကြောင့် အမေရိကန်ရဲ့ မူဝါဒက ” ငါနဲ့မတူ ငါ့ ရန်သူ” … ကျွန်တော်တို့ မြန်မာပြည်သူ ၊ ပြည်သားတွေ ဒါကိုသာ ကြည့်ကြပါ… အမေရိကန်ရဲ့ မူဝါဒက လိုရင်တမျိုး မလိုရင်တမျိုး … အမေရိကန်ကို ကျွန်တော်တို့တွေ ယုံလို့မရတဲ့ အထဲမှာ ပါပါတယ်… ဖြစ်နိုင်ရင် ကိုယ့်အားကိုယ်ကိုးကြရမှာပါ… အီဂျစ်တုန်းကလဲ အမေရိကန်တွေက အာဏာရှင်နဲ့ ပနံသင့်နေတော့ ဘာတခုမှ ၀င်မပြောကြ …. ၀င်မစွက်ဖက်ကြပါဘူး… ပြည်သူတွေပဲ အနစ်နာခံလုပ်သွားကြရပါတယ်… ဒါက သာဓကပါ …

    1. အမေရိကားနဲ့ အမေရိကန်မူဝါဒ လည်း စင်းလုံးချေား အပြစ်အနာအဆာမဲ့ တော့ မဟုတ်ဘူးလေ။
      ဒါပေမဲ့ အကောင်းဆုံးပဲ ဆိုတာတော့ မမေ့နဲ့လေ။
      အမေရိကားက တရုတ် ရုရှား နဲ့ အိန္တိယ ထိုင်းနိုင်ငံ တို့လိုတော့ ကိုယ်ကျိုးစီပွားအတွက် မျက်နှာပြောင်တိုက်ပြီး မြန်မာစစ်အစိုးရကို အကာအကွယ် ပေးမနေဘူး။
      ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်ရမှာကတော့ သေချာတာပေါ့ဗျာ။

Comments are closed.