” မြန်မာ တွေ ဆန္ဒပြ ဖို့ ဖြစ်နိုင်ချေနည်း “ဟု ဗိုလ်ချုပ်မှုးကြီး သုံးသပ်
တင်ကျော်ကျော်စိုး၊                   ၊အရှေ့ အလယ်ပိုင်း နိုင်ငံများ သာမက ဥရောပနိုင်ငံအချို့ ၊
တောင်အမေရိကတိုက် နှင့် အမေရိကန်နိုင်ငံပြည်နယ် အချို့ တွင် ပါ လူထု အုံကြွမှု များ
ဖြစ်ပေါ်နေသော်လည်း မြန်မာ နိုင်ငံ ထိုကဲ့သို့ အားကောင်းသော လူထု အုံကြွမှု များ
ပေါ်ပေါက် နိုင်ခြင်း မရှိ ဟု ယမန် နေ့ က နေပြည်တော်တွင် ကျင်းပခဲ့သည့် နအဖ ထိပ်ပိုင်း
ခေါင်းဆောင် များ အစည်းအဝေး တွင် ပြောကြား ခဲ့သည် ဟုFreedom News
Group မှ သိရှိရသည်။
အကယ်၍ နိုင်ငံတကာဖြစ်ပေါ် နေသော အခြေအနေ များ မြန်မာ နိုင်ငံ သို့ ကူးစက်လာလျှင်
ချက်ခြင်း လက်တုံ့  ပြန်သွားရန် အတွက် အစီအစဉ် များ ရေးဆွဲ သည့် ထို အစည်းအဝေးပွဲ
တွင် ဗိုလ်ချုပ်မှုး ကြီး က  ရန်ကုန် တိုင်းတိုင်းမှုး ဗိုလ်မှုးချုပ် ထွန်း သန်း နှင့် အိမ်မီးလောင်၍
“၀ါယာ ရှောခ် ” ဟုနာမည် တွင် သည့် မန္တလေး တိုင်းမှုး ဗိုလ်မှုး ချုပ် ရဲ အောင် တို့ အား
အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်း အဝေး တွင် ဒု ဗခမက မောင်အေး လည်း ရှိပြီး ဗိုလ်ချုပ်မှုးကြီး က ဒေါ်
အောင်ဆန်းစုကြည် ကြောင့် မည်သည့် လူထု အုံကြွမှု မှ မပေါ်ပေါက် နိုင်ဟု သုံးသပ်
ခဲ့သည်။ အဆိုပါ အစည်း အဝေး သို့ တက်ရောက် ခဲ့သည်. ဗိုလ်ချုပ် အဆင့် ရှိသူ
တစ်ဦးက Freedom News Group သို့ ပြောပြရာတွင် “အဖိုးကြီး နဲ့  ဗိုလ်ချုပ်ကြီး
မောင်အေး က တ၀ါးဝါး ပြောရင်း ပွဲ ကျနေကြတာ သူတို့ ပြောတဲ့ ထဲ မှာ ၂၀၀၇ ရွှေ
ဝါရောင် တုန်း က အကြောင်း တွေ လဲ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ 
သံဃာတွေ ဖြတ်လျှောက် တော့ သူတို့ လန့် လန့် နေတယ်။ ဒေါ်စုက ထွက်ပြီး
ပြည်သူ ကို ဦးဆောင် ရင်  သူ တို့ သွား ပြီ လို့ ထင်တားတာ ၊ နောက် လက်အုပ်
ကလေး ချီပြီး ပြန်ဝင်သွားတော့ မှ သူတို့ ဖြိုခွင်ဖို့ ကို ချက်ခြင်း စီစဉ် ပြီး   ဘုန်း
ကြီးကျောင်းတွေ ကို ၀င်စီး ၊ ဆန္ဒပြ သူတွေ ကို လုပ်တာ လို့ ” ပြောခဲ့စသည် ဟု
အဆိုပါ ဗိုလ်ချုပ်က ပြောသည်။
ယမန် နေ့ က ကျင်းပသည့် အစည်းအဝေး တွင် ဒုဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်
နှင့် ဗိုလ်ချုပ်ကြီး ကိုကို လည်း တက်ရောက်ပြီး လွှတ်တော်တက် နေသည့် ကြံ့
ဖွတ် ကိုယ်စား ပြု စစ်ဗိုလ် တစ်ဦး တစ်ယောက်မျှ ပါရှိခြင်း မရှိ ဟု သိရသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ လူထု အုံကြွမှု ပေါ်ပေါက် နိုင်ခြင်း မရှိ သည့် ခန် မှန်း
ချက် နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှ နိုင်ငံရေး အကျဉ်းသား ဟောင်း လူငယ် စာ
ရေးဆရာတစ်ဦးက ” ချက်ခြင်း တော့ မပေါ် နိုင်သေးဘူး ၊ အခု မှ လူငယ်တွေ
က အား ပြန်စု တုံး ဆိုတော့ မိုးတွင်း လောက်မှ ဖြစ်နိုင်တယ် ထင်တယ် “ဟု
သုံးသပ်သည်။
ယနေ့ အမေရိကန် နိုင်ငံ ၀စ္စကွန် ဆင် ပြည် နယ် ဉ် ပြည်နယ် အုပ်ချုပ်ရေးမှုး
၏ ၀န်ထမ်း လစာများ နှင့် ပတ်သက်သည့် ဥပဒေကြမ်း တစ်ခု ကို မကျေနပ်
ရာ မှ ဆရာ များ နှင့် ကျောင်းသား ပြည်သူ များက ဆန္ဒပြကြ ရာ ပြည်နယ်
အုပ် ချုပ်ရေးမှုး စကော့ ဝေါ်လ် ကာမှာ ရေအိမ် မှ တစ်ဆင့် ထွက်ပြေးခဲ့ ရသည်။
14 thoughts on “” မြန်မာ တွေ ဆန္ဒပြ ဖို့ ဖြစ်နိုင်ချေနည်း “ဟု ဗိုလ်ချုပ်မှုးကြီး သုံးသပ်
  1. မောင်သားစိုး သူများတွေယဉ်ယဉ်လေးရူးနေတာဟုတ်မဟုတ်တော့မသိဘူး မင်း ကောက်ရီုးပုံစောင့်တဲ့ခွေး ထဟောင်သံတော့
    ငါတို့ကြားလိုက်တယ်ကွာ။ ဟား ဟား ဟား…
  2. မင်ဒဲလား လုပ်သလို တစ်နိုင်ငံလုံး သုံးရက်ဆက်တိုက် အလုပ်မသွားတာ အိမ်ပြင်မထွက်တာ၊ လုံးဝအိမ်တွင်းကနေ အိမ်ပြင်မထွက်တာ မျိုး လုပ်လို့မရဘူးလား။ ဒီနည်းက အသက်ဘေးနဲ့ဝေးတယ်လေ။ တကယ့်ကို အသံတိတ် အရှက်ခွဲတဲ့နည်း၊ အဲဒါမျိုး မကောင်းဘူးလား။ အဲဒီနည်းမျိုးနဲ့ ဆန္ဒပြလို့ မရဘူးလား။ အမေစုရဲ့ အနုနည်းဆိုတာနဲ့လည်း အံဝင်တယ်လေ။
  3. မောင်သားစိုးမှတ်ချက်ပေးထားတဲ့ အကြောင်းအရာမှာ မတူတာ နှစ်ခုကို နှိုင်းယှဉ်ပြထားတာ တွေ့ရပါတယ်… ဒါကတော့ စစ်တပ်နဲ့ အရပ်သားကို နှိုင်းယှဉ်ထားတာပါပဲ… စစ်သားဆိုတဲ့ အမျိုးအစားဟာ အမိန့်တခုထဲမှာ ရှင်သန်လှုပ်ရှားနေကြရပါတယ်… စစ်တပ်ရဲ့ ဆောင်ပုဒ်အရ ” ရေဗူးပေါက်တာမလိုချင်ဘူး … ရေပါတာပဲလိုချင်တယ်” ဆိုတဲ့စကားပါပဲ… စစ်တပ်နဲ့ ပါတ်သက်တဲ့သူတိုင်း ဒီစကားကို ကြားဖူးကြမှာပါ… စစ်တပ်မှာ အထက်လူကြီးအမိန့်တို့ဘာတို့ကို လွန်ဆန်လို့မရဘူး… ကိုယ်ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စော လုပ်ကြရမှာပါပဲ…
    သာမန်ပြည်သူတွေကိုတော့ အဲဒီစကားနဲ့ နှိုင်းယှဉ်လို့မရပါဘူး… သာမန်ပြည်သူတွေဟာ နိုင်ငံတော်ကချမှတ်ထားတဲ့ ဥပဒေကို လိုက်နာဖို့ပဲလိုတာပါ… သူတို့တွေမှာ အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးတို့ အခြေအနေတို့အပေါ်မူတည်ပြီး လှုပ်ရှားလို့ရပါတယ်… ပြည်သူတွေဘ၀မှာ အာဏာကြောင့်အတင်းအကျပ် တွန်းထိုးခြင်းခံနေရတာ ဒီစစ်အစိုးရလက်ထက်တွေကြမှာပါ… မကြိုက်တာကို မကြိုက်ဘူးလို့ ပြောခွင့်ရှိပါတယ်… (စစ်အစိုးရကသာ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ပေးရင်ပေါ့)… လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်… (စစ်အစိုးရကသာ ဖမ်းဆီးပြီးထောင်မချခဲ့ရင်ပေါ့)… အဲဒီလို အခွင့်အရေးမျိုးရှိတဲ့သူတယောက်ရဲ့ ပေါင်းသင်းလာခဲ့တဲ့ အိမ်ထောင်ရှင်ယောင်္ကျားသေတာကိုတောင် မသွားခဲ့ဘူးဆိုတဲ့ အခြေအနေကို သုံးသပ်သင့်ပါတယ်… အမေစု နိုင်ငံခြားထွက်သွားခဲ့ရင် နောက်တခါ ပြန်ဝင်ခွင့်မပေးဘူးဆိုတာ မြန်မာ့နိုင်ငံရေးကို တီးမိခေါက်မိရှိသူတိုင်း သူကြပါတယ်… သူပြန်ဝင်လို့မရခဲ့ဘူးဆိုရင် မြန်မာနိုင်ငံမှာ စစ်အစိုးရစိတ်တိုင်းကျ လုပ်ချင်တာ လုပ်ဖို့အခွင့်အလန်းအများကြီး ရှိသွားမှာဖြစ်တယ်… အခုအခြေအနေက အမေစုရှိနေတော့ စစ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ရှိတာ အားလုံးလုပ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ အမေစုရဲ့ အရှိန်အ၀ါကို ရှိနေကြတယ်ဆိုတာ အပေါ်က သတင်းကိုကြည့်ရင် သိသာပါတယ်… အဲဒီလိုပါပဲ အမိန့်အာဏာအောက်မှာ ရှင်သန်ရတဲ့ စစ်တပ်ကသူတွေနဲ့ ပြည်သူတယောက်ကို နှိုင်းယှဉ်ဖို့ဆိုတာ အလွန်ကွာဟနေမှန်း သိကြမှာပါ… နှိုင်းယှဉ်ဖို့အတွက် မဖြစ်နိုင်ပါဘူး…
    နောက်တချက်က ပြည်သူပြည်သားတွေအေးချမ်းမှုရှိတယ်ဆိုတာကိုပါပဲ… မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေ ဘယ်လောက်အထိ ဆင်းရဲနေတယ် ဒုက္ခရောက်နေတယ်ဆိုတာ တကယ်ပဲ မသိရိုးအမှန်ပါလား… တကယ်မသိရိုးအမှန်ဆိုရင် တော်တော်ဝမ်းနည်းစရာကောင်းပါတယ်… တကယ့်ပြည်သူတွေရဲ့ မသိနိုင်ရလောက်အောင် ဘယ်လိုအခြေအနေမျိုး အဆင့်အတန်းမျိုးမှာ နေတယ်ဆိုတာတော့ မသိပါဘူး… တကယ့်ပြည်သူဘ၀ကြီးထဲ ၀င်ကြည့်ပါ… ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်နေရတာတွေ ကြားနေရတာတွေ ဘယ်လောက်ရင်လေးစရာ ၀မ်းနည်းစရာကောင်းတယ်ဆိုတာ တကယ်နေဖူး ထိတွေ့ဖူးမှ သိတာပါ… ပြည်သူတွေရဲ့ရင်မှာ အနာဒဏ်ရာတွေ အပြည့်ပါပဲ… အားမတန်လို့ မာန်လျှော့ထားကြတာပါ… ပြည်သူတွေရဲ့ခံစားချက်တွေ ဘယ်လောက်ဖြစ်နေပြီလဲဆိုတာကတော့ အချိန်တန်ရင် သိလာကြမှာပါ… ပြည်သူတွေအားလုံး အသိဥာဏ်မဲ့နေတဲ့သူတွေ မဟုတ်ပါဘူး… သူများမြှောက်ပေးတိုင်းလဲ မလုပ်ပါဘူး… ကျွန်တော်တို့ကိုယ်တိုင်ပါပဲ… ကိုယ်ပိုင်ဦးဏှောက်နဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်ဥာဏ်ရှိပါတယ်… အဲဒီလိုရှိလို့လဲ အခုလိုမျိုး ထင်မြင်ယူဆချက်တွေကို ရေးနေတာပါ…
    နောက်တချက်က နိုင်ငံရေးလုပ်တိုင်း အာဏာကြောင့် မဟုတ်ပါဘူး… မခံနိုင်လို့ ၀င်လုပ် ၀င်ရေးနေကြတာပါ… ဥပမာ အီဂျစ်မှာဆိုရင် ဒီလောက်ဆန္ဒပြကြတဲ့ သူပေါင်းသိန်းချီတဲ့လူထုကြီးက အာဏာလိုချင်တယ်ဆိုတာ မှန်ပါ့မလား… အာဏာရူးတဲ့ သူတွေရှိသလို အာဏာကို မမျှော်ကိုးပဲ တကယ့်စိတ်ဆန္ဒကြောင့် လုပ်နေရတဲ့သူတွေလဲ အများကြီးပါပဲ… ကျွန်တော်တို့နိုင်ငံရေးလုပ်ချင်လုပ်မယ်… ဦးဆောင်သင့်ရင် ဦးဆောင်မယ်… ဒါပေမယ့် အာဏာအတွက် မမျှော်ကိုးပါဘူး… တကယ့်အေးချမ်းတဲ့ ဘ၀နဲ့ လောကကြီးကို ဖြတ်သန်းချင်ပါတယ်… အာဏာဆိုတာ မသုံးတတ်တဲ့သူတွေ မိုက်လုံးကြီးတဲ့သူတွေအတွက် ရူးလောက်ပေမယ့် တချို့သူတွေအတွက်တော့ အာဏာဆိုတာ ပူလောက်တဲ့ အရာတခုပါလို့ ပြောလိုက်ချင်ပါတယ်….
  4. ဘာပဲပြောပြော သေတဲ့ကြက်ကတော့ ဒယ်အိုးထဲရောက်သွားမှာပဲ…..
  5. ချိန်တန်ပြီ :
    (ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ 
    သံဃာတွေ ဖြတ်လျှောက် တော့ သူတို့ လန့် လန့် နေတယ်။ ဒေါ်စုက ထွက်ပြီး
    ပြည်သူ ကို ဦးဆောင် ရင် သူ တို့ သွား ပြီ လို့ ထင်တားတာ ၊ နောက် လက်အုပ်
    ကလေး ချီပြီး ပြန်ဝင်သွားတော့ မှ သူတို့ ဖြိုခွင်ဖို့ ကို ချက်ခြင်း စီစဉ် ပြီး ဘုန်း
    ကြီးကျောင်းတွေ ကို ၀င်စီး ၊ ဆန္ဒပြ သူတွေ ကို လုပ်တာ လို့ ” ပြောခဲ့စသည် ဟု
    အဆိုပါ ဗိုလ်ချုပ်က ပြောသည်။)
    ဒီကိစ္စအရမ်းမှန်ပါတယ် … အဲဒီအချိန်ကသာ ဒေါ်စု တခုခုဦးစီးဦးဆောင်လုပ်ခဲ့မယ်ဆိုရင် ပွဲကြီးပွဲကောင်း တခုတော့ဖြစ်မှာသေချာပါတယ်… အဲဒီအချိန်မှာ ပြည်သူလူထုက သွေးဆူနေတဲ့အချိန်ပါ… ဒါပေမယ့် အဲဒီလို အချိန်ကောင်းမှာပဲ NLD က ၀င်မလာတာဟာ ပြည်သူတွေအတွက် တော်တော်လေးစိတ်ဓါတ်ကျစရာဖြစ်သွားပါတယ်…
    ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက် ထောက်ခံမဲတွေ ပေးခဲ့တဲ့ အားကိုးရတဲ့ ပါတီကြီးကမှ မျက်နှာလွှဲသလိုလို၊ မသိသလိုလို လုပ်နေခဲ့တာကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ…
    လူထု အုံ့ကြွမှုဆိုတာကလည်း အစီအစဉ်ကျကျလုပ်လို့ဖြစ်ချင်မှ ဖြစ်လာတာမျိုးပါ… အခုဖြစ်ပွားနေတဲ့ နိုင်ငံတကာက ဆန္ဒပြပွဲကြီးတွေ အစပြုတာက သစ်သီးသည်လေး တယောက်ရဲ့ စွန့်လွှတ်မှုကနေဖြစ်လာကြတာပါ… ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်တာလေးကနေ အစပြုပြီး နိုင်ငံတကာမှာ ဆန္ဒပြပွဲတွေဖြစ်လာရခြင်းအကြောင်းတရားပါ… အီဂျစ်မှာ တခုထူးခြားသွားတာက နိုင်ငံတကာက အလေးထား အသိအမှတ်ပြုလောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး ရဲရဲဝံ့ဝံ့စွမ်းဆောင်ခဲ့လို့ပါပဲ … နောက်ပြီး စစ်တပ်ကလည်း ပြည်သူဘက်က ရပ်တည်ခဲ့လို့ပါ… ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက စစ်တပ်နဲ့ ပြည်သူနဲ့လိုဖြစ်နေပါတယ်… အဲဒီအတွက်က ပြဿနာပါ… စစ်တပ်ခေါင်းဆောင်ပိုင်းတွေကတော့ ဘယ်တော့မှ ပြည်သူတွေဘက်က ရပ်တည်မှာ မဟုတ်နိုင်ပါဘူး … သူတို့ရဲ့ အတိတ်တွေမှာ အမှားအယွင်းတွေ ဒါမှမဟုတ် အာဏာငမ်းငမ်းတက် လိုချင်မှုတွေရှိနေလို့ပါ… တခုဖြစ်နိုင်တာက သူတို့အချင်းချင်း အာဏာလုပွဲ ဖြစ်ချင်ဖြစ်နိုင်တာပါပဲ… ပြည်သူတွေအတွက်တော့ သိပ်မျှော်မှန်းစရာ မရှိပါဘူး… ပြည်သူ့သမ္မတ လိုမျိုးခေါင်းဆောင်ကို စစ်တပ်က ဘယ်သောအခါမှ လိုချင်မှာ မဟုတ်ပါဘူး … ပြည်သူ့ကိုယ်စားပြု သမ္မတပေါ်လာရင်လည်း စစ်ဖက်ကပုဂ္ဂိုလ်တွေဟာ စားပေါက်တွေ လုပ်ပိုင်ခွင့်တွေပိတ်သွားမှာကို သိထားကြပါတယ်… အဲဒါကြောင့် ပြည်သူတွေအတွက် အခွင့်အရေးပေးကြမှာမဟုတ်ပါဘူး…
    အမေစုဟာ မိန်းမသား တစ်ဦးပါ … အမေစုဟာ သူ့ရဲ့ဘ၀မှာ မြန်မာပြည်သူတွေအတွက် စွန့်လွှတ်အနစ်နာခံခဲ့ပြီးပါပြီ… ယောင်္ကျားသေလို့တောင် မသွားနိုင် … သားတွေနဲ့ ဝေး ဆိုတဲ့ ဒုက္ခတွေကို ရင်စည်းခံပြီးတော့ မြန်မာပြည်သူတွေအတွက် သူ့ရဲ့ဘ၀ကို တတ်နိုင်တဲ့ဘက်ကနေစတေးခဲ့ပါပြီ … အဲဒီအတွက် ကျွန်တော်တို့တွေ အမေစုဆီကနေ နောက်ထပ် ဆင်းရဲဒုက္ခတွေဖြစ်အောင် ထပ်ပြီး မျှော်ကိုးနေကြအုန်းမှာလား… မြန်မာနိုင်ငံက ခုနှစ်တောင်ဝတ် မင်းယောင်္ကျားတွေကကော ရဲရဲဝံ့ဝံ့ ဦးမဆောင်ရဲကြတော့ဘူးလား… ကျွန်တော်တို့တွေ အပြောင်းအလဲလိုချင်ရင် တောင်းယူလို့မရဘူးဆိုတာလည်း သိပြီးသားပါ… ကျွန်တော်တို့ မျိုးဆက်တွေ ရင်းပြီးတော့ နောက်လာမယ့် မျိုးဆက်တွေ ကျွန်တော်တို့လို ဆင်းရဲဒုက္ခတွေ အဖိနှိပ်ခံဘ၀တွေ မဖြစ်အောင် မလုပ်ဆောင်ကြတော့ဘူးလားလို့ မေးလိုက်ချင်ပါတယ်…
    ဘယ်ဝင်ပါမလည်း NLDမှာ က လူငယ်တွေရှိလို့လား..လူကြီးတွေကြီးပဲ.
    မောင်ဒေါ်လာစားပြောသလို့ အဖိုးကြီးနဲ့ ငါးနှစ်အောက်ကလေးတွေကြီးပဲ..
    အမေဆုကြီး(ဆုကြီးကိုလေးစားလို့နော်)လား.. ယောက်ျား သေတာ မပြန်တာကိုထည့်ပြောနေသေးတယ်..
    စစ်တပ်မှာ ရှေ့တန်းရောက်နေလို့ မိန်းမသေတာ သားသေတာ သမီးသေတာ အမေသေတာ
    မသွားနိုင် မပြန်နိုင်တဲ့သူတွေတပုံကြီးပဲ..
    ဘာလုပ်ဦးမှာလည်း ပြည်သူနဲ့ တိုက်ပေးနေပြန်ပြီ
    ခင်ဗျားတို့ အာဏာရဖို့ အတွက် ဘာမှဟုတ်တဲ့ ပြည်သူပြည်သားတွေ အေးချမ်းမူကို မဖျက်စီးပါနဲ့..
    ဟုတ်လား..
    ဆောက်ရူးတွေ..
    စစ်တပ်က လူတွေကြီးအားဏာရူးတယ်ပြောမနေနဲ့..သူတို့က အာဏာရှိနေလို့ အာဏာ ရူးတယ်ဆိုရင်တောင်မှ
    သူတို့ က တော်သေးတယ်..
    ခင်ဗျားတို့ ကိုယ်တိုင် သိချင်သိမယ်..သိချင်မှ လည်းသိမယ်..ရင်ရင်လေးနဲ့ အာဏာရူးနေကြတာ…
    1. နံ့သာဆီ နဲ့ အီး မနှိုင်းအပ်တာ နှိုင်းနေတယ်။
      ကိုယ်နိုင်ငံ ကိုယ်ပြည်သူတွေအတွက် ကိုယ်ပိုင်စိတ် စေတနာနဲ့ အနစ်နာခံ နေတဲ့ ဒေါ်စု နဲ့
      ဘယ်နိုင်ငံနဲ့မှ စစ်ဖြစ်မနေတဲ့ မြန်မာပြည်မှာ သေနတ်ကိုင်ပြီး ပြည်သူလူထုကို စော်ကားမော်ကားလုပ်ရ အာဏာပြရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြည်သူလူထုကို ဖိနှိပ်ဖို့ သတ်ဖို့ ဖွဲ့ထားတဲ့ မာဖီးယား K-9(ခွေး)တပ်ကို ဝင်မိပြီး ပြန်ထွက်ရင် တပ်ပြေးဆိုပြီ ဖမ်း ထောင်ချ နှုတ်ပိတ် အသတ်ခံရမဲ့ကောင်တွေ ကို လာနှိုင်းနေတယ်။
      စစ်တပ်မှာ အထက်လူကြီးအမိန့်တို့ ဘာတို့ကို လွန်ဆန်လို့မရဘူး ကိုယ်ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ လုပ်ကြရတယ် ဆိုတော့ ကိုယ့်ကိုယ်နဲ့ သူများဦးနှောက် သခင်အမိန့်ပေးတာပဲလုပ်ရတာ၊ ခွေး တွေ နွားတွေ နဲအတူတူပဲလေ၊ ကျွေးတာ( မြက်ခြောက် ကောက်ရိုး နဲ့ စာကြွင်းစာကျန် အရိုးရင်း) စား သ္ခင်အမိန့်ကိုနာခံ ခိုင်းတာလုပ်ကြပေါ့ ။ မင်းတို့တွေ ကိုယ့်ခြေအနေကိုယ်သိ အမြင်မှန်ရလို့ ပြတ်ပြတ်သားသား ဖောက်ထွက် ရုန်းထွက်နိုင်မှ လူ ပြန်ဖြစ်မှာ။
  6. ဒေါ်စုက ထွက်ပြီး ပြည်သူကို ဦးဆောင်ရင် သူတို့ သွားပြီ။
  7. this news is really?…FNG…that is true news?စစ်ခွေးတွေ..တော်သတင်းလမယ်…သန္ဖေ…တည်ခဲ့တဲ့…အမျိုးယုတ်…သန်းးရွှေ….ခင်ဗျားလူ့လောကမယ်..ဆက်နေနိုင်မှ..နောက်လွှတ်တော်ကျင်းပနိုင်ခဲ့ရင်တောင်..မင်းက..ငရဲပြည်မယ်..ပြည်သူတွေ..ရဟန်းသူမြတ်တွေ..ကျောင်းသားတွေကို…သတ်ဖြတ်တဲ့ကံ…မိမိပြုတာ…မိမိခံစားရမှာပါ…ok..see u
  8. (ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ 
    သံဃာတွေ ဖြတ်လျှောက် တော့ သူတို့ လန့် လန့် နေတယ်။ ဒေါ်စုက ထွက်ပြီး
    ပြည်သူ ကို ဦးဆောင် ရင် သူ တို့ သွား ပြီ လို့ ထင်တားတာ ၊ နောက် လက်အုပ်
    ကလေး ချီပြီး ပြန်ဝင်သွားတော့ မှ သူတို့ ဖြိုခွင်ဖို့ ကို ချက်ခြင်း စီစဉ် ပြီး ဘုန်း
    ကြီးကျောင်းတွေ ကို ၀င်စီး ၊ ဆန္ဒပြ သူတွေ ကို လုပ်တာ လို့ ” ပြောခဲ့စသည် ဟု
    အဆိုပါ ဗိုလ်ချုပ်က ပြောသည်။)
    ဒီကိစ္စအရမ်းမှန်ပါတယ် … အဲဒီအချိန်ကသာ ဒေါ်စု တခုခုဦးစီးဦးဆောင်လုပ်ခဲ့မယ်ဆိုရင် ပွဲကြီးပွဲကောင်း တခုတော့ဖြစ်မှာသေချာပါတယ်… အဲဒီအချိန်မှာ ပြည်သူလူထုက သွေးဆူနေတဲ့အချိန်ပါ… ဒါပေမယ့် အဲဒီလို အချိန်ကောင်းမှာပဲ NLD က ၀င်မလာတာဟာ ပြည်သူတွေအတွက် တော်တော်လေးစိတ်ဓါတ်ကျစရာဖြစ်သွားပါတယ်…
    ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက် ထောက်ခံမဲတွေ ပေးခဲ့တဲ့ အားကိုးရတဲ့ ပါတီကြီးကမှ မျက်နှာလွှဲသလိုလို၊ မသိသလိုလို လုပ်နေခဲ့တာကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ…
    လူထု အုံ့ကြွမှုဆိုတာကလည်း အစီအစဉ်ကျကျလုပ်လို့ဖြစ်ချင်မှ ဖြစ်လာတာမျိုးပါ… အခုဖြစ်ပွားနေတဲ့ နိုင်ငံတကာက ဆန္ဒပြပွဲကြီးတွေ အစပြုတာက သစ်သီးသည်လေး တယောက်ရဲ့ စွန့်လွှတ်မှုကနေဖြစ်လာကြတာပါ… ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်တာလေးကနေ အစပြုပြီး နိုင်ငံတကာမှာ ဆန္ဒပြပွဲတွေဖြစ်လာရခြင်းအကြောင်းတရားပါ… အီဂျစ်မှာ တခုထူးခြားသွားတာက နိုင်ငံတကာက အလေးထား အသိအမှတ်ပြုလောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး ရဲရဲဝံ့ဝံ့စွမ်းဆောင်ခဲ့လို့ပါပဲ … နောက်ပြီး စစ်တပ်ကလည်း ပြည်သူဘက်က ရပ်တည်ခဲ့လို့ပါ… ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက စစ်တပ်နဲ့ ပြည်သူနဲ့လိုဖြစ်နေပါတယ်… အဲဒီအတွက်က ပြဿနာပါ… စစ်တပ်ခေါင်းဆောင်ပိုင်းတွေကတော့ ဘယ်တော့မှ ပြည်သူတွေဘက်က ရပ်တည်မှာ မဟုတ်နိုင်ပါဘူး … သူတို့ရဲ့ အတိတ်တွေမှာ အမှားအယွင်းတွေ ဒါမှမဟုတ် အာဏာငမ်းငမ်းတက် လိုချင်မှုတွေရှိနေလို့ပါ… တခုဖြစ်နိုင်တာက သူတို့အချင်းချင်း အာဏာလုပွဲ ဖြစ်ချင်ဖြစ်နိုင်တာပါပဲ… ပြည်သူတွေအတွက်တော့ သိပ်မျှော်မှန်းစရာ မရှိပါဘူး… ပြည်သူ့သမ္မတ လိုမျိုးခေါင်းဆောင်ကို စစ်တပ်က ဘယ်သောအခါမှ လိုချင်မှာ မဟုတ်ပါဘူး … ပြည်သူ့ကိုယ်စားပြု သမ္မတပေါ်လာရင်လည်း စစ်ဖက်ကပုဂ္ဂိုလ်တွေဟာ စားပေါက်တွေ လုပ်ပိုင်ခွင့်တွေပိတ်သွားမှာကို သိထားကြပါတယ်… အဲဒါကြောင့် ပြည်သူတွေအတွက် အခွင့်အရေးပေးကြမှာမဟုတ်ပါဘူး…
    အမေစုဟာ မိန်းမသား တစ်ဦးပါ … အမေစုဟာ သူ့ရဲ့ဘ၀မှာ မြန်မာပြည်သူတွေအတွက် စွန့်လွှတ်အနစ်နာခံခဲ့ပြီးပါပြီ… ယောင်္ကျားသေလို့တောင် မသွားနိုင် … သားတွေနဲ့ ဝေး ဆိုတဲ့ ဒုက္ခတွေကို ရင်စည်းခံပြီးတော့ မြန်မာပြည်သူတွေအတွက် သူ့ရဲ့ဘ၀ကို တတ်နိုင်တဲ့ဘက်ကနေစတေးခဲ့ပါပြီ … အဲဒီအတွက် ကျွန်တော်တို့တွေ အမေစုဆီကနေ နောက်ထပ် ဆင်းရဲဒုက္ခတွေဖြစ်အောင် ထပ်ပြီး မျှော်ကိုးနေကြအုန်းမှာလား… မြန်မာနိုင်ငံက ခုနှစ်တောင်ဝတ် မင်းယောင်္ကျားတွေကကော ရဲရဲဝံ့ဝံ့ ဦးမဆောင်ရဲကြတော့ဘူးလား… ကျွန်တော်တို့တွေ အပြောင်းအလဲလိုချင်ရင် တောင်းယူလို့မရဘူးဆိုတာလည်း သိပြီးသားပါ… ကျွန်တော်တို့ မျိုးဆက်တွေ ရင်းပြီးတော့ နောက်လာမယ့် မျိုးဆက်တွေ ကျွန်တော်တို့လို ဆင်းရဲဒုက္ခတွေ အဖိနှိပ်ခံဘ၀တွေ မဖြစ်အောင် မလုပ်ဆောင်ကြတော့ဘူးလားလို့ မေးလိုက်ချင်ပါတယ်…
  9. ပြောပြီးသား… သူတို့က အကွက်မြင်တယ်…. ချီးကျူးတာ မဟုတ်ဘူး….. အတိုက်ခံတွေဘက်ကို အားကိုမရတာ…. ဒေါ်စုလဲ အာပလာပဲ
    1. ဓတ်သိ မင်းလည်းနအဖလေသံပဲ မင်းကိုယ်တိုင်က နိုင်ငံတော်နဲ့ပြည်သူအတွက်ဘာများလုပ်ပေးခဲ့တာရှိလည်းဆိုတာ မင်းကိုယ်မင်းစဉ်းစား ဒေါ်စုနဲ့ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင် ကြခံနေရတဲ့ သူတွေလိုမင်း စွန့်လွှတ်အနစ်နာခံဖူးလား
      မင်းလိုအချောင်သမား ဘာမှမသိနားမလည်မတတ်တဲ့ကောင်က ဒေါ်စုလဲအာပလာပဲလို့ပြောတာဆန်းတော့မဆန်းပေမယ့် မင်းပြောတဲ့စကားကို မင်းကိုယ်တိုင်အာမခံရဲဖို့တောင်မင်းမှာသတ္တိရှိရဲ့လား ပူရင်ပူလိုက် အေးရင်အေးလိုက် ဟိုလိုလိုဒီလိုလို
      ပေါင်ကြားက ဆိတ်ဂွေးမလုပ်နဲ့ အထူအပါးနားမလည်ပဲပြောမနေနဲ့ ဒေါ်စုလိုမိန်းမတစ်ယောက်ရဲ့ ခြေမှုံလောက်တောင် အဆင့်မရှိတဲ့မင်းကပဲ ကြီးကြီးကျယ်ကျယ်ပြောရသေးတယ်အတိုက်ခံတွေဘက်ကိုအားမရရင် မင်းအားရတဲ့နအဖ(နင့်အဖေ) နဲ့နေ ကြားလား ဓတ်သိဆိုတဲ့ဆိတ်ဂွေး
  10. ဟာဗျာ
    မြန်မြန်လေးလုပ်တော့လေ
    ကြာလေလေ နစ်နာလေလေပဲဗျ
    လုပ်ကျပါဟ မြန်မြန်
  11. If we could know both sides,shall pass 50%of struggle and now, as inner-struggling of our democratic forces,inner-struggling of Myanmar Junta Regime.
  12. လုပ်ပြန်ပြီဗျာ။တပ်ချုပ်ကြီး ကဘယ်သုကို မှ ဂရုစိုက်တာ မဟုတ်ဘူးလေ။လူထု အုံကြွမူ့ မဖြစ်သေးရင်တော့ ထပ်ခံနေရဦးမယ်လေ
Comments are closed.