ဖေ့ဘွတ်မှာ ပြောကြတာတွေ

“ငါ… ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ လုပ်ဖို့ တို့ …ရာအိမ်ခေါင်း လုပ်ဖို့ တို့ …….ဆယ်အိမ် ခေါင်း လုပ်ဖို့ 
တို့ မွေးလာတာ
မဟုတ်ဘူး ”

ဒီပြောစကားလေး ကို တော့ နေပြည်တော် က ၀န်ကြီးဌာန တစ်ခု ကအကြီးတန်း
အရာရှိ တစ်ဦးရဲ့ 
ဖေ့ဘွတ် စာမျက် နှာ မှာ တင်ထားတာပါ။ ဒီပြောစကား ရဲ့  အောက်မှာ
လည်း မှတ်ချက်
တွေ သဘောထား တွေ ပေးထားတာ အတော် ပွဲ စည် နေပါတယ်။

ဘယ်သူ ပြောလဲ ဆိုတာ တော့ ချစ်စွာ သော စာဖတ် ပရိသတ် တို့ ရိပ်စားမိမှာပါ။

နောက် တစ် ခု ကတော့ မြန်မာ တိုင်း ရဲ့ အရှင် သခင် ဟောင်း ဒန်ကလီ ရဲ့  ဖောရင်း
က သူငယ် ချင်း တစ်ယောက် ရဲ့ ဖေ့ဘွတ်စာမျက် နှာ မှ ဖြစ်ပါတယ်ပြောထားတာက
“Today Paper Tomorrow Insein”  ဖြစ်ပါတယ်။

မြန်မာ တိုင်း သတင်းဂျာနယ် ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့  “မနက် ဖြန် အတွက် ဒီ နေ့ သတင်းစာ”
ကို သရော်ထားတာ ပါ ။ “မနက်ဖြန် အင်းစိန် ထောင် အတွက် ဒီနေ့ သတင်းစာ ” ပေါ့
မြန်မာ ပြည်က သတင်းသမား တို့ ဘ၀ ကို ထင်ဟပ်ပါတယ်။

မင်းသမီး ဂျူလီယာ ရောဘတ် သရုပ် ဆောင်ထားတဲ့ Noting Hill(1999) ဇာတ်ကားမှာတော့
မင်းသား ဟူရ်းဂရန့် က Toady News Paper Tomorrow Wastepaper လို့ ပြောခဲ့လို့ 
သိုးဆောင်း သတင်း စာတွေ တော်တော်ပေါက်ကွဲ ခဲ့ပါတယ်။

ဤ ကဏ္ဍ အား Freedom News Group ၏ Face Book Unit က စီစဉ်တာ ဖြစ်ပါတယ်။

ဖေ့ဘွတ် မှ အစိုးရ တွေ ကို တော်လှန်ချင်ရင်ပဲ ဖြစ်ဖြစ် ဘာညာသာရကာ နေကြာကွာစေ့
လျှောက်ရေးချင်ရင် ပဲ ဖြစ်ဖြစ် ဒါလေးအရင်ဖတ်