အာရပ် နိုင်ငံများ နှင့် ၀စ္စကွန် ဆင် လူထု အုံကြွမှု သတင်းများ နှင့် ဗီဒီယို

Protests and Counter -Protests
Middle Unrest-Libya, Bahrain,Egypt, Yemen, Iraq, Wisconsin

Freedom News Group ၏ ကိုင်ရို သတင်း ထောက် နှင့် မီဝေါလ်ကီ သတင်း ထောက်မှ
ပေး ပို့ ချက်များ ၊ The  Huffinton Post ၊ FNG (Florida ) News Room နှင့်
အယ်(လ)ဂျာဇီးယားဂြိုလ်တု ရုပ်သံ သတင်းနှင့် Democracy Now
မှ လွှင့် ထုတ်
ချက် များ ကို အခြေခံပြီး သတင်းရေးသားပေးပို့ သည်။

photo: http://www.islamicfacebook.com

လစ်ဗျား
အခု သတင်းရေး နေ တဲ့ အချိန်မှာပဲ လစ်ဗျား နိုင်ငံက ထရီပိုလီ၊ဘန်ဂါဇီ မြို့ ကြီးတွေ မှာ သာမက
တစ်နိုင်ငံ လုံးမှာ လူထုက ကဒါဖီ နှုတ်ထွက် ပေးဖို့ တောင်းဆို နေကြပါပြီ ၊မြို့ တော် ထရီပိုလီ မှာ
တော့ ၁၉၆၉ ခုနှစ်  စက်တင်ဘာလ ၁ ရက်နေ့  ကတည်းက နိုင်ငံ အာဏာ ကို သိမ်းပိုက်ထားတဲ့
အသက် ၆၈ နှစ် အရွယ်ရှိ ဗိုလ်မှုးကြီး မွမ်မါ ကဒါဖီ နဲ့  အစိုးရ အဖွဲ့ နှုတ် ထွက်ပေး ဖို့ တောင်းဆို
သံတွေ က အုန်းအုန်းကြွက်ကြွက် ဖြစ်နေပါပြီ။

အင်တာနက် လူမှု မီဒီယာ တစ်ခု ဖြစ်တဲ့ ဖေ့ဘွတ် မှာ လည်း လစ်ဗျား နိုင်ငံက လူငယ်တွေ
က ဆန္ဒပြပွဲ က ဓာတ်ပုံတွေ ၊ဗီဒီယို တွေ ၊ အသံဖိုင်တွေ ကို တင်ဆက်ထားကြပါတယ်။

ထရီပို လီ မြို့ လည်မှာတော့ လစ်ဗျား ခေါင်းဆောင် ကဒါဖီက သူ့ ကို ထောက် ခံ သူတွေ နဲ့ 
အတူ ဆန္ဒပြ ခဲ့ပါတယ်။ မော်တော်ကား အမိုးပေါ် က နေ ထွက်ပြီး တော့ သူ့ ကို ထောက်ခံ
သူတွေ ကို “စည်းလုံးကြ ဖို့ နဲ့ ညီညွတ် ကြဖို့ ပြောပြီး အဖ လစ်ဗျား နိုင်ငံတော်ကြီး နှစ် ပေါင်း
သိန်း တစ်ထောင် အဓွန့် ရှည် ရမယ် လို့ ”လက်သီး လက်မောင်း တန်း က ကြွေး ကျော် ခဲ့
တယ်လို့  လစ်ဗျား နိုင်ငံ က ဖေ့ဘွတ် ကာ တစ်ယောက် က Freedom News Group ကို
ပြောပါတယ်။

မွမ်မာ ကဒါဖီ ရှိ နေတဲ့ လမ်း ရဲ့  ဟိုဘက် တစ်ဖက်မှာတော့ အယ်(လ) မာနာ လို့ လူသိများ
တဲ့ ထရီ ပိုလီ တက္ကသိုလ် က ကျောင်းသားတွေ က မွမ်မာ ကဒါဖီ ရဲ့ အထိမ်းအမှတ် ရုပ် တုတွေ
ကို ဆက် တိုက် ဖြိုချနေပါတယ်။

မွမ်မာ က ဒါဖီ က ဒီနေ့ မနက် အစော ပိုင်းမှာ နိုင်ငံရေး အကျဉ်း သား တစ်ရာ ကျော်ပြန်လည်
လွှတ်ပေး ခဲ့ပေးမယ့် ၊ လူထု အုံကြွမှု က ပိုအားကောင်းလာခဲ့ပါတယ်။ လစ်ဗျား မှာ ဆန္ဒပြ သူ
တွေ ကို ရဲ တပ် ဖွဲ့  က ပစ်သတ် ခဲ့တဲ့ အတွက် သေဆုံး သူ ၂၆ ယောက် ရှိသွား ပြီ ဖြစ်ပါတယ်။

ဘာရိန်း

ပင်လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်တဲ့ ဘာရိန်း နိုင်ငံ မှာ တော့ ဆန္ဒပြမှု တွေ ကို အစိုးရက ဆက်
တိုက် ဖြိုခွဲ ခဲ့တာ ကြောင့် သေဆုံး သူ လေးဆယ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အစိုးရတပ်က
တင့် ကား တွေ နဲ့  စစ်ကား တွေ ဟာ မြို့ တော် ရဲ့ အရေး ပါတဲ့ နေရာ တွေ မှာ နေရာ ယူ
ထားပါတယ်။

ဆန္ဒပြ သူတွေ က လည်း မနားမား မြို့ လည် က အရေး ပါတဲ့ နေရာ တွေ ကို ပြန်လည် သိမ်း
ပိုက် ဖို့ ကြိုးစား နေကြပါတယ်။ ဘာရိန်း ဘုရင်ကတော့ ဆန္ဒပြ သူတွေ နဲ့ တွေ့ ဆုံ ဆွေး ဖို့ 
တောင်းဆိုထားပါတယ်

ယီမင်

ယီမင် နိုင်ငံ မှာ တော့ မြို့ တော် ဆာနားနဲ့  အခြား မြို့ တွေ မှာတော့ အာဏာရှင် သမ္မတ
နှုတ် ထွက် ပေးဖို့ ပြည်သူ တွေ က ခုနှစ်ရက် မြောက် နေ့ အဖြစ် ဆက်လက် ဆန္ဒပြ နေကြ
ပါတယ်။ နှုတ်ထွက် ပေးဖို့ တောင်း ဆို တဲ့ ပြည်သူတွေ ကို အလီ အဘဒူလ်လာ ဆာလား
ရဲ့ သစ္စာ ခံ ဟွန် ဒါ ဆိုင်ကယ် စီး တပ်ဖွဲ့ တွေက ၀င်ရောက် ရိုက် နှက် ပါတယ်။

အမေရိကန်

အမေရိကန် ၀စ္စကွန် ဆင် ပြည်နယ် မှာတော့ ဥပေဒကြေမ်း ကို မကျေနပ်မှု ကြောင့်
ပြည်သူတွေ ဆန္ဒပြရာ မှာထွက်ပြေး နေတယ့် ပြည်နယ် နဲ့ အောက်လွှတ်တော် အမတ်
တွေ ကို ပြန်လာ ဖို့ ညွှန်ကြားထားပြီး မလာခဲ့ရင် ဖမ်းဝရမ်း ထုတ်ပြီး ၀ရမ်းပြေးလို့ ကြေငြာ
မယ် လို့ ကြေငြာထား
ပါတယ်။ အချို့ လွှတ်တော် အမတ် တွေ က တော့ အီလီနွိုက်(စ) နဲ့ 
မီချီဂန် ပြည်နယ်
တွေ မှာ သွားရောက် ရှောင် တိမ်းနေကြပါတယ်။

ဝစ္စကွန် ဆင် ပြည်နယ် က မေဒီဆင် ရင်ပြင်မှာ ဆန္ဒပြသူတွေ ဆက်လက်ရှိ နေဆဲပြီး
ပြည်နယ် အုပ်ချုပ်ရေး မှုး စကော့ ဝေါလ် ကာ ကို အာဏာရှင် လို့ စွပ် ဆွဲထားပါတယ်။
ဘာဖြစ် လို့ လဲ ဆို တော့ သူက ရေ အိမ် တံခါး ပေါက် မှ ထွက် မပြေးခင် မှာ ဆန္ဒပြ
သူ နှစ်သိန်းခွဲ ကျော် ကို လိုအပ် ရင် အစိုးရ တပ်ပါ ခေါ်ပြီး နှိမ် နှင်း မယ်လို့ ပြောခဲ့ပါ
တယ်။

အီရတ်

အီရတ် နိုင်ငံ မှာလည်း လက်ရှိ အစိုးရ ကို မကျေနပ် သူထောင်ပေါင်းများ စွာဟာ မြို့ တော်
ဘဂ္ဂဒက် မှာ စုဝေးပြီး ဆန္ဒပြ နေကြပါတယ်။ ဆန္ဒပြမှု များ အတွင်း အဓိရုဏ်းများ ဖြစ်ပေါ်
ခဲ့တာကြောင့် ဆန္ဒပြသူ သုံးဦး သေဆုံးပြီး  ရဲတပ် ဖွဲ့ ဝင် ငါးဦး ထိခိုက် ဒဏ်ရာရရခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဟာ ၀န်ကြီးချုပ် မာလီ ကီ နှုတ်ထွက် ပေးဖို့  တောင်ဆိုထား ကြတယ်။

အာရပ် နိုင်ငံ တွေ မှာ  မငြိမ် မသက် မှု တွေ နဲ့ အံကြွမှု တွေ ကြောင့် ရေနံ ဈေးနှုန်းများ မြင့်
တက်လျှက် ရှိ ပြီး အမေရိကန်မှာ တော့ စားသောက် ကုန် နဲ့ ဓာတ်ဆီ ဈေးတွေ မြင့်တက်လျှက်
ရှိပါတယ်။


အီဂျစ်

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့ ရဲ့ တီဟီရာ ရင်ပြင် မှာတော့ ပြည်သူတွေ မူဘာရက် ပြုတ်ကျခြင်း သီတင်းတစ်
ပတ်ပြည့်မြောက် တဲ့ နေ့ မှာ Day Of Victory ဆိုတဲ့ အောင်ပွဲခံ နေ့ ကို ကျင်းပကြပါတယ်။ ဒီနေ့ 
မနက် အစောပိုင်းမှာ တော့ အီဂျစ် စစ်ကောင် စီ က မူဘာရက် လက်ထက် က ပြည်ထဲရေး ၀န်ကြီး
အပါအ၀င် ၀န်ကြီး ငါးဦး ကို အဆ မတန် လာဘ်စားခဲ့တယ် ဆိုပြီး ဖမ်းဆီး မေးမြန်းနေပါတယ်။

နောက်ပြီး ဆန္ဒပြ ပွဲ မှာ ပြည်သူတွေ ကို ပစ်သတ် ခဲ့တဲ့ ရဲ အရာ ရှိ ငါးဦး ကို လည်း ဖမ်းဆီးထား ပါတယ်။
ဓာတ်ပုံများ မှာ CNN, Fox News နှင့် သက်ဆိုင် ရာ နိုင်ငံများ ၏ ဖေ့ဘွတ် စာမျက် နှာ များ မှ ဖြစ်သည်။


One thought on “အာရပ် နိုင်ငံများ နှင့် ၀စ္စကွန် ဆင် လူထု အုံကြွမှု သတင်းများ နှင့် ဗီဒီယို

Comments are closed.