
အောင်မြင်၊ ၊Facebook နှင့် Twitter လူမှု့ဆက်သွယ်ရေးကွန်ယက်တို့မှ စတင်
လှုံ့ဆော်ပြီး အာဏာရှင်တော်လှန်ရေး ကို စတင်ခဲ့သည့် အီဂျစ်၊တူနီးရှားတက်ကြွသူများကို
အတုယူပြီး မြန်မာ့ အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည်
လည်း အဆိုပါ အင်တာနက်လူမှုဆက်သွယ်ရေးကွန်ယက်ဖြင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်
ရှားတက်ကြွသူများနှင့် ချိတ်ဆက်အသုံးပြုလိုကြောင်းကို စနေနေ့ကCannada’s Globe
andMailမှတယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်တွင်ပြောကြားခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်လာ၁၀၀၀ကျော်အကုန်အကျခံပြီး အင်တာနက်မြန်နှုန်းအလွန်နှေးကွေးသော အင်နက်လိုင်းကို စစ်အစိုးရပစားပေးထားသော ပုဂ္ဂလိကဆက်သွယ်ရေးတခုဝယ်ယူတပ်ဆင်ပြီးဖြစ်သည်။လူမှုဆက်သွယ်ရေးကွန်ရက်အသုံး
ပြုရန်အတွက် ယ္ခုရရှိသော အင်တာနက်မြန်နှုန်းမှာအလွန်ကိုနှေးသောနှုန်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိမိဆောင်ရွက်လိုသော လူမှုဆက်သွယ်ရေးအတွက် အင်တာ
နက်မြန်နှုန်းမြင့် မီဂါဗိုက်ကြီးသောလိုင်းတခုလိုအပ်သောကြောင့် ထပ်မံပြီးလျောက်ဖို့လိုအပ်
မည်ကြောင်းနှင့် Facebook နှင့် Twitter ၂ခုစလုံးကိုအသုံးပြုသွားမည်ဟု တယ်လီဖုံးဖြင့် ဆက်သွယ်မေးမြန်းချက်တွင်ဖေါ်ပြထားသည်။
အမေရိကန်အခြေစိုက် Facebook နှင့် Twitter လူမှုဆက်သွယ်ရေး ကွန်ယက်၂ခုသည်
်တင်းကျပ်စွာ သတင်းပိတ်ဆို့ထားတတ်သော အာဏာရှင်ရှင်တို့ကိုဆန့်ကျင်ရာတွင်အဓိက
လက်နက်တခုဖြစ်ကြောင်း၊ လှုပ်ရှားတက်ကြွသူတွေအတွက် အာဏာရှင်တို့ရဲ့ ဆင်ဆာတား
စီးမှု အပြင်မှ လွတ်လပ်စွာ လှုံဆော်စည်းရုံးနိုင်သော လက်နက်ကောင်းဖြစ်ကြောင်းကို အီဂျစ်အာဏာရှင်၊တူနီးရှားအာဏာရှင်တို့ ပလ္လင်ထက်ကမောင်းချနိုင်ခဲ့သည်မှာ သမိုင်း
တခုရဲ့ပြယုဂ်တခုဖြစ်သည်။
