တော်လှန်ရေး ကူးစက်မည် ဆိုး၍ အာရပ် နိုင်ငံမှ မြန်မာများ ပြည်တော်ပြန်ခြင်း ကို စီစစ်

ကိုင်ရို၊             ၊လူထု အုံကြွမှု များ ဖြစ်ပွားနေသည့် ပင်လယ်ကွေ့ အာရပ် နိုင်ငံများမှ တွင် သွား
ရောက် အလုပ်လုပ်ကိုင် ပြီး ပြည်တော် ပြန်လာ သည့် မြန်မာ လူမျိုး များ ကို ရန်ကုန် နိုင်ငံတကာ
လေဆိပ်တွင်တင်းတင်းကျပ်ကျပ် စစ်ဆေး သည် ဟု သတင်း ရရှိသည်။
အီဂျစ် နိုင်ငံ ကိုင်ရို မြို့ တွင် ခြောက် နှစ် ကျော် သွားရောက် အလုပ်လုပ် ကိုင်ပြီး မြန်မာ နိုင်ငံရန်
ကုန်မြို့ သို့ ပြန်လည် ရောက် ရှိလာသူ တစ်ဦးက “ကျွန်တော် ကို့ သီးသန့် နေရာ တစ်ခု ကို ခေါ်
သွားပြီး လ၀က က အရာရှိ တစ်ယောက် နဲ့  နောက် အရပ်ဝတ် နဲ့ နှစ်ယောက် ကမေးတာ ဆန္ဒပြ
တာမှာ ပါခဲ့လား၊ စီအိုင်အေတွေ တွေ့ လား၊ စစ်တပ် က ဘာလို့ မပြစ်တာလို့ ထင်လဲ စတာတွေ
မေးတယ်” ဟု ပြောသည်။

ဘာရိန်း မြို့ တွင် သွားရောက် အလုပ်လုပ် ကိုင်ပြီး ယနေ့ ရန်ကုန်မြို့ သို့ ရောက်ရှိလာသူများ ကို
လည်း ထိုကဲ့ သို့ ပင် မေးမြန်းကြောင်း သိရသည်။

ဘာရိန်း နိုင်ငံ မှ ပြန်လည် ရောက် ရှိ လာသူ တစ်ဦး က “ကျွန်တော့် ကို လည်း စီအိုင်အေ တွေ
တွေ့ လားလို့ ပဲ မေးတယ်” ဟု ပြောသည်။

ဘာရိန်း နိုင်ငံ တွင် လူထု အုံကြွှမှု ကြောင့် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ရပ်တန့် နေရာ
အဆိုပါ ကျွန်း နိုင်ငံ တွင် သွားရောက် အလုပ်လုပ် ကိုင်သည့် ဘင်္ဂလားဒေရှ်၊ မြန်မာ၊ ဖိလစ်
ပိုင် စသည့် နိုင်ငံများ မှ ပြည်သူများ မှာ ပြည်တော်ပြန်ကြသည်။

အီဂျစ် နိုင်ငံ တွင် စီးပွားရေး လုပ်ငန်းများ ပြန်လည် စတင်နေသော်လည်း ထိုနိုင်ငံ တွင်
အလုပ်လုပ် ကိုင် နေသည့် မြန်မာ လူမျိုး အချို့ မှာ အားလပ်ရက် ရ၍ ပြည်တော် ပြန်ကြသည်
ဟု သိရှိရသည်။