Global Revolution and the Last days of Dictators
Updates : Freedom News Group ၏ ကိုင်ရို သတင်း ထောက် ၏ ပေး ပို့ ချက်များ ၊
The Huffinton Post ၊CNN၊ အယ်(လ)ဂျာဇီးယားဂြိုလ်တု ရုပ်သံ သတင်း၊FOX NEwsနှင့်
Democracy Nowမှလွှင့် ထုတ် ချက် များ ကို အခြေခံပြီး Freedom News Group ၏ မဲဆောက်
နှင့် လန်ဒန် မှနိုင်ငံ တကာသတင်း အစီအစဉ် မှ တာဝန် ရှိသူများက သတင်းရေးသားပေးပို့ သည်။
တရုတ်
တရုတ် နိုင်ငံ တွင် အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် ဖေ့ဘွတ်မှ တစ်ဆင့် လူထု
အုံကြွရန် အတွက် ရှန်ဟိုင်း၊ဘေဂျင်း၊ ရှန်ဇန်း စသည့် နေရာ များ တွင် လူထု အုံကြွမှု စရန် လှုံ
ဆော်ခဲ့ရန် လူငယ်များ နှင့် ပြည်သူမြောက် မြား စွာ စုရုံး ရောက်ရှိလာ ခဲ့သဖြင့် တရုတ် အစိုးရ
က တိန့် အန်မင် နှင့် အခြား မြို့ ကြီး များ တွင် လုံခြုံရေး အင်အား မြောက်မြားစွာ ချထားရသည်။
လစ်ဗျား
လစ်ဗျား ခေါင်း မွန်မာ ကာဒါဖီ ၏ သားဖြစ် သူ အီတလီ ဘောလုံးကလပ် အသင်း တစ်ခု ဖြစ်သည့်
အေစီ မီလန် တွင် ရှယ်ယာ ထည့်ဝင်ထားသည့် ဆိဖ် အယ် အစ္စလာမ် က ဆန္ဒပြမှု များတွင် ပြည်
သူများ က လက်နက် များ ဖြင့် စတင် ပစ်ခတ် သည် ဟု စွပ်ဆွဲပြီး ဘက်ပြောင်းသွားသည့် စစ်တပ်
အရာ ရှိ များ ကို အပြစ်ဖို့ ခဲ့သည်။
လစ်ဗျား နိုင်ငံ မြို့ တော် ဘန်ဂါဇီ တွင် ဆန္ဒပြသူများ က စစ်စခန်း လေးခု နှင့် တင့်ကား ဆယ်စီး
ထက် မနည်း ကို သိမ်းပိုက် နိုင်ခဲ့ပြီး ၊ ဆန္ဒပြမှု များ ဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီရဲ့ အခြေစိုက်
ရာမြို့ ဖြစ်တဲ့ ထရီပိုလီ မြို့ ကို ဒီနေ့ မနက် မှာ ကူးစက် သွား ခဲ့ပါတယ်။
ဆန္ဒပြသူတွေ က ထရီပိုလီ မြို့ က ရုပ်သံ ဌာန တစ်ခု ကို ဒီမနက် မှာ ၀င်ရောက်သိမ်းပိုက် ဖို့ စီစဉ်
ထားပါတယ်။ဒီ နေ့ မနက် မှာ တော့ ဆန္ဒပြသူတွေ က ထရီပိုလီ မှာ ရှိတဲ့ လစ်ဗျား အစိုးရ ရုံး နှစ်
ခုကို ၀င်ရောက် သိမ်း ပိုက်ပြီး မီးရှို့ ခဲ့ကြာပါတယ်။
ကဒါဖီ ရဲ့ သား ဖြစ်သူ ကတော့ လစ်ဗျား နိုင်ငံ ဟာပြည်တွင်း စစ်ပွဲ တစ်ခု ဆီ ကို ဦးတည် နေပါပြီ
တဲ့။ မနေ့ က လစ်ဗျား နိုင်ငံ နိုင်ငံ ဘန်ဂါဇီ မြို့ တွင်း ကဒါဖီ နှုတ်ထွက် ပေး ရေး တောင်းဆိုသူများ
အား ကြေးစား တပ်များ ဖြင့် လက်နက်ကြီး များ သုံးကာ နှိမ် နှင်းမှု ကြောင့် ဆန္ဒပြသူ တစ်ရာ
ကျော် သေဆုံးပြီး ဆန္ဒပြမှု များ အတွင်း ၃၀၀ နီးပါး သေဆုံးခဲ့သည်။
ဘန်ဂါဇီ မြို့ စွန် မှာ တော့ ဆန္ဒပြသူတွေ ကို ရက်ရက် စက်စက် ပစ်သတ် ဖို့ အမိန့် ပေး ခဲ့တဲ့
ရဲ အရာ ရှိ နှစ်ဦး ကို ကြိုးပေး သတ်ဖြတ် ခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်လ ကျော်လောက် ကထိ လစ်ဗျား အစိုးရ ရဲ့ ပြောရေး ဆိုခွင့် ရှိ သူ အဖြစ်တာ
ဝန်ထမ်းဆောင် ခဲ့တဲ့ မိုဟာမက် ဘေယူ ကတော့ လစ်ဗျား ခေါင်းဆောင် ကဒါဖီက ပြည်သူ
တွေ ကို အခု လို ရက်ရက် စက်စက် သတ်တာဟာ မှား တယ် လို့ ဝေဖန် ထောက်ပြပါတယ်။
လစ်ဗျား နိုင်ငံ ရဲ့ အကြီး ဆုံး မျိုး နွယ်စု ခေါင်းဆောင် နှစ်ဦး ကတော့ ဆန္ဒပြသူတွေ ကို ထောက်
ခံကြောင်း ကြေငြာခဲ့ပါတယ်။
ဘာရိန်း
ဘာရိန်း ကျွန် နိုင်ငံ တွင် မူ ဆန္ဒပြသူများ က မြို့ လည် အရေးပါသည့် နေရာများ ကို့ ဆက်လက်
၍ ပိတ်ဆို့ ဆန္ဒပြနေကြသည်။ ဆန္ဒပြ သူများ ကြောင့် သေးငယ် သည့် ကျွန်းနိုင်ငံ လေးတွင်
စီးပွား ရေး လုပ်ငန်း များရပ် တန့် ကုန်ပြီး ဘုရင် က အတိုက်အခံ တို့ နှင့် တွေ့ ဆုံ ဆွေးနွေး
မည် ဟု ဆိုသည်။

အီဂျစ်
အီဂျစ် နိုင်ငံတွင် မူ ပြီးခဲ့သည့် သီတင်းပတ် က ဆန္ဒပြသူများ ကို ပစ်သတ်ခဲ့သည့် ရဲအရာရှိအချို့ကိုစတင်ဖမ်းဆီး
နေပြီ ဖြစ်သည်။ အာဏာစွန့် ခဲ့ရသည့် မူဘာရက် ကို လည်း ရုံးတင် စစ်ဆေးရန် ပြည်သူများ ကတောင်းဆိုနေ
ပြီး ပြီးခဲ့သည့် သောကြာနေ့ ကမူ မူဘာရက် အစိုးရ လက်ထက်မှ ၀န်ကြီးလေးဦး ကို ဖမ်းဆီးစစ်မေးနေသည်။
ပြီးခဲ့သည့်အာဏာရှင်မူဘာရက်ဖြုတ်ကျရေးဆန္ဒပြသူများကို ဇန္ဒဝါရီနောက်ဆုံးအပါတ်က ကျည်ဆံအစစ်ဖြင့်
ပစ်သတ်ခဲ့သော အီဂျစ်နိုင်ငံဒုတိယမြို့တော်အလက်ဇန္ဒါးမြို့မှရဲအရာရှိ ၃ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးစစ်
ဆေးနေပြီလို့ အီဂျစ်အင်တာနက်သတင်းစာမျက်နှာတခုမှာ မနေ့ကရေးသားထုတ်ပြန်ထားသည်။အီဂျစ်တော်
လှန်ရေးစတင်ခဲ့သော ဇန္ဒဝါရီ ၂၈ရက်နေ့တွင်ဖြစ်ပွားခဲ့သော ပစ်ခတ်သတ်ဖြတ်မှုအတွက်အရေးယူဖမ်းဆီးခြင်း ဖြစ်ကြောင်းရေးသားဖေါ်ပြထားသည်။
အဆိုပါရဲအရာရှိ ၃ဦး ကိုဖမ်းဆီးပြီးအရေးနိုင်ရန် ဖမ်းဝရမ်းထုတ်ပြီးဖမ်းဆီးခဲ့သည်။ အမှုကိုဆွဲချက်တင် အရေး
ယူအပြစ်ပေးနိုင်ရန်အတွက် မျက်မြင်သက်သေများ၊ပစ်ခတ်မှုကြောင့် ဒုက္ခရောက်ခဲ့ရသူမိသားစုဝင်များက
တရားဆွဲဆိုပြီး အရေးယူနိုင်ရန် အကျိုးဆောင်ရှေ့နေ အဒီအမရာက သတင်းထုတ်ပြန်ခဲ့သည်။ ထိုရဲအရာရှိ
၃ဦး အီဂျစ်နိုင်ငံရဲ့ ဒေါသတွေနဲ့သောကြာနေ့ မှာ ဆန္ဒပြသူတွေကို ကျည်ဆံအစစ်တွေသုံးပြီး ပစ်ခတ်သတ်
ဖြတ်မှုအတွက် တရားစွဲဆိုသွားမှာဖြစ်ကြောင်းရေးသားထားသည်။
ဒုတိယမြို့တော်အက်လက်ဇန္ဒါးအပါအ၀င် အီဂျစ်တနိုင်ငံလုံးလှည်းနေလှည်းအောင်း မြင်းဇောင်းမကျန်
အီဂျစ်ပြည်သူတွေဟာ တပ်မတော်နဲ့လက်တွဲပြီး ၁၈ရက်ကြာလူထုဆန္ဒပြပွဲကြောင့် အာဏာရှင်သမ္မတမူ
ဘာရက်သည်ဖေဖေါ်ဝါရီလ ၁၁ရက်နေ့မှ အာဏာစွန့်ခဲ့ရသည်။
မော်ရိုကို
တနင်္ဂနွေကစတင်ပြီးထောင်နှင့်ချီသောမော်ရိုကိုပြည်သူများ သည်မိမိတို့နိုင်ငံတွင် အုပ်ချုပ်ရေး၊နိုင်ငံရေး
ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် နောင်တော်တူနီးရှား၊အီဂျစ်၊ဘာရိန်း၊ယီမင်၊လစ်ဗျား ပြည်သူများ
ကဲ့သို့လမ်းမများ ထွက်ပြီးဆန္ဒပြခဲ့ကြသည်။ မော်ရိုကိုနိုင်ငံရဲ့မြို့တော် ရာဘက်နှင့်
အကြီးဆုံး မြို့ ကာဆာဘလင်ကာမြို့များအပြင် အခြားအဓိကမြို့ကြီးတွေဖြစ်ကြတဲ့ မာရက်ကက်ခ်ျ၊
တန်ဂ့း၊ဖီဇ်၊ အာလာစိုစီမားမြို့တွေရဲ့လမ်းပေါ်မှာ ဆန္ဒပြသူတွေဟာမော်ရိုကိုဘုရင်မိုဟာမက်၆ ရဲ့အာဏာ ကို
ကန့်  သတ်ပြီး၊မော်ရိုကိုနိုင်ငံ ရဲ့နိုင်ငံရေးပြုပြောင်းလဲမှုများအတွက် ကြွေးကြော်တောင်းဆို ဆန္ဒပြနေကြပါသည်။
ဆန္ဒပြသူတွေဟာ လက်ရှိမော်ရိုကိုဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲလိုကြပြီး စပိန်နှင့် အင်္ဂလန်နိုင်င
ံတို့ကဲသို့စည်း မျဉ်းခံဘုရင်စနစ်ကိုကျငိ့သုံးလိုကျပြီး ဒီမိုကရေစီအခွင့်အရေးပြည့်ဝစွာ ရရှိရေး၊
အကျင့်ပျက်ချစားမှုပပျောက်ရေးနှင့် နိမ့်ကျနေသော လူမှုဝန်းကျင်ကိုမြင့်တင်ပေးရန်တို့ကို ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေကြသည်။အဆိုပါဆန္ဒပြမှုများကိုရဲများကတစုံတရာအရေးယူမှုမရှိဘဲ
စောင့်ကြည့်ရုံသာစောင့်ကြည့်နေကြသည်ဟုသတင်းများတွင် ဖေါ်ပြထားသည်။
ပုံမှန်အားဖြင့် ဆန္ဒပြခွင့်မရှိသော မော်ရိုကိုနိုင်ငံတွင် ယနေ့ဆက်လက်ပြီး ထောင်နှင်ချီသောလူထုကြီးသည် မြို့ကြီးများတွင်လူမှုအဖွဲ့အစည်းများနှင့်စုရုံးကာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။
မော်ရိုကိုနိုင်ငံတွင် နိုင်ငံရေးပါတီများဖွဲ့စည်းတည်ထောင်ထားပြီး ရွေးကောက်ပွဲဖြင့် ပါလီမန်စနစ်
ရှိနေသော်လည်း ရွေးကောက်ခံအစိုးရမှာဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိဘဲ အာဏာအလုံးစုံကို
ဘုရင်ကသာချုပ်ကိုင်ထားပြီး အဓိကဆုံးဖြတ်ချက်များချမှတ်သူမှာ ဘုရင်သာဖြစ်သည်။
ယီမင်
ယီမင် နိုင်ငံ တွင် လူထု အုံကြွမှု ၁၁ ရက်မြောက် နေ့ ဉ် သမ္မတ အလီ အဗ္ဗဒူလ်လာ ဆာလေးက
အတိုက်အခံ ခေါင်းဆောင် များ နှင့် တွေ့ ဆုံ ဆွေး နွေး မည် ဟု သတင်း ထုတ်ပြန် ခဲ့သည်။ဆန္ဒ
ပြသူများ ကိုယမန် နေ့ က ပစ်ခတ် နှိမ် နှင်း သော်လည်း ယနေ့ မြို့ တော် ဆာနား တွင် လူတစ်
သိန်း ကျော်ခန့် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ သူများ က အစိုးရ အဖွဲ့ နှုတ်ထွက်ပေးရန် တောင်းဆိုထားသည်။
ဝစ္စကွန်ဆင် ၊ အမေရိကန်
ဝစ္စကွန်ဆင် ပြည်နယ် မှ စတင် ခဲ့သည့် အလုပ်သမား များ ၏ လစာငွေ ကြေး ဖြတ်တောက်မှု ဥပဒေ
ကြမ်းအား ကန့် ကွက်မှု သည် အခြား ပြည်နယ်များ သို့ ပျံ့ နှံ့ ကုန်ကာ ယနေ့ မှ စတင်ကာ အမေရိကန်
ပြည်နယ်များ တွင် လူထု လှုပ်ရှားမှု များ စတင်တော့မည် ဖြစ်သည်။
____________________________________________________________
ဓာတ်ပုံများ မှာ CNN, Fox News နှင့် သက်ဆိုင် ရာ နိုင်ငံများ ၏ ဖေ့ဘွတ် စာမျက် နှာ များ မှ ဖြစ်သည်။
Related Articles
- “Egypt and the lessons of “Revolution 2.0″” and related posts (libertyforall.net)
- Bob Burnett: What Can Americans Learn From Egypt? (huffingtonpost.com)
- Revolution Handbook for Americans by Joel S. Hirschhorn (dandelionsalad.wordpress.com)
- “Social networks, social revolution: Youtube, Facebook and Twitter have become the new weapons of mass mobilisation.” and related posts (dialogic.blogspot.com)
