
ကိုင်ရို၊ ၊တနင်္လာနေ့ မနက် အစော ပိုင်းက စပြီး လစ်ဗျား နိုင်ငံ ထရီ ပိုလီ မြို့ တော်မှာ ဆန္ဒပြနေ
သူတွေကို လစ်ဗျား ခေါင်းဆောင်း မွမ်မာ ကဒါဖီ ရဲ့ အမိန့် နဲ့ လေကြောင်း ကနေ တိုက် ခိုက်နေ
တယ် လို့ သတင်း ရရှိပါတယ်။(Updates)
ဆန္ဒပြသူ တွေ ကို နှိမ် နှင်း ရာ မှာ အာဖရိက နိုင်ငံ တွေက ကြေးစား စစ်သား တွေ ကိုလည်း ငှားရမ်း
အသုံးပြုခဲ့တဲ့ အတွက် ထရီပိုလီ မှာ ဆန္ဒပြသူ ၆၀ ကျော်ထပ်မံ သေဆုံး ခဲ့ပါတယ်။ နိုင်ငံသားတွေ ကို
လူမျိုးတုံး သတ်ဖြတ် တာတွေ ကြောင့် လစ်ဗျား နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ် ကြီး အပါအ၀င်
နိုင်ငံတကာက လစ်ဗျား သံအမတ် ကိုးဦး က လက်ရှိ ရာထူးတွေ ကနေ နှုတ်ထွက် ခဲ့ပြီး ၊ ကုလသမဂ္ဂ
ဆိုင်ရာ လစ်ဗျား သံအမတ်ကြီး အယ် အာဆာ မီ က တော့ ကဒါဖီ နှုတ် ထွက် ဖို့ တောင်းဆို ခဲ့ပါတယ်။
ဆန္ဒပြ လစ်ဗျား ပြည်သူတွေ ဟာ မနေ့ က မြို့ တော် ထရီပိုလီ က အစိုး ရ ရုံးတွေ ကို မီး ရှို့ ခဲ့တာ ကြောင့်
မြို့ တော် ထရီ ပိုလီ မှာ အုပ် ချုပ် ရေး ယန္တရား တွေ ရပ် ဆိုင်း နေတယ် လို့  အယ်(ဂျာ) ဇီးယား သတင်း
ထုတ်လွှင့် မှု မှာ ဖော်ပြ ခဲ့ပါတယ်။
ဆန္ဒပြ သူတွေ ကို လေကြောင်း ကနေ နှိမ်နှင်း ဖို့ အမိန့် ပေး ခြင်း ကို ငြင်းဆန် ခဲ့တဲ့ လစ်ဗျား လေယာဉ်
မှုး နှစ် ဦး ကတော့ မော်လ် တာ နိုင်ငံ မှာ၎င်း တို့ လေယာဉ်တွေ နဲ့  ခိုလှုံ ခွင့် တောင်း ခဲ့ပါတယ်။ အမေရိ
ကန် နိုင်ငံ ဆိုင်ရာ လစ်ဗျား သံအမတ်ကြီး ကလည်း ကဒါဖီ အစိုးရ ကို အကြီး အကျယ်ရှုတ်ချပြီး ရာထူး
ကနေ နှုတ် ထွက် ခဲ့ပါတယ်။
လစ်ဗျား နိုင်ငံ မြို့ တော် ထရီ ပို လီ မှာ တော့ ဆန္ဒပြ သူတွေ ဟာ မြို့ လည် က မြစိမ်းရောင် ပြင်မှာ စု
ရုံးပြီး ကဒါဖီ နှုတ် ထွက် ပေးဖို့ တောင်းဆို ဆဲ ဖြစ်ပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ က လူမျိုး တုံး သတ်ဖြတ် မှု တွေ နဲ့  ပတ်သက်ပြီး နိုင်ငံ တကာ အစိုးရ
တွေ က တော့ အပြင်း အထန် ဝေဖန် ရှုံချထားပါတယ်။
ထရီပိုလီ မြို့ ရဲ့  အရှေ့ ခြမ်း ကို ဆန္ဒပြ သူတွေ က ထိန်းချုပ် ထား နိုင်ပြီး မြို့ တော်တွင်း ကို ချီတက်ရာ
မှာ ကဒါဖီ ရဲ့ အမိန့် နဲ့  လေကြောင်း ကနေ တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။လစ်ဗျား နိုင်ငံ ရဲ့ ဒုတိယ
အကြီး ဆုံးမြို့ ဘန်ဂါ ဇီ ကတော့ ဆန္ဒပြသူတွေ က ထိန်းချုပ် ထား နိုင်ပြီ ဖြစ်ပါတယ်။
နိုင်ငံ တွင်း မှ မငြိမ် မသက် မှု တွေ ကြောင့် လစ်ဗျား နိုင်ငံ ရဲ့ ရေနံ ထုတ်လုပ်ရေး လုပ်ငန်းတွေ အကုန်
ရပ် ဆိုင်းထားရပါတယ်။တခြား အတည် ပြု မရ သေးတဲ့ သတင်းတွေ အရ လည်း အီရတ် ခေါင်းဆောင်
ဆက်ဒမ် ဟူစိန် အတွက် ရှေ့ နေ လိုက်ပေးခဲ့သူ လစ်ဗျား ခေါင်း ဆောင် ရဲ့ သမီးတစ်ဦး ဖြစ်သူ အစ်ရှာ
က အီတလီ နိုင်ငံ ကို ထွက်ပြေးသွားပြီ လို့  သတင်းတွေ က ဆိုပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို ၁၉၄၂ ခုနှစ် ဇွန်လ ခုနှစ် ရက်နေ့ မှာ အီတလီ နိုင်ငံ ဆာတ် မြို့ မှာ
မွေးဖွား ခဲ့တာ ဖြစ်ပြီး ၁၉၆၉ ခုနှစ် မှာ အာဏာ သိမ်း ပိုက် ခဲ့ပါတယ်။
Arab Revolution သတင်း အဖွဲ့ ၏ Freedom News Group ထံ သို့  သတင်းပေးပို့ ချက် နှင့်
အယ်ဂျာဇီးယား ဂြိုလ်တု ရုပ်သံ မှ ထုတ်လွှင့် ချက် များ နှင့် The Huffington Post အင်တာနက်
သတင်းစာပါ အချက် များ ကို အခြေခံပြီး တင်ဆက်ခြင်း ဖြစ်သည်။
