နေရွှေသွေးအောင် ကို အာဏာလွှဲပြောင်း ရေး အကြံအား ဗိုလ်ချုပ်မှုးကြီး လက်လျှော့

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင် အား
အာဏာလွှဲပြောင်း ပေးနိုင်ရန် အား ထိပ်တန်း စစ်ခေါင်းဆောင် အချို့ က အကြီးအကျယ် ကန့် 
ကွင် နေ သဖြင့် လက်လျှော့ လိုက် သည် ဟု နေပြည်တော် မှ အကြီးတန်း စစ်အရာ ရှိ တစ်ဦး
က Freedom News Group သို့ ပြောသည်။

“သူလက် လျှော့ လိုက် ပြီ မလျှော့ ရင် လည်း အဘိုးကြီး အတွက် အန္တရာယ်ရှိ တယ်။ သူ့ ကောင်း
ကောင်း မကျန်းမာတော့ ဘူး စိတ်သွား တိုင်း ကိုယ် မပါ တော့ဘူး။ ဗိုလ်ချုပ် သူရ မြင့်အောင် ကို
ဖမ်းလိုက်ပြီး တော့ သူ့ ကို အောက်က အရာရှိ တွေ က သိပ် အမြင် မရှင်းတော့ တာရှိတယ်” ဟု
ပြောသည်။

အသက် ၇၈ နှစ် အရွယ် ရှိပြီ ဖြစ်သည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည်
အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ၎င်း ၏ မြေးဖြစ်သူ မောင်နေရွှေသွေး အောင် အား အာ
ဏာလွှဲပြောင်း ဆက် ခံ နိုင်ရန် ကြံစည် ခြင်း ဖြစ်သည်။

4 thoughts on “နေရွှေသွေးအောင် ကို အာဏာလွှဲပြောင်း ရေး အကြံအား ဗိုလ်ချုပ်မှုးကြီး လက်လျှော့

  1. လက်လျော့တာမဟုတ်ပါဘူး နောက် ခြေတလှမ်းဆုတ် လို့ ဆင်ကြံ ကြံ နေတာ ပါ .. အတိုက်အခံ လုပ်သူတွေ သတိထားတော့

  2. အလှည့်ရောက်လုနီးပါးရှိနေပြီးဆိုတော. …..မကြာမှီသတင်းတပုဒ်ကြားရပါလိမ့်မည်။
    မြန်မာနိုင်ငံစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေအားနိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားအမှုနှင့်ဖမ်ဝရမ်းထုတ်လိုက်ပြီ….

  3. အာဏာရှင်ရဲ့နောက်ဆုံးဇတ်သိမ်းကိုသိနေရက်နဲ့မြေးလေးကိုပါငယ်ငယ်ရွယ်ရွယ်နဲ့ငရဲကိုအပါခေါ်ခြင်တယ်တဲ့။ကောင်းတယ်။ဆက်လုပ်။မြန်မြန်တေကြလဲကောင်းတာဘဲနော်။ဆက်လုပ်

  4. သူက နိုင်ငံတော်ပိုင်ဆိုင်မှုကို သူပိုင်လုပ်ထားတာတွေများတော့ စိတ်ချရတဲ့ သူ့မြေးကို အာဏာပေးချင်တာလေ ။
    ကျန်တဲ့ သူတွေက အရူးမှမဟုတ်တာ။ မောင်သန်းရွှေက ကျန်တဲ့သူတွေကို မယုံနိုင်ဖြစ်နေတာလေ။ မကြာပါဘူး သူလဲပြေးတော့မှာပါ။

Comments are closed.