
မြန်မာ
မြန်မာ နိုင်ငံ တွင် ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မိုးကောင်းဘုရား ပွဲတော်
အတွင်း ရဲ တပ် ဖွဲ့ ဝင် နှစ် ဦး က အပြစ်မဲ့ အရပ် သား နှစ်ဦး အား လက် ထိပ် ခတ် ပြီး ရိုက်နှက်
သဖြင့် ပြည်သူ တို့ က ထို ရဲ နှစ်ဦး ကို ရရာ လက် နက် စွဲ ကိုင်ပီး ပြန်လည် ခုခံ ခဲ့သည့် ဖြစ်
ရပ် ပေါ်ပေါက် ခဲ့သည် ။
အဆိုပါ ဖြစ်ရပ် ကြောင့် လက်ပံ တန်း မြို့ ရှိ မိုးကောင်း ဘုရား ပွဲ ကို ဖျက် သိမ်း ပြီး အနယ်နယ်
အရပ် ရပ် ရှိ ဘုရား ပွဲ များ ကို ကျင်းပခွင့် မပြုဟု သိရသည်။ ကျင်းပနေ ဆဲ သန်လျှင် မြို့ ရှိ
ကျိုက် ခေါက် ဘုရား ပွဲ တော် တွင် လည်း လုံ ခြုံရေး များ ထူထပ် စွာ ချထား သည်။
အပြစ် မဲ့ အရပ် သား ရိုက် နှက် ခံရသည့် သတင်း အား ပြည်ပ အခြေစိုက် Mizzima သတင်းဌာန
တွင် ပါရှိ ပြီး နောက် ရန်ကုန် နှင့် မြေလတ် တက္ကသိုလ် ကျောင်း သားများ မှာ ဒေါသူပုန် ထနေ
ကြနေ သည် ဟု Just Do It အဖွဲ့ က Freedom News Group သို့ ပြောသည်။

အီရန်
အီရန် နိုင်ငံ ဘေရွတ် မြို့ တွင် အတိုက် အခံ များ နှင့် ကျောင်းသား များ က “ဘာသာရေး အာဏာရှင်
ကို ဆန့် ကျင်ကြစို့ ”အမည် ဖြင့် လူထု အုံကြွှမှု တစ်ခု စတင် ရန် လူမှု မီဒီယာ များ မှ တစ်ဆင့် လှုံဆော်
နေကြသည်။ အီရန် သမ္မတ မာမွတ် အာမာ ဒီနီဂျက် ကမူ မည် သည့် လူထု ဆန္ဒပြ မှု မျိုး ကို မဆို ချေ
မှုန်း သွားမည် ဟု ဆိုသည်။ အီရန် အာဏာ ပိုင် များ က အတိုက် အခံ ခေါင်း ဆောင် ဟူစိန် မူဆာ ဗီ
နှင့် မာဒီ ခါရွဘ်ဘီ တို့ ကို နေအိမ် တွင် အကျယ် ချုပ် ချထား သည်။
အီရန် လူငယ် များ က ဖေ့ဘွတ် အင်တာ နက် စာမျက် နှာတွင် မြစိမ်းရောင် တော်လှန်ရေး အမည်ဖြင့်
စာမျက် နှာ ဖွင့် ကာ ဆန္ဒပြမှု စတင်ရန် အတွက် လှုံဆော် လျှက် ရှိသည်။ပြီး ခဲ့သည့် သီတင်း ပတ် က
ဆန္ဒပြမှု များ အတွင်း အတိုက် အခံ တက္ကသိုလ် ကျောင်းသား နှစ်ဦး သေဆုံး ခဲ့သည်။
အီဂျစ်
ပြီး ခဲ့သည့် သီတင်း ပတ် က အာဏာလက်လွှတ် ဆုံးရှုံး ခဲ့ရသည့် အီဂျစ် သမ္မတ ဟိုစနီ မူဘာရက်
၏ ပိုင် ဆိုင်မှုများ ကို ထိန်းချုပ် လိုက်ပြီး ရှမ် အယ်(လ) ရှိတ် အပန်းဖြေ မြို့ တွင် ရောက်ရှိ နေသည့်
မူဘာရက် ကို ၎င်း ကျူးလွန် ခဲ့သည့် လူအခွင့် အရေး ချိုးဖောက် မှုများ နှင့် လာဘ်စားမှု များ အား
စစ်ဆေးမေးမြန်း ရန်စီစဉ်နေသည်။
အီဂျစ်နိုင်ငံတွင်လူမှုဆက်သွယ်ရေးအင်တာနက်ကွန်ယက်မှအောင်မြင်သောလူထုတော်လှန်
ရေးဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့သည့်Facebookအင်တာနက်စာမျက်နှာကိုအမှတ်တရဂုဏ်ပြု
သောအားဖြင့် အီဂျစ်ဖခင်တဦးသည် ယနေ့လူလောကကြီးကိုရောက်ရှိလာသော သမီးငယ်ကို
Facebook ဟု အမည်မှည့် ခေါ်လိုက်ကြောင်းကို သတင်းတခုတွင်ဖေါ်ပြထားသည်။
အသက်၂၀အရွယ်ရှိ ဖခင် ဂမယ်အီဘရာဟင်သည် လူငယ်ဇန္ဒ၀ါရီ၂၅ တော်လှန်ရေးတွင် ပါဝင်ဆင်နွဲခဲ့ပြီးFacebookအင်တာနက်စာမျက်နှာသည်မိမိတို့အာဏာရှင်ဖြုတ်ချရေး
အောင်မြင်မှုကို အထောက်အကူဖြစ်စေခဲ့သောကြောင့် သမီးလေးရဲ့အမည်ကို Facebook
ဟု မှည့်ခေါ်လိုက်ကြောင်းကို အီဂျစ်နိုင်တွင် လူကြိုက်များလှသည့် AL-Ahram သတင်းစာ
တွင်ဖေါ်ပြထားသည်။
များစွာသောအီဂျစ်လူငယ်တို့သည်Facebookနှင့်အခြားသောလှုမှုဆက်သွယ်ရေးကွန်ယက်
မီဒီယာများကိုအသုံးပြုခဲ့ကြပြီး ဇန္ဒဝါရီ ၂၅ရက်နေ့တွင်တနိုင်ငံလုံး လူထုတော်လှန်ရေးကိုစ
တင်ခဲ့ပြီး နှစ် ၃၀ကြာ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားသော အာဏာရှင်ဟူစနီမူဘာရက်
တယောက် တိုင်းပြည်မှ အာဏာလက်မဲ့ထွက်ပြေးသွားရအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
ဂူဂယ်အလုပ်အမှုဆောင်တဦးဖြစ်သူ ဝေးဂိုနင်သည်လူထုတော်လှန်ရေးရဲ့ဗဟိုချက်တခုအဖြစ်
Facebook စာမျက်နှာမှာအချိန်ပေးလှုံဆော်စည်းရုံးပေးခဲ့သူတဦးဖြစ်သည်။

လစ်ဗျား
လစ်ဗျား နိုင်ငံ တွင် နယ်တပ် များ နှင့် ပြည်သူများက ကဒါဖီ ကို ဖြုတ်ချရန် ထရီပိုလီ သို့ ခရီးကြမ်း
ချီတက် နေရာ အမြောက် များ နှင့် တင့်ကား များ ပါပါရှိ သည်။ ထို အတောအတွင်း ၀ီကီ လိခ် က
လစ်ဗျား အာဏာရှင် ကဒါဖီ နှင့် မိသားစု ၏ ချမ်းသာ ကြွယ်ဝမှု နှင့် မတရားမှု များ ကို ထုတ်ပြန်လိုက်
သော ကြောင့် လစ်ဗျား အရာ ရှိ များ ဒေါသ ပေါက်ကွဲ ကာ လက်နက် တိုက်များ ကို မီးရှို့ မှု များ ဘန်
ဂါဇီ နှင့် ရေနံ တွင်း များ ရှိရာ ထရီတီ တို့ တွင် ဖြစ်ပွားသည်။ ဗင်နီ ဇွဲလား နှင့် ဆော်ဒီအာရေးဗီးယား
က ကဒါဖီ ကို လက်မခံ ဟု ဆို သည့် သတင်း ထွက် လာပြီး သည့် နောက် တွင် ကဒါဖီက မိမိ သည်
ထရီပိုလီ မြို့ မှာပင် ရှိ နေပြီ ထို မြို့ မှာ ပင် ရိုးမြေကျ အသက် ထက် ဆုံး နေသွား မည် ဟု ဆိုသည်။
_____________________________________________________________
Freedom News Group ၏ ကိုင်ရို သတင်း ထောက် ၏ ပေး ပို့ ချက်များ ၊
The Huffinton Post ၊CNN၊ အယ်(လ)ဂျာဇီးယားဂြိုလ်တု ရုပ်သံ သတင်း၊FOX NEwsနှင့်
Democracy Nowမှလွှင့် ထုတ် ချက် များ ကို အခြေခံပြီး Freedom News Group ၏
တိုကျို (ဂျပန်) ၊ရန် ကုန် နှင့် လန်ဒန် မှနိုင်ငံ တကာသတင်း အစီအစဉ် မှ တာဝန် ရှိသူများက
သတင်းရေးသားပေးပို့ သည်။
ဓာတ်ပုံများ မှာ CNN, Fox News နှင့် သက်ဆိုင် ရာ နိုင်ငံများ ၏ ဖေ့ဘွတ် စာမျက် နှာ များ မှ ဖြစ်သည်။
______________________________________________________________

