ဂျပန် ဖျော်ဖြေပွဲမှ အနုပညာကြေးများကို မရမ်းချောင်း သို့ လှူ

ယခု လ ခြောက်ရက် နေ့ က ဂျပန် နိုင်ငံ တိုကျို မြို့ တွင် သွားရောက် ဖျော်ဖြေခဲ့သည့် အနုပညာ ရှင် များ
ဖြစ်သည့် ဗေလုဝ ၊ ကျော်ထူး ၊ ခင်လှိုင် နှင့် ဒိန်းဒေါင် တို့ မှ ၎င်း တို့ ၏ အနုပညာ ကြေးများ ကို ရန် ကုန် တိုင်း
လှည်းကူး မြို့ နယ် မရမ်း ချောင်း ကျေး ရွာ အုပ်စု ရှိ မသန်းစွမ်း အနာကြီး ရောဂါ သည်များ အတွက် ငွေကျပ်
သိန်း လေးဆယ် ကို သွား ရောက် လှုဒါန်း သည် ဟု သတင်း ရရှိသည်။

ဂျပန် နိုင်ငံ တွင် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အငြိမ့် သဘင် ပွဲ ဖြစ်မြောက် အောင် စီစဉ် ခဲ့သည့် ကိုမျိုးခိုင်
ကလည်း မရမ်းချောင်း ပရဟိတ ဂေဟာ နှင့် ယခင် နှစ်က ဂီရိ လေမုန်တိုင်း ဒဏ်ခံရသည့် ကျောက်
ဖြူမြို့ များ သို့ ထိုရံပုံငွေ ပွဲမှ ရရှိသည့် ငွေ များ ကို  ထည့်မံ ထည့်ဝင် လှုဒါန်း ခဲ့သေးသည်။

ဂေဟာတွင် နေထိုင် သူများ အား ကိုယ်တိုင်ကိုယ်ကျ အလှုငွေပေး အပ် နေသည့် ဟာသပညာရှင် ဗေလုဝ

7 thoughts on “ဂျပန် ဖျော်ဖြေပွဲမှ အနုပညာကြေးများကို မရမ်းချောင်း သို့ လှူ

  1. သာဓု…သာဓု…သာဓု…
    လေးစားပါတယ်ဗျာ…
    ဒီလို အလှုမျိုးတွေ များများလုပ်နိုင်ကြပါစေ…

  2. သာဓု သာဓု သာဓု ပါခင်ဗျာ။
    ချမ်းသာထီပေါက် လိုတိုင်းရောက်ကြပါစေ။

  3. ရုပ်မလှတဲ့ ဟာသ သရုပ်ဆောင်တွေ…
    စိတ်ဓါတ်ကတော့ လူသားဆန်တယ်…
    မြန်မာနိုင်ငံမှာ ဒီလိုစိတ်ဓါတ်မျိုး အများကြီးရှိတဲ့
    အနုပညာရှင် လိုတယ်.

  4. သာဓု သာဓု သာဓုပါဗျာ…
    နိုင်ငံခြားကို စီးပွားရှာရုံသက်သက် အပျော်သက်သက်
    ငွေလာဖြုန်းတဲ့ အနုပညာရှင်များ အများကြီးပါ….
    နိုင်ငံတကာမှာ နဖူးကချွေး ချေမထိကျအောင်လုပ်နေရတဲ့
    မြန်မာနိုင်ငံသားများကို စီးပွားရေးသက်သက်ချည်း လာရောက်ဖျော်ဖြေတဲ့
    အနုပညာသည်များကြားထဲမှာ….ဒုက္ခသည်များကို ခုလိုကူညီစောင့်မတဲ့
    ဒီအနုပညာရှင်များကို လေးစားစွာ ဦးညွှတ်ပါတယ်ဗျား…

  5. သာဓုအနုမောဒနာ ခေါ်ပါတယ်… ကောင်းမွန်တဲ့ လုပ်ရပ်ပါ…

Comments are closed.