ဦးတေဇ အား ဗိုလ်ချုပ်မှုးကြီး ရှင်းခိုင်း သလော


Updated ယနေ့ ည ၁၂ နာရီ အထိ ဦးတေဇ ကို ကယ်ဆယ်ခြင်း မပြု နိုင် ဟု သတင်း ရရှိသည်။
ဦး တေ ဇ သည် ဗိုလ်ချုပ် မှုးကြီး သန်း ရွှေ ၏ ပိုင် ဆိုင်မှု ငွေများ ကို ကူမင်းဘဏ်သို့ သွား
ရောက် လွှဲပြောင်း ပေး အပြီး တွင် ရဟတ်ယာဉ် ပျက်ကျခြင်း ဖြစ်သည် ဟု သတင်းရရှိ
သည်။
ဦးတေဇ ရဟတ် ယာဉ် ပျက် ကျမှု နှင့် ပတ်သက်ပြီး နောက် ဆက်တွဲ ထပ်မံ ရရှိသည့် သတင်း
များ အရ ကူမင်း မြို့ မှ ပြန်လာ သော ရဟတ် ယာဉ် သည် ပူတာ အို မြို့ တွင် ဆီဖြည့်ရန် စီစဉ်
ထားစဉ် အတွင်း ရဟတ်ယာဉ် ပေါ် တွင် သူ နှင့် အတူ ပါရှိ လာသူ တစ်ဦး က  ဦးတေဇ အား
လုပ်ကြံရန် စီစဉ် ခိုက် ရဟတ် ယာဉ် ပေါ် တွင် ရုတ်ရင်း ဆန် ခတ် မှု များ ဖြစ်ပွား ကာ ပျက်ကျ
ခြင်း ဖြစ်သည် ဟု နေပြည်တော် သတင်း ရပ် ကွက် တွင် သုံးသပ် ပြောဆိုကြသည်။

ဦးတေဇ အား မည် သူက လုပ်ကြံသည် မည်သူ က လုပ်ကြံခိုင်း သည် ဆို သည့် သတင်းများ
ကို မူ Freedom News Group မှ အတည်ပြု နိုင် သေးခြင်း မရှိပါ။

၂၀၀၀ ခုနှစ် က နအဖ စစ်ကောင်စီ အဖွဲ့ ဝင် တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်ဦး နှင့် ဗိုလ်
ချုပ် သူရ သီဟသူရ စစ်မောင် နှင့် အဖွဲ့ မှာ ကရင်ပြည်နယ် ဘာအံခရိုင် တရုတ်လှ ကျေးရွာ
အနီး ရှိ သံလွင် မြစ် အနီး တွင် ရဟတ်ယာဉ် ပျက်  ကျပြီး ကွယ်လွန် ခဲ့ရာ တွင် ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ က လုပ်ကြံခိုင်း သည် ဟု သတင်း များ ထွက် ပေါ်ခဲ့သည်။

One thought on “ဦးတေဇ အား ဗိုလ်ချုပ်မှုးကြီး ရှင်းခိုင်း သလော

  1. ဖြစ်မှာပေါ့ဗျာ တစ်နေ့မှာ ဒီလူတွေကဒီလမ်းဘဲ သွားကြမှာ တည်မြဲခြင်းဆိုတာ မရှိဘူးဆိုတဲ့ သီအိုရီ ကဖော်ပြနေခြင်းပါဘဲ

Comments are closed.