စစ်ခေါင်းဆောင် ၏ သားမက် ကို လုပ်ကြံသည် ဟု သတင်းများထွက်
ယမန်နေ့ က ဖုန်ဂါရီဇီ နှင်းတောင် နံရံ ကို ၀င်ရောက် တိုင်မိပြီး ပျက်ကျသွားသည့် ရဟတ်ယာဉ်တွင် ပါရှိ သွား သည့် ဦးတေဇ
ယမန် နေ့ က မြန်မာ နိုင်ငံမြောက်ပိုင်း ဖုန်ကန်ရာဇီ ရှိ နှင်းတောင်ကြောတစ်ခု ၏ နံရံ ကို တိုက်မိပြီး
ရဟတ်ယာဉ် ပျက်ကျသည့် ထဲတွင် ပါရှိ ခဲ့သည့် စီးပွားရေး လုပ်ငန်း ရှင် ဦးတေဇ အခြေအနေ သည်
စိုးရိမ်ရဖွယ်ရှိ သည် ဟု ၎င်း ၏ စီပွားရေး လုပ်ငန်း တစ်ခု ဖြစ်သည့် Htoo Trading မှ တာဝန် ရှိ သူ
တစ်ဦးက Freedom New Group သို့ ပြောသည်။
ဦးတေဇ သည် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချပ်မှုးကြီး သန်းရွှေ ၏ သားမက် ဖြစ်ပြီး Air Bagan လေ
ကြောင်းလိုင်း၊ ထူးထရေးဒင်း နှင့် Yangon United Foot Ball ကလပ် နှင့် အခြား အသင်း များ ကို
ပိုင်ဆိုင် သည်။
အသက် ၄၄ နှစ် အရွယ် ရှိ ဦးတေဇ တွင် ထက်တေဇ ၊ပြည့်ဖြိုးတေဇ နှင့် ရေချယ် တေဇ ဆိုသည့်
ပထမ အိမ်ထောင် မှ သားသမီး သုံးဦး ရှိသည်။
ရဟတ်ယာဉ် ပျက်ကျမှု တွင် ဦးတေဇ နှင့်အတူ အခြား အဆင့် မြင့် စစ်အရာရှိ တစ်ဦး လည်း ပါဝင်
ပြီး ရဟတ်ယာဉ် ပေါ်တွင် ရုန်းရင်းဆန်ခတ် မှု တစ်ခု ခု ဖြစ်ပွား ခဲ့ခြင်း ဟု အတည် မပြု နိုင်သေး
သည့် သတင်းများ ကဆိုသည်။
ရဟတ်ယာဉ် ပျက်ကျပြီး နောက် နှင်းတောင်ပေါ်တွင် ၂၄ နာရီ နီးပါးကြာနေရ သည့် ဦးတေဇ ၏
အခြေအနေသည် ဆိုးရွားလာ သဖြင့် ထိုင်း နိုင်ငံ ဘန်ကောက် မြို့ ဆေးရုံတွင် အရေး ပေါ်ဆေး
ဝါး ကုသခံ ရန် စီစဉ် ထားရသည် ဟု သိရသည်။
ဦးတေဇ ရဟတ်ယာဉ် ပျက်ကျခြင်း နှင့်ပတ်သက်ပြီး ထူးထရေး ဒင်းမှ ၀န်ထမ်း တစ်ဦးက “အခြေအနေ
တော်တော် ဆိုးတယ်။ ခါး ကျိုးသွားပြီး မျက် နှာနဲ ကျော မှာ တော်တော် ထိသွား တယ် ခြေထောက်က
မလျှောက် နိုင် ဘူး အခု ဘန်ကောက် ပို့ ထားတယ် ” ဟု ဆိုသည်။
မြန်မာ နိုင်ငံ တွင် အချမ်းသာ ဆုံး ဖြစ်မည် ဟု ယူဆ ရသည့် ဦးတေဇ အား ယခု ဘယ်နေရာတွင်ရှိ
မည် ဟု မည် သူမျှ အတိအကျ မပြော နိုင်ပဲ အချို့ သတင်း ရင်းမြစ် များက မူ လုပ်ကြံခံ့ ရမှု မှာ
လွတ်မြောက် သွားခြင်းဖြစ်သည် ဟု သုံးသပ် ကြသည်။
25 thoughts on “စစ်ခေါင်းဆောင် ၏ သားမက် ကို လုပ်ကြံသည် ဟု သတင်းများထွက်
  1. ဟင့်အင်းမဟုတ်ဘူး..လေမိုတာ..လေမိုတာ..လေ..ပြီးမှ..မြေလာမှာလေ..လေများဖြတ်သွားသေးသလားကွယ်..ကျွှတ်ကျွှတ်…စိတ်မကောင်း..လိုက်တာ…တေဇ..၇ယ်…ဟဲ..ဟဲ..ဟဲ..
  2. ဝမ်းသာတယ်။ ဒေါ်စုလွတ်ပြီးနောက်ပိုင်း ခုလိုလှိုက်လှိုက်လှဲလှဲဝမ်းမသာရသေးဘူး။
  3. သူရ ပြောတာမှန်တယ်။ ဘယ်လိုတော်လှန်မလဲဆိုတာ လူတွေက စိတ်မ၀င်စားကြဘူး။
  4. တေဇ နဲ့ ပက်သက်ပြီး လူတွေပျော်နေကြတယ်. မကောင်တဲ့ စရိုက်တွေပါပဲ
    ဒီစစ်အာဏာရှင်တွေကို ဘယ်လိုတော်လှန်ရမလဲဆို သူတို့ စိတ်မ၀င်စားကြဘူး ဆိုတာ သက်သေပြလိုက်သလိုပဲ
  5. ဒီသတင်းတွေကြား၇လို့ ၀မ်းသာတယ်လို့ မဆိုလိုပါဘူး … အထက်က ဆရာတွေ ပြောသလိုပဲ လူဆိုတာ “ကောင်းတာလုပ်ရင် ကောင်းတာစံရမယ်
    မကောင်းတာလုပ်ရင် မကောင်းတာခံရမယ်” ဆိုတဲ့စကားပုံအတိုင်းပါပဲ .. စဉ်းစားကြည့်လေ.. စီးပွားရေးလုပ်ငန်းရှင်ဆိုပြီး ပိုင်ရှင်ရှိတဲ့နယ်မြေကို ဇွတ်ကျူးကျော်ကာစီးပွားရေးတွင်လုပ်ချတော့ …. နယ်မြေခံတွေရဲ့ ငိုကြွေးသံ၊ မုတ်ဆိုးမတွေရဲ့ ငိုကြွေးသံတွေကို ကောင်းကင်ပေါ်ကအဖဘုရားသခင်ကနားညောင်းပေးပြီး သင်ခန်းစာပေးလိုက်တာဖြစ်ချင်လည်းဖြစ်မှာပေါ့ … စိတ်တော့မကောင်းပါဘူး တကယ်ပါ ..
  6. Why happy when someone gets hurt!
    ‘Karma’ can also come back to anyone’s verbal wish to others’ tragedy or death.
    The ‘wut le de’ will take care of anyone by itself!
  7. ဗေဒင်ဆရာတွေဘယ်ရောက်သွားတာလဲ….ယတြာမနိုင်တော့ဘူးလား…
  8. စိတ်မကောင်းလိုက်တာ…..
    လွတ်မြောက် သွားတာ
  9. အဲဒီလိုအကုသိုကောင်တစ်ဘ၀စံတွေကတော်ရုံတော့သေခဲတယ် ဘာလို့လည်းဆို အခုလက်ရှိဘ၀မှာသူတို့ပေးဆပ်ရမယ့်
    အကုသိုဒုက္ခတွေကို ဒီထက်မကပေးဆပ်ဖို့ရှိနေသေးလို့ ပြီးရင်တော့သေချင်းဆိုးနဲ့ သေမယ့်ကောင်တွေ
  10. ဘယ်လိုဝမ်းသာတယ်ပြောရမှန်းကို မသိဘူး..ဟိဟိ..သက်ဆိုးတွေကတော့ အတော်ရှည်တဲ့ သူတွေ။တန်းမသေဘူး။
  11. တိကျမှုမရှိသေးပါဘူး.. တကယ်ဆိုရင် အာဏာရှင်ကို တော်လှန်ဖို့အတွက်
    မလိုလားအပ်တဲ့ လူတွေကို ခေါင်းထဲကထုက်ထားဖိုလိုပါတယ်… တေဇ ဘာဖြစ်သွားလဲဆိုတာ
    စိတ်မ၀င်စားကြပါနဲ့ .. အဓိက လုပ်ဆောင်ရမယ့် အရာတွေကို ဦးတည်ထားကြဖို့ လိုပါတယ်
  12. ဒီည အရက်သောက်မယ်ကွာ…ဒီလိုသီတင်းကောင်းကြားရတာ …ဝမ်းသာတဲ့ အထိမ်းအမှတ်နဲ့ …အဝသောက်မယ်…
    1. ချကွာ။ ငါလည်းလာပေါင်းချင်တယ်။ အမြည်းလည်း လုပ်ခဲ့မယ်။ fng အဖွဲ့သားများ welcome ပါ။
  13. ဒီကောင်ပီးရင်…ခင်ရေအြလှဲ့ဘဲ.။
  14. နိုင်ငံနဲ့ လူမျိုးတွေအတွက် သူပြုလုပ်ခဲ့တဲ့ ကာယကံ ဝစီကံ မနောကံတွေဟာ ဘာတွေလည်းဆိုတာ သူများက လက်ညိုးထိုးပြီး ပြောပြနေဖို့ မလိုပါဘူး။ သူကိုယ်တိုင်ကပဲ ပညာရှိဆန်ဆန် ပြောပြသွားတာပါ။ ဘိုးတော်ဘုရားလက်ထက်က ပညာရှိအမတ်ကြီး ဦးပေါ်ဦးလို ပြောပြသွားသေးတယ်လို့လည်း ကြားမိပါသေးတယ်။
  15. real joker က ဒီလို သတင်းမျိုးတော့  ၀င်မေ၇းဘူးနော် ။
  16. ဗျိုချုပ်မှုးကြီးက အစဖျောက်ခိုင်းတာလို့ကြားသိရပါတယ် .. သူမိသားစုအတွင်းရေးတွေကိုအသိဆုံးက … တေဇ တစ်ယောက်တည်းဖြစ်နေလို့ပါဘဲ …
  17. Lyinn :
    ကောင်းတာလုပ်ရင် ကောင်းတာစံရမယ်
    မကောင်းတာလုပ်ရင် မကောင်းတာခံရမယ်
    1. ဒီသတင်းကြားရလို့ ၀မ်းသာတယ်လို့ မဆိုချင်အံ့ .. according to Lyinn: ရဲ့ comment လူဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာစံရမယ်လေ ရှင်းရှင်းလေးပဲ .. မကောင်းတာလုပ်တော့ အခုလို မဖြစ်သင့်တဲ့ အဖြစ်ပျက်တွေကြုံရတာပေါ့ .. မရှိမဲ့ရှိမဲ့ဒေသခံတွေရဲ့ နယ်မြေတွေကို ပိုက်ဆံလေးပေးပြီး အတင်းအတမ္မ ပယ်ခိုင်း… ဒီလိုလုပ်ရပ်တွေကြောင့်လည်း ဒီလိုဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်နေရတာပေါ့ ..
  18. ဟားးးးကောင်းတာဘဲ ပြည်သူတွေကို နှိပ်စက်တဲ့သူတွေအတွက်သွားရာလမ်းပေါ့ ဟဲဟဲ။ ငရဲကိုပျော်ပျော်ကြီးသွားပါစေလို့ ဆုတောင်းပေးပါတယ် တေဇ ဟားးးး။
    1. ၀ဋ်ဆိုတာ နောက်ဘ၀မကူးဘူး
      ကောင်းတာလုပ်ရင် ကောင်းတာစံရမယ်
      ကောင်းတာလုပ်ရင် မကောင်းတာခံရမယ်
Comments are closed.