ကဒါဖီ ၏ ညာလက်ရုံး ပြည်ထဲရေး ၀န်ကြီး ဆန္ဒပြသူ များ နှင့် ပူးပေါင်း

A hurricane of change is blowing through the Arab world

စီအိုအေ ကြွက်တွေ ကို တစ်အိမ် တက် တစ်အိမ် ဆင်း ဖမ်းမည် ဟု ဒေါသူပုန် ထကာပြောကြားနေသည့် လစ်ဗျား ခေါင်းဆောင် ကဒါဖီ

Latest:  ဆန္ဒပြ သူတွေ နဲ့ ပူးပေါင်း ခဲ့တဲ့ ပြည်ထဲရေး ၀န်ကြီး ကို အမည်မသိလက်နက် ကိုင် အုပ်
စု က ပြန်ပေး ဆွဲထားပါတယ်။

လစ်ဗျား

လစ်ဗျား နိုင်ငံ ထရီပို လီ မြို့ ရဲ့   နောက်ဆုံး အခြေအနေ တွေ ကတော့ ကဒါဖီ ရဲ့  လူယုံ
တစ်ဦး ဖြစ်တဲ့ ပြည်ထဲရေး ၀န်ကြီး  Abdul Fattah Younis al Abidi က လက်ရှိ အစိုးရ
အဖွဲ့ ထဲ ကနေ နှုတ်ထွက်ပြီး ဆန္ဒပြသူတွေနဲ့ ပူးပေါင်း သွားခြင်း ဖြစ်ပါတယ်။ လစ်ဗျား
ခေါင်းဆောင် အဏာရှင် ကဒါဖီ ကတော့ သူ့ ရဲ့ ကြေးစား တပ် တွေ
ကို လစ်ဗျား နိုင်ငံ တ၀ှမ်း က ရေနံတွင်း တွေ ကို ဖောက် ခွဲ ဖို့ စေလွှတ် နေပါပြီ။

ပြည်ထဲရေး ၀န်ကြီး အဘ်ဒူလ် ဖက်တာ ဟာ ကဒါဖီ နဲ့  ၁၉၆၄ ခုနှစ် တည်းက ရင်း
နှီး ခဲ့တာ ဖြစ်ပြီး ဆန္ဒပြသူတွေ ကို လေတပ် ကနေ ဗုံးကြဲဖို့  သူ့ ကို အမိန့် ပေးတာ
ကြောင့် နှုတ်ထွက် ရတာ ဖြစ်တယ် လို့  CNN သတင်းဌာနကို ပြောပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီက ဒီနေ့ ရုပ်သံကနေ  တစ်နာရီ ကျော်ကြာမိန့် ခွန်း
ပြောကြားရာ မှ သူဟာ ဒီနိုင်ငံ ကနေ့ ထွက်ပြေးမှာ မဟုတ်ဘူး နောက်ဆုံး သွေး
တစ်စက် ကျန်တဲ့ အထိ သူပုန် တွေ ကို တစ်အိမ်တစ်ဆင်း ခုခံ တိုက်ခိုက်ပြီးအာ
ဇာနည် တစ်ယောက် အနေ နဲ့ နိဂုံးချုပ် မှာ ပါ လို မာရသွန် မိန့် ခွန်း ကြီး မှာ
ပြောသွား ပါတယ်။ ဒီမိန့် ခွန်းပြောကြားချိန် မှာ ကဒါဖီ ရဲ့ ပုံစံ က စိတ်မမှန်
သူ တစ်ယောက် လို ဖြစ်နေပြီး သူဟာ စိုးရိမ် ထိန့် လန် နေ ပုံရတယ်လို့ 
လန်ဒန် တက္ကသိုလ် က စိတ်ပညာ ဌာန က ပါမောက္ခ ဂျေဂျေ ဆင်လီဆန်
က Freedom News Group ကို ပြောပါတယ်။

လစ်ဗျား နိုင် ငံ ရဲ့  အခြေအနေ ကို နေတိုး အဖွဲ့ ဝင်ရောက် ဖြေရှင်း ဖို့ ကျူးဘား
ခေါင်းဆောင် ကတ်စထရိုက အမေရိကန်နိုင်ငံ ကို တောင်းဆို ထားပါတယ်။

ဝီကီလိခ် အင်တာ နက်စာမျက် နှာ ကလည်း လစ်ဗျား အာဏာရှင် ကဒါဖီ ရဲ့ 
မိသားစု လာဘ်စားမှု တွေ နဲ့ ပတ်သက်ပြီး ဖွင့် ချခဲ့ရာမှာ ကဒါဖီ ရဲ့ သားတစ်
ဦး ဖြစ်တဲ့ ဆာအိဖ် အယ်လ ကဒါဖီ ဟာ အမေရိကန် အဆိုတော် မာရီယာကာရေး
ကို သီချင်းလေး ပုဒ် ဆိုပေး ခအဖြစ် ဒေါ်လာ တစ်သန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

လစ်ဗျား နိုင်ငံ ရဲ့  အရှေ့ ဘက်ခြမ်း ကို ကဒါဖီ က ထိန်းချုပ် နိုင်စွမ်း မရှိတော့
ပါဘူး။

ယီမင်

ယီမင် နိုင်ငံ မြို့ တော် ဆာနား မှာ တော့ ဆန္ဒပြသူတွေ နဲ့  လုံခြုံရေး အဖွဲ့ တွေ
အပြန်အလှန် ပြစ်ခတ် နေကြပါတယ်။ ယီမင် သမ္မတ က အတိုက် အခံ တွေ နဲ့ 
ဆွေး နွေး ဖို့ ကမ်းလှမ်းထား ပေမယ့် နှုတ်ထွက်ပေး မှာ တော့ မဟုတ် ဘူး လို့ 
ဆိုပါတယ်။

ဘာရိန်း

ဆွန်နီ လူမျိုး စုဝင်   ဘာရိန်း ဘုရင်ကတော့ ဒီနေ့  မှာ ဖမ်းဆီးထားတဲ့ ရှီအိုက်  အ
တိုက် အခံ တွေ ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။  ဘာရိန်း ရဲ နဲ့ စစ်သား တွေ က
ဆန္ဒပြသူတွေ နဲ့  ပူးပေါင်း အပြီး မှာ ဘာရိန်း ဘုရင် က အတိုက် အခံ တွေ နဲ့ 
ဆွေးနွေးမယ် လို့ ကြေငြာခဲ့ပါတယ်။

ဘာရိန်း ဘုရင် ဟာ မကြာခင်  မှာ ပဲ ဆော်ဒီ နိုင်ငံ ကို ထွ က်ပြေးမယ်လို့ လည်း
သတင်းတွေ ထွက်နေ ပါတယ်။

ဆူဒန်

ဆူဒန် နိုင်ငံ မှာတော့ နှစ်နှစ် ဆယ် ကျော် အာဏာ ကို ချုပ် ကိုင်ထားတဲ့ အိုမာ အယ်(လ)ဘာရှား က သူဟာ ၂၀၁၅ ခုနှစ် သက် တမ်း ကုန် ရင် နိုင်ငံ အာဏာကို ဆက် လက် ပြီးတော့ ထိန်းချုပ် ထားမှာ မဟုတ်တော့ ဘူးလို့  ဆိုပါတယ်။