ပြည်သူကို ခြိမ်းခြောက်မှု တွင် အာဏာရှင် တို့ အကျင့်တူ

မကြာခင် ပြုတ်ကျတော့ မည့် လစ်ဗျား အာဏာရှင် မွမ်မာ ကဒါဖီ က ပြည်သူ ကို မနေ့ က ခြိမ်း
ခြောက်ပြီး ပြုတ်သွားတဲ့ မိန့် ခွန်း နဲ့ လွန်ခဲ့ တဲ့ နှစ် နှစ်ဆယ် ကျော် က စစ်အာဏာရှင် စနစ် ကို
မျိုးစေ့ချပေး ခဲ့တဲ့ သွားလေသူ  အာဏာရှင် ဦး နေ၀င်း တို့ နှစ် ဦး ပြည်သူကို ခြိမ်းခြောက်ပြီးမိန့် 
ခွန်းပြောပုံမှာ တော့ အနှစ်သာရ အတူတူ ပဲ ဆိုတာ သိရအောင် Freedom News Group က ရှာ
ဖွေ တင်ဆက်ထားပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို သူ့ လို အာဏာရှင် အချင်းချင်း ပဲ ဖြစ်တဲ့ အီရန် သမ္မတ အမဒီနီ
ဂျက် က “တကတည်း ဗျာ ကို ယ့်ပြည်သူ ကို ဗုံးကြဲ တယ် လို့ အရပ်ရပ် နေပြည်တော်
ကြား လို့ တောင် မသင့် တော် တဲ့ အရူး ပဲလို့ ” ဝေဖန် သွားပါတယ်။

အမ ဒီနီဂျက် က အရူးကဒါဖီ ကို ရှုံ့ ချပေမယ့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
ကတော့ ဘာဝေဖန်မှု မှာ ပေါ်ထွက် မလာတဲ့ အပြင် ကဒါဖီ ရဲ့ စံချိန် ကို တောင်း ချိုး ဖို့ ပြင်နေ
တယ် လို့  နေပြည်တော် စစ်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းမှာ ပြောဆိုကြပါတယ်။


One thought on “ပြည်သူကို ခြိမ်းခြောက်မှု တွင် အာဏာရှင် တို့ အကျင့်တူ

  1. အာဏာရှင်တွေရဲ့ ဇာတ်သိမ်း မကောင်းတတ်ပါဘူး… ဦးနေ၀င်းရဲ့ နောက်ဆုံးခရီးဟာ သံဝေဂ ရစရာပါ… မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေ၀င်း ပြုတ်ကျခဲ့ပေမယ့် အာဏာရှင်စနစ်က အမြစ်တွယ်လျှက် ရှိတုန်းပါပဲ… ယခုခေတ်မှာ အာဏာရှင်ဆိုတာထက် စစ်အာဏာရှင်ဆိုတဲ့ လက်တဆုပ်စာ လူတန်းစားနဲ့ ပေးထားကျွေးထားတဲ့ အရိုးကို ကိုက်ပြီး သခင့်အလိုတော်ကျ ဟောင်းနေတဲ့ အလိုတော်ရိတွေကြောင့် တိုင်းပြည်ချောက်ထဲကျတော့မယ့်အခြေအနေဆိုတာထက် ကျနေပါပြီ… ဘယ်လောက်နက်နက်ကို ကျမယ်ဆိုတာတော့ မသိတဲ့ခေတ်ပါ… မြန်မာနိုင်ငံအခြေအနေဟာ ချောက်ထဲကို ကျတုန်းအခြေအနေပါ… အာဏာရှင်တွေကြောင့်ပဲ တိုင်းပြည်ရဲ့ အမွေအနှစ်တွေ၊ သယံဇာတတွေ ကုန်နေပါပြီ… အားလုံး တရုတ် ၊ ကုလားလက်ထဲရောက်နေပါပြီ… နောက်ဆိုရင် မြန်မာမတွေလဲ တရုတ်စပ်ကလေးတွေ၊ ကုလားစပ်ကလေးတွေနဲ့ အားလုံးအစပ်အဟပ်တိုင်းပြည်ကြီး ဖြစ်မယ့်အခြေအနေမျိုးပါ… မဖြစ်နိုင်ဘူးလို့ စောဒကတက်လို့ရပါတယ်… ဒါပေမယ့် “အူမတောင့်မှ သီလစောင့်မယ်” ဆိုတဲ့ စကားပုံဆို အလကားပေါ်ချင်တိုင်း ပေါ်လာတာမဟုတ်ပါဘူး… မြန်မာပြည်တွင်းက တိုင်းရင်းသားတွေက တဖြည်းဖြည်း ဆင်းရဲတွင်း နက်သထက်နက်လာ… တခြား တရုတ် ၊ ကုလားဆိုတဲ့သူတွေက ပိုင်ရာဆိုင်ရာတွေနဲ့ ပေါင်းပြီး ချမ်းသာသထက် ချမ်းသာလာ… ဇာတ်ပေါင်းတော့ အကုန်လုံး ဇာတ်ပျက်တွေချည်းပဲ ဖြစ်ကုန်တော့မယ့် အရေးပါ…
    အဲဒီအရေးတွေကို ကာကွယ်ချင်တယ်… တားဆီးချင်တယ်ဆိုရင် ဒီစစ်အစိုးရကို အမြန်ဆုံးတိုက်ထုတ်ပြီးတော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ပေးမယ့် စေတနာထားတဲ့ အစိုးရဖွဲ့နိုင်အောင် ပေါ်လာအောင် ကြိုးစားကြရမှာပဲ… ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အစဉ်အဆက် စောင့်ထိန်းလာတဲ့ မျိုးဆက်တိမ်ကော ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသည်ဟု ထင်မြင်ယူဆမိပါကြောင်း ….

Comments are closed.