ဝစ္စကွန်ဆင် လူထု အုံကြွမှု မှာ တွမ်မော်ရယ်လီ ရဲ့  World Wide Rebel သီချင်း (LIVE)
ကလေးတွေ တင့် ကားမောင်း လေ့ကျင် နိုင်ပြီ ၊
တင့် ကားက ခရီးသည်တင် ဘတ်(စ)ကား ဖြစ်လာပြီ
ငြိမ်းချမ်းငြိမ်း၊ ၊ပုံမှာ တွေ့ ရတာ က ဆန္ဒပြမှု တွေ ကြောင့် ထရီပိုလီ မြို့ စွန်မှာ ခရီးသည်တင် ကားတွေ မဆွဲတော့ ဘဲ ရပ်ထားလို့  လစ်ဗျားစစ်သား တွေက အရေး ပေါ် ခရီးသည် တွေ ကို တင့်ကား နဲ့ လိုက်ပို့ တဲ့ ပုံပါ ။ ခရီးသည်တွေ က တင့်ကား အထဲ မှာ လည်းထိုင်စီး လို့ ရတယ်။ဒါပေမယ့် အပြင်မှာ လဲ မတ်တပ်ရပ် ပြီးလိုက် လို့ ရတယ်။ တင့်ကား တပ်မှုး ကတော့ အပြင်ကနေ မစီးဘို့ အကြံပေးတယ်။ ကဒါဖီ ရဲ့ ကြံ့ဖွတ် တွေ က ပြည်သူတွေ ကို ချောင်းပစ်မှာ စိုးလို့ တဲ့ ။
ခရီးသည် မရှိရင်တော့ စစ်သားတွေ က ကလေးတွေ ကို တင့်ကားမောင်း သင်ပေးတယ်။ တင့်ကားမောင်းတာ
ဆီကုန်ပေ မယ့် ရေနံ ထွက်တဲ့ နိုင်ငံ ဆိုတော့ ဒီဆီလောက်က သနားတယ်တဲ့ ။ လစ်ဗျား မှာ ဓာတ်ဆီက သေး
(ဆီး) ထက်ပေါတယ် ဆိုတော့ တင့်ကားမောင် ၀ါသနာ ပါရင် သွား လို့ ရတယ်။
စာရေးသူတို့ ငယ်ငယ် က ဆိုရင် တင့်ကား စီးချင် လို့ ကန်တော်ကြီးက တင့်ကား ကြီးဆီ သွားရင် အထဲ က အတွဲ
တွေ ထွက်လာ တဲ့ အထိ စောင့်ရတယ်။ အခုတော့ လစ်ဗျား ကလေးတွေ မင်္ဂလာတစ်ပါးပဲ ။ တင့်ကားတွေက
ခရီးသည် တင် ဘတ်(စ)ကား ဖြစ်လာ တာ အသေအပျောက် နဲ့ ကျဆုံး အလောင်းပျောက်ရှာမရ သတင်း
တွေကြား မှာ မင်္ဂလာ သတင်းတစ်ခုပေ ပဲ။
မြန်မာ နိုင်ငံ မှာ ရော ဒါမျိုး ဖြစ်မလာ နိုင်ဘူး လို့ ဘယ်သူ ပြော နိုင်လဲ။
ဓာတ်ပုံ- ဓာတ်ပုံ ကတော့ကြည့်တဲ့ ဆိုတ်တွေ များ လွန်း တော့ ဘယ်က ဒေါင်းထားမှန်းတောင် မသိတော့ ဘူး။
