ချင်းမိုင် (မဇ္ဈိမ) ။ ။ အကြွေးများစွာတင်ရှိရာက ၃ နှစ်ခွဲအရွယ် သမီးငယ်ကိုသတ်ပြီး မိသားစုလိုက် ပိုးသတ်ဆေးသောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။
ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းနေ ဦးတီပွား (၃၉ နှစ်) နှင့် ဇနီး ဒေါ်ကေခိုင်ဝင်း (ခ) မီးငယ် (၃၇ နှစ်) သည် ဘောလုံး၊ ၂ လုံးထီ၊ ၃ လုံးထီများ ဒိုင်ကိုင်ရာမှ အနည်းဆုံး ကျပ်သိန်း ၃ဝဝဝ ကျော် အကြွေးတင်သဖြင့် ၃ နှစ်ခွဲအရွယ် သမီး မပွန်းပြည့်စုံနှင့်အတူ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
“မသေခင် အရင်တနေ့မနက် ကြွေးရှင်တွေက စာချုပ်လာချုပ်ခိုင်းတယ်လေ။ အဲဒါ သူတို့ မဖြေရှင်းတတ်တော့လို့ လုပ်သွားတဲ့ ပုံစံမျိုးပေါ့။ သူတို့သမီးလေးကိုလည်း လူ့လောကအလယ်မှာ မျက်နှာငယ်မှာကို မခံနိုင်လို့ တခါတည်းပဲ ခေါ်သွားတယ်ဆိုပြီး လင်မယားနှစ်ယောက်က လက်မှတ်ထိုးပြီး စာရေးချန်ခဲ့တယ်” ဟု သေဆုံးသူ မိသားစု၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။
ဦးတီပွားမှာ ကြို့ပင်ကောက်ဈေးတွင် အဓိပတိ ရွှေဆိုင်နှင့် ရွှေပန်းတိမ်ဆိုင်ကိုပါ ပိုင်ဆိုင်ခဲ့သည်။
“သူတို့အိမ်မျက်နှာချင်းဆိုင်မှာနေတဲ့ မီးငယ်ရဲ့အမေက သူမြေးလေးကို ဆီထမင်းကြွေးဖို့ဆိုပြီး အိမ်ထဲဝင်သွားတော့၊ မီးငယ်က ကုတင်ပေါ်မှာ စောင်တွေ၊ ခြင်ထောင်တွေနဲ့ လုံးရစ်နေပြီး ကိုတီပွားကတော့ ပါးစပ်က အမြှုပ်တွေ အန်နေတဲ့ ပုံနဲ့ ရေအိုးစင်ဘက်ကို သွားနေတဲ့ ပုံနဲ့ သေနေတယ်။ သမီးလေးကတော့ ကုတင်အောက်မှာ နှုတ်ခမ်းတွေပြာပြီး ဆုံးနေတာကို တွေ့တာ” ဟု အိမ်နီးချင်းတဦးက မဇ္ဈိမသို့ ပြောသည်။
အလောင်းများအနီး စားပွဲပေါ်ရှိ စာအုပ်တွင် ဦးတီပွားနှင့် ဒေါ်ကေခိုင်ဝင်း လက်မှတ်ထိုးထားသည့် စာတစောင်နှင့် ပိုးသတ်ဆေးပြားများ စာရွက်ထဲထည့်၍ အမှုန့်ကြိတ်ထားသည်ကို စားပွဲပေါ်တွင် တွေ့ရပြီး စီဒီစက်ဖြင့် တရားခွေ ဖွင့်ထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောပြသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မဇ္ဈိမက မြို့နယ်ရဲစခန်းသို့ မေးမြန်းခဲ့ရာ တာဝန်ကျရဲက ဖြေဆိုရန် ငြင်းဆိုသည်။ ကလေးသတ်မှုကြောင့် မိဘနှစ်ဦး၏ ရုပ်အလောင်းများအား ရဲက လက်ထိပ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ရုပ်အလောင်းများအား သဂြိင်္ုဟ်ရန် ဗုဒ္ဓဟူးနေ့တွင် သုသာန်သို့ ပို့ဆောင်ရာ မြို့ခံ ၂ဝဝ ခန့် လိုက်ပါပို့ဆောင်ခဲ့ပြီး သေဆုံးမှုမှာ နီးစပ်ရာမြို့များအထိသို့ပါ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
“ဒီဖြစ်ရပ်က ကျမတို့မြို့တခုလုံး ထိတ်လန့်သွားပါတယ်။ မြို့ပေါ်မှာ တကယ့်ကို မမေ့နိုင်တဲ့ ဖြစ်ရပ်တခုပေါ့နော်။ သူ့သမီးလေးဆို မူကြိုကျောင်း တက်နေတုန်း ရှိသေးတယ်။ အရမ်းချစ်စရာကောင်းတယ်။ မနေ့က မီးသင်္ဂြိုဟ်ဖို့ လိုက်ပို့တော့ ကျမ သူတို့မိသားစု ၃ ယောက် အလောင်းကို ကြည့်ပြီး ရင်ထဲက ဆို့လာပြီး မျက်ရည်တောင် ကျတယ်” ဟု ဒေသခံအမျိုးသမီးက မဇ္ဈိမသို့ ပြောပြသည်။
ယင်းဖြစ်ရပ်မျိုး ကြို့ပင်ကောက်တွင် ၂ဝ၁ဝ ခုနှစ်ထဲ၌ ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ ဇူလိုင်လတွင် ကျောင်းဆရာမ တဦး ၂ လုံးထီ ထိုးရာမှ အကြွေးမဆပ်နိုင်သဖြင့် ပိုးသတ်ဆေးသုံးစွဲ၍ အဆုံးစီရင်ခဲ့သေးသည်ဟု မြို့ခံ စိုက်ပျိုးရေး ဝန်ထမ်းတဦး အဆိုအရ သိရသည်။
ဗုဒ္ဓဟူးနေ့မှစ၍ မြို့ပေါ်ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနနှင့် ရဲ ပူးပေါင်း၍ စိစစ်ရောင်းချမှုများ ပြုလုပ်လာသည်။
“ဒီကြို့ပင်ကောက်မြို့မှာ ၂ လုံးထီ၊ ၃ လုံးထီတွေက လုံးဝ ထိန်းချုပ်လို့မရဘူး ဖြစ်နေတယ်။ အာဏာပိုင်တွေက… သူတို့ဘက်ကသာ ပြတ်ပြတ်သားသား အရေးယူရင် ဒီလောက်အခြေအနေ ဆိုးလာမှာ မဟုတ်ဘူး။ ဒီမှာက လူ ၁ဝ ယောက်မှာ ၈ ယောက်နှုန်းလောက် ကစားကြတယ်။ တရားဝင်လို ဖြစ်နေတယ်” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ကြို့ပင်ကောက်တွင် အဆိုပါ လောင်းကစား ဒိုင်များသည် စစ်ထောက်လှမ်းရေး စရဖ၊ ရဲနှင့် မြို့နယ်အာဏာပိုင်များသို့ပါ လာဘ်ပေး၍ လုပ်ကိုင်နေကြသည်ဟု မြို့ခံအများက စွပ်စွဲကြသည်။ လောင်းကစားခြင်းမှာ တရားမဝင်ဖြစ်သော်လည်း နိုင်ငံအဝှမ်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြသည်။



် မဇ္ဈိမ သတင်းဌာန
ဂျိုကာ သို့ 
အခုလို တစ်ခါ လာအော်ရင် ငွေဘယ်လောက် ရပါသလဲ? ဒါမှမဟုတ် လခ စားလား? သိချင်ပါတယ်…….
ဝင်ငွေသိပ်ကောင်းရင် ကျုပ်လည်း နိုင်ငံခြား မသွားတော့ ပဲ ခင်ဗျား ဆီလာပြီး တပည့် ခံပြီး အရိုးအရင်းလေး ကိုက်ချင်လို့ ပါ။
လာပြန်ပြီ Jocker
သူများ စီးပွားပျက်ဆိုက်တယ်ဆိုတာ က
ဆင်ပိန်ကျွဲကွ…
ဒီမှာက ကုန်းကောက်စရာမရှိအောင် ထမင်းစားစရာမရှိအောင် မွဲနေတာ တပုံကြီးကွ
သူများနိုင်ငံပေါ်လစီမှာ အလုပ်မလုပ်နိုင်တဲ.သူကို စား၇ိတ်ပေးတာ ကျန်းမာရေး အစိုးရ က တခုခု တာဝန်ယူတာ
အများကြီးကွ..
လွယ်လွယ် ပြောရရင် သူတို.က 100 % လိုချင်တာမျိုး
ဒီမှာ က သုညအောက် အနုတ်(Minus) ပြနေတဲ. အခြေအနေ..
ဒီထက်နည်းနည်းလေး ကျယ်ကျယ်ပြောရရင် တစ်ဦးချင်း ၀င်ငွေ
တစ်နိုင်ငံချင်း GDP…ကျန်းမာရေးအဆင်.အတန်း….
အဲဒါတွေပါပြောရတယ်ကွ…
အဲဒါတွေ ပြောရရင် ရိုးရိုးအရပ်သား ၀န်ထမ်းထက်သာ တဲ. မင်းတို.စစ်တပ် အရာရှိ ၀င်ငွေတောင်
စောက်ဆင်. မရှိဘူး သိလား(တရားဝင်လစာကို ပြောတာ)
ဝါးလုံးခေါင်းထဲလသာနေတဲ.ကောင်ပဲကွ…
အမြင်မှန်ရပါကွာ…
P.S..မင်းပါရင်ပွဲတော.စည်တယ်ကွ..
(support your writing )ချိန်တန်ပြီ
ပိုးသတ်ဆေးရောင်းတာတွေကို စီစစ်အုန်းမယ်ဆိုပဲ… မရောင်ရာ ဆီလူတဲ့အထဲမှာ ဒင်းတို့တွေလဲပါတယ်… ပိုးသတ်ဆေးရောင်းတာကို တားရုံနဲ့သေတဲ့လူတွေလျော့သွားမလား…
နောက်တခုက လောင်းကစားလုပ်တာကို တားဆီးမလား… ဒါကနည်းလမ်းတကျမဟုတ်သေးဘူး… တခြားနိုင်ငံတွေမှာလည်း ၂လုံး ၃လုံးလိုမျိုး လောင်းကစားကို တရားဝင်လုပ်ခွင့်ပေးထားသားပဲ… ဘာမှမကြားမိပါဘူး… ဆင်းရဲတယ်ဆိုတာလောက်တော့ ရှိပါတယ်… ဘ၀ပျက်သွားအောင်လောက်အထိတော့ သိပ်မကြားဖူးဘူး…
တိုင်းပြည်စီးပွားရေးမကောင်းရင် လောင်းကစားကို ပိုပြီး လုပ်ကြမှာပဲ… ပြောပုံအရဆိုရင်တော့ ရှိတဲ့ပိုက်ဆံလေးကို ပွားကြတယ်ပေါ့… လက်ရှိကုန်ဈေးနှုန်းနဲ့ ရတဲ့ ၀င်ငွေနဲ့က လုံးဝမမျှတော့ ရတာလေးကိုပွားကြတယ်ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ လူအတော်များများလုပ်နေကြအရာတခုဖြစ်နေပါပြီ… မရှိတဲ့အထဲမှာ ငွေမျောငွေနဲ့လိုက် ဆိုသလိုပဲ… လိုက်ရင်းလိုက်ရင်းနဲ့ ဘ၀ပျက်သွားကြတာပါပဲ… တကယ်သနားဖို့ကောင်းပါတယ်…
တိုင်းပြည်စီးပွားရေးကောင်းလာရင် လက်လုပ်လက်စားလူတန်းစားတွေ ချောင်လည်လာရင်… ၀င်ငွေတွေမှန်လာရင်…ရတဲ့ဝင်ငွေနဲ့ နေထိုင်စားသောက်ရေး အဆင်ပြေလာရင် ဒီလောင်းကစားဆိုတာ အပျော်အပါးတခုလောက်သာပဲ ရှိတော့မှာပါ… တရားဝင်လုပ်ကိုင်ခွင့်ပေးလဲ ဘာမှ မဖြစ်ပါဘူး…
အကုန်လုံးကို ချုံငုံသုံးသပ်ကြည့်မယ်ဆိုရင် လောင်းကစားလုပ်တဲ့သူတွေရဲ့အပြစ်မဟုတ်သလို ဒိုင်တွေရဲ့အပြစ်လဲမဟုတ်ဘူး… အဓိကက စီးပွားရေးကျပ်တည်းတာပဲ… စီးပွားရေးကျပ်တည်းအောင် ဘယ်သူလုပ်လဲ… အစိုးရလုပ်တယ်… ဘာကြောင့်လုပ်လဲ စီးပွားရေးတွေနဲ့ ပြည်သူတွေနပမ်းလုံးနေရင် နိုင်ငံရေးဘက်ကို ၀င်မစွက်နိုင်မှာ… အဲဒါကြောင့် စီးပွားရေးကို ကျပ်တည်းအောင်လုပ်ပေးထားတယ်…
အဲဒါ တပ်မတော်ရဲ့သဘောထားအမှန်ပဲ…
jocker…
ဆင်ပိန်ရင် ကျွဲလောက်တော့သကိုးကွဲ့… မောင်ရင်တို့ ကျုပ်တို့ တိုင်းပြည်က ခါချဉ်ကောင်လောက် ရှိတာ… ခါချဉ်ကောင် ပိန်ရင် ဘယ်လောက်ရှိမတုန်းကွဲ့… မောင်ရင်လေးပဲ စဉ်း၂စား၂ ပြောပါအုန်းကွဲ့… ခုလိုမျိုး ထောက်ပြတာလဲ မှန်သကွဲ့… နို့… နည်းနည်းတော့ နှိုင်းယှဉ်ပါအုန်းကွဲ့…
ဒီဥပဒေသနဲ့တော့ မညှိနဲ့ကွဲ့… ဒါက မောင်ရင်တို့ ခေါ်ခေါ်နေတဲ့ လောဂျစ် လား… လောဂျီလားဆိုတာမျိုးမှာ ပါသကိုး…
ဆင် = ခြေ (၄) ချောင်း
ဆိတ် = ခြေ (၄) ချောင်း
ထို့ကြောင့် ( ဆင် = ဆိတ် ) ဖြစ်သည်တော့ မလုပ်လိုက်ပါနဲ့ ကွယ်ရို့….
ဟေး ……… စီးပွားပျက်ပ်ဆိုက်နေတာ ဒီနိုင်ငံတင်မဟုတ်ပါဘူးကွယ်မောင်တို့ရေ ။
သတင်းတွေလဲ နားစွင့်ကြဦး …….. မော်မော်ကြွားကြွားရှိတဲ့ အမေရိကန် ဘယ်မှာမော်ကြွားနိုင်တော့လဲ။
ရုရှားကော ဘယ်မှာ စွာနိုင်လဲ ….
ဒါတောင်သူတို့တွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေနော်။
ကျုပ်တို့နိုင်ငံက ဖွံ့ဖြိုးဖို့ ကြိုးစားနေရတုန်းလေ။ ဒါတောင် ဘယ်သူက တက်ညီလက်ညီပါဝင်လို့လဲ ။ အမောင်တို့လဲ မပါဝင်ကြတဲ့အပြင် ကဖျက်၊ယဖျက် လုပ်နေကြတာ လက်တွေ့ပဲမလား။
စီးပွားပျက်ကပ်ဆိုက်နေတာ တကမ္ဘာလုံးပါဗျာ ………..
စီးပွားပျက်ကပ်ဆိုက်နေတာ ဒီနိုင်ငံတင်မဟုတ်ပါဘူးကွယ်မောင်တို့ရေ …တဲ့  စီးပွားပျက်ကပ်ဆိုက်နေတာ တကမ္ဘာလုံးပါဗျာ တဲ့ ………..သေပြီဆ၇ာ
ကျုပ်တို့နိုင်ငံက ဖွံ့ဖြိုးဖို့ ကြိုးစားနေရတုန်းလေ။ ဒါတောင် ဘယ်သူက တက်ညီလက်ညီပါဝင်လို့လဲ ။ အမောင်တို့လဲ မပါဝင်ကြတဲ့အပြင် ကဖျက်၊ယဖျက် လုပ်နေကြတာ လက်တွေ့ပဲမလား။……..သေပြီဆ၇ာ
ဖွံ့ဖြိုးဖို့ ကြိုးစားနေတာ ကို နိင်ငံတော်ပိုင်သတင်းစာကြီးကနေဖေါ်ပြပေးနေတယ် လေ။ မင်းတုန်းမင်းလက်ထက်တော် တုန်းက လမ်းဘယ် နှစ်မိုင်ဘဲရှိပြီး ကိုဂျိုကာ၇ဲ့  အစိုး၇လက် ထက်မှာ လ မ်းမိုင် အများကြီးဖွံဖြိုးတိုးတက်လာကြောင်း ။ ဆိုတာမျိုးတွေလေ ။ ရှိသမျှအပေါက်( ဖင်အပါအ၀င် ) အကုန်ပိတ်ပြီး အစိုးရကောင်းကြောင်းပြောလိုက်၇တာ မမောသေးဘူးလားဗျာ ကိုဂျိုကာ ။ ခင်ဗျားေ၇းနေတာ တွေ က ခင်ဗျားသိနေတဲ့  အမှန်တရားအကြောင်းမဟုတ်ဘူးဆိုတာ နဲ့  တာဝန် ဆိုတာ ကြီး နဲ့  အခိုင်းခံထားနေ၇တယ် ဆိုတာ သိလို့  ကိုဂျိုကာ ကိုသနားလိုက် တာ ။ ဆုတောင်းပေးပါတယ် ဗျာ …နောက်ဖြစ်လေ၇ာ ဘ၀တိုင်းမှာ ကိုဂျိုကာ တစ်ေ၇ာက် စိတ် ထဲ ရှိတာတွေေ၇းနိင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ။
ကဲ …..သေလို့ ၇ပြီ ဂျိုကာေ၇….
စောက်ရူးရဲတွေ…..လောင်းကစားကျတော့  မဖမ်းပဲ ပိုးသတ်ဆေးရောင်းတာကျတော့  စီစစ်မယ်တဲ့ ဗျာ….ဟားဟား…
ပိုးသတ်ဆေးရောင်းတာတွေကို စီစစ်အုန်းမယ်ဆိုပဲ… မရောင်ရာ ဆီလူတဲ့အထဲမှာ ဒင်းတို့တွေလဲပါတယ်… ပိုးသတ်ဆေးရောင်းတာကို တားရုံနဲ့သေတဲ့လူတွေလျော့သွားမလား…
နောက်တခုက လောင်းကစားလုပ်တာကို တားဆီးမလား… ဒါကနည်းလမ်းတကျမဟုတ်သေးဘူး… တခြားနိုင်ငံတွေမှာလည်း ၂လုံး ၃လုံးလိုမျိုး လောင်းကစားကို တရားဝင်လုပ်ခွင့်ပေးထားသားပဲ… ဘာမှမကြားမိပါဘူး… ဆင်းရဲတယ်ဆိုတာလောက်တော့ ရှိပါတယ်… ဘ၀ပျက်သွားအောင်လောက်အထိတော့ သိပ်မကြားဖူးဘူး…
တိုင်းပြည်စီးပွားရေးမကောင်းရင် လောင်းကစားကို ပိုပြီး လုပ်ကြမှာပဲ… ပြောပုံအရဆိုရင်တော့ ရှိတဲ့ပိုက်ဆံလေးကို ပွားကြတယ်ပေါ့… လက်ရှိကုန်ဈေးနှုန်းနဲ့ ရတဲ့ ၀င်ငွေနဲ့က လုံးဝမမျှတော့ ရတာလေးကိုပွားကြတယ်ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ လူအတော်များများလုပ်နေကြအရာတခုဖြစ်နေပါပြီ… မရှိတဲ့အထဲမှာ ငွေမျောငွေနဲ့လိုက် ဆိုသလိုပဲ… လိုက်ရင်းလိုက်ရင်းနဲ့ ဘ၀ပျက်သွားကြတာပါပဲ… တကယ်သနားဖို့ကောင်းပါတယ်…
တိုင်းပြည်စီးပွားရေးကောင်းလာရင် လက်လုပ်လက်စားလူတန်းစားတွေ ချောင်လည်လာရင်… ၀င်ငွေတွေမှန်လာရင်…ရတဲ့ဝင်ငွေနဲ့ နေထိုင်စားသောက်ရေး အဆင်ပြေလာရင် ဒီလောင်းကစားဆိုတာ အပျော်အပါးတခုလောက်သာပဲ ရှိတော့မှာပါ… တရားဝင်လုပ်ကိုင်ခွင့်ပေးလဲ ဘာမှ မဖြစ်ပါဘူး…
အကုန်လုံးကို ချုံငုံသုံးသပ်ကြည့်မယ်ဆိုရင် လောင်းကစားလုပ်တဲ့သူတွေရဲ့အပြစ်မဟုတ်သလို ဒိုင်တွေရဲ့အပြစ်လဲမဟုတ်ဘူး… အဓိကက စီးပွားရေးကျပ်တည်းတာပဲ… စီးပွားရေးကျပ်တည်းအောင် ဘယ်သူလုပ်လဲ… အစိုးရလုပ်တယ်… ဘာကြောင့်လုပ်လဲ စီးပွားရေးတွေနဲ့ ပြည်သူတွေနပမ်းလုံးနေရင် နိုင်ငံရေးဘက်ကို ၀င်မစွက်နိုင်မှာ… အဲဒါကြောင့် စီးပွားရေးကို ကျပ်တည်းအောင်လုပ်ပေးထားတယ်…
အဲဒါ တပ်မတော်ရဲ့သဘောထားအမှန်ပဲ…
ပိုးသတ်ဆေးဆိုင်ကို ရောင်းချခွင့်စီစစ်တယ်ဆိုပဲ… တော်တော်ရီစရာကောင်းသားကလား… ပိုးသတ်ဆေးဆိုင်နဲ့ အဝေးကြီး…
ထီထိုးတာကိုလည်း ပိတ်ပင်လို့ မရဘူး… စစ်အစိုးရကိုယ်တိုင်မှားယွင်းတဲ့ အယူအဆပဲ… မထိုးနဲ့လို့ တားလို့လဲ ရမှာမဟုတ်ဘူး…
ဘာကြောင့်ဖြစ်ရသလဲ အဓိက ဆန်းစစ်ကြည့်လိုက်ရင် စီးပွားရေးကျပ်တည်းမှုနဲ့ နိုင်ငံရဲ့ အကျင့်ပျက်လာမှုတွေကြောင့်ဖြစ်တယ်… တခြားနိုင်ငံတွေမှာလဲ ၂ လုံး ၃ လုံးလိုမျိုးထီထိုးတာတွေရှိတယ်… ဘယ်သူမှ အဲဒီလောက်ဘ၀ပျက်တာမဖြစ်ကြဘူး… ဆင်းရဲသွားတယ်လောက်တော့ရှိတယ်…
မြန်မာနိုင်ငံမှာ အုပ်ချုပ်သူအစိုးရမကောင်းတော့ အလုပ်လက်မဲ့များလာတယ်… အလုပ်လက်မဲ့များလာတော့ စီးပွားရေးကျပ်တည်းလာတယ်… ကျပ်တည်းလာတော့ အလွယ်ရမယ့်နည်းလမ်းတွေရှာတယ်… ဖြတ်လမ်းနည်းတွေလိုက်တယ်… နောက်ဆုံး မတတ်နိုင်တော့ ကိုယ့်ဟာကိုယ်သတ်သေကြတယ်… ထွက်ပြေးကြတယ်နဲ့ ရှုပ်ကုန်ရော…
အဓိက အကျဆုံးက တိုင်းပြည်စီးပွားရေးကောင်းဖို့ပဲ… တိုင်းပြည်စီးပွားရေးကောင်းလာရင် အဲဒီကိစ္စတွေ အလိုလိုလျော့သွားလိမ့်မယ်… တိုင်းပြည်စီးပွားရေး ကောင်းဖို့က အစိုးရကောင်းဖို့လိုတယ်… အစိုးရ ကောင်းမှ တိုင်းပြည်စီးပွားရေးဖေါ်ဆောင်တဲ့ နေရာမှာ ထိရောက်တယ်… မှန်ကန်တယ်… မြန်မာစစ်အစိုးရက တိုင်းပြည်စီးပွားရေးကောင်းအောင် မလုပ်တတ်ဘူးတော့ မထင်နဲ့… နောက်ပြီးသူတို့အနားမှာရှိတဲ့ သူတွေထဲမှာ စီးပွားရေးပါရဂူတွေအများကြီးပဲ… တိုင်းပြည်စီးပွားရေးကောင်းအောင် မလုပ်ပေးတာပဲရှိတယ်… တိုင်းပြည်စီးပွားရေးမကောင်းမှ ပြည်သူ၊ ပြည်သားတွေ စားဝတ်နေရေးအတွက် လုံးချာလိုက်နေပြီး နိုင်ငံရေးဘက်စိတ်မ၀င်စားမှာ…
အဲဒါ တပ်မတော်ရဲ့ သဘောထားအမှန်ပဲ…
so stupid parents. i feel sorry for the little girl but for her parents i won’t look twice to those kind of child killers. they deserve what it come to them cuz they are stupid. who is stupid enough to kill their own child? (maybe simple and joker)
no matter how much trouble you are in you don’t kill a child. any child. (especially your own child) that couple is not human. i feel sorry for the little girl but this article make me angry because those two idiots killed an innocent child and those two play “ta yar” words before they kill themselves is insult to Buddhism. (if they are true Buddhists and respect to Buddhism they wouldn’t do that) So f**king stupid people.
အစိုးရကတင်းတင်းကျပ်ကျပ်လုပ်လည်း..ထိုးတဲ့သူကခိုးပီးထိုး..ရောင်းတဲ့သူကခိုးရောင်းဆိုတော့
ဘယ်လိုလုပ်အဆင်ပြေမလဲလေ…သနားပါတယ်..အဲ့မိသားစု..ကျွန်တော်ကတော့..မိသားစုဝင်
တွေကိုအကုန်ပြောထားတယ်..ချဲ..၂လုံးထီလုံးဝမထိုးရလို့…အဲ့ဒါတွေကြောင့်ဘဝပျက်ရသူတွေများပါပီ
အောင်မယ် တော်တော်ဟုတ်တာပဲ… အဆိပ်သောက်သေတဲ့ လူက တရားတွေ ဘာတွေနာသွားသေတယ်.. ဒါလာ ပြဿနာ ဖြေရှင်းတဲ့နည်း။