ကဒါဖီ ၏ အငယ်ဆုံး သား ဖြစ်သူ ဆန္ဒပြသူ များ နှင့် ပူးပေါင်း


လစ်ဗျားရဲ့ဒေါ်လာဘီလျံပေါင်းများစွာ အမေရိကန်ဘဏ်များမှာ အပ်နှံထား။
(ကေဘယ်) ဝါရှင်တန်( AFP )။ လစ်ဗျားနိုင်ငံရဲ့ရေနံထွက်ကုန်ပေါ်ကရရှိတဲ့အကျိုးအမြတ်တွေထဲက ဘီလျံပေါင်းများစွာသောဒေါ်လာတွေဟာအမေရိကန်နိုင်ငံရဲ့ဘဏ်တွေမှာအပ်နှံထားတဲ့အကြောင်း
ကိုအမေရိကန်သံရုံးရဲ့လျို့ဝှက်ကေဘယ်ကနေသိရှိကြောင်းသတင်းမှာ
ဖေါ်ပြပါရှိပါသည်။
၂၀၁၀ခုနှစ်အတွင်းလစ်ဗျားနိုင်ငံ ထရိုပိုလီရှိအမေရိကန်သံရုံးရဲ့လျို့ဝှက်အစီရင်ခံစာတစောင်မှာ လစ်ဗျားနိုင်ငံရဲ့ဦးသျောင်ပိုင်ဆိုင်တဲ့ ဓနအင်အားဟာ ဒေါ်လာ၃၂ ဘီလျံပိုင်ဆိုင်မယ်လို့ခန့်မှန်းပြီး ဒေါ်လာသန်း၃၀၀ကနေ သန်း၅၀၀လောက်ရှိတဲ့ငွေကြေးတွေကိုအမေရိကန်နိုင်ငံသားပိုင်ဘဏ်
အချို့ကနေစီမံ ခန့်ခွဲပြီးဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေလုပ်ဆောင် ကြောင်းကိုအစီရင်ခံစာမှာ
ပါရှိကြောင်း ဝိကီလိခ်ကနေ သတင်းထုတ်ပြန်ထားသည်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ နိုင်ငံတွင်းမှာ ဖြစ်ပွား နေတဲ့ သူ့ ကို ဆန့် ကျင်တဲ့ အုံကြွမှု
တွေဟာ အယ်ခိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင် က လူငယ်တွေ ကို ယာဘ တွေ၊မြင်းဆေး
တွေ၊ဆေးခြောက် တွေ ကြွေးပြီး ခိုင်းတာ ကြောင့် ဖြစ်ရတာ လို့ စွပ်ဆွဲထားပါတယ်။
