Latest ဇ၀ီယာ နှင့် မူဆာရာ မြို့ များကျ ၊ ထရီပိုလီ မြို့ ၏ မိုင် ၃၀ အကွာ ကို အတိုက် အခံ နှင့် နယ်တပ်များ ရောက်ရှိ
FNG၊ ၊လစ်ဗျား နိုင် ငံ အား ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ မှ အရေးယူပိတ် ဆို့ 
မှု များ ထပ်မံ ပြု လုပ်ရန် ယနေ့  ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ
အဖွဲ့ ကန့် ကွက် မဲ မရှိ ဆုံးဖြတ် ချက် ချသည်။ကုလ လုံခြုံရေး ကောင်စီမှ ချမှတ်သည့်
အရေးယူ ပိတ် ဆို့ မှု များ တွင် လစ်ဗျား အာဏာရှင် ကဒါဖီ နှင့် မိသားစုများ အပါအ၀င်
လစ်ဗျား အစိုးရ အဖွဲ့ ဝင်များ ခရီးသွားလာ ခွင့် ၊လက်နက် ရောင်းချမှု ထိန်းချုပ် ခွင့် နှင့်
၎င်း တို့ ၏ ပိုင်ဆိုင်မှုများ ကို ပါထိန်းချုပ် သည့် ဥပဒေများ ပါရှိသည်။
ယခု လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို ဝေဖန် သူ အဖြစ် အတိုက်ခံ ဘက်ကို ပြောင်းလဲ
ထောက်ခံခဲ့တဲ့ ယခင် လစ်ဗျား နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့
သူ အီဘရဟာင် ဒမ်ဘာရှိ ကတော့ “ဒါဟာ ပြည်သူတွေ ကို စိတ်ဓာတ် ရေး ရာ အရ
အထောက်အပံ့ ဖြစ်စေတယ်” ဟု ဆိုသည်။
လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့ တွင် အခြေစိုက်၍ ဆန္ဒပြသူများ ကို ချေမှုန်း နေသည့် လစ်ဗျား

ခေါင်းဆောင် ကဒါဖီသည် ထရီပိုလီ မြို့ ၏ အရှေ့ဘက် မိုင် မိုင် ၃၀ လောက်တွင် ရှိသည့်
ဇ၀ီယာ မြို့ တွင် သူ့ ငှားထားသည့် ကြေးစား တပ်များ ဖြင့် ချေမှုန်း လျက် ရှိသည်။
အမေရိကန် သမ္မတ အိုဘာမား က လစ်ဗျား ခေါင်းဆောင် ကဒါဖီ နိုင်ငံမှ ထွက် ခွာပေးရန်
တိုက်တွန်းထားသည်။
လစ်ဗျား နိုင်ငံ တွင် အတိုက် အခံ များ က ဒုတိယ အကြီး ဆုံး မြို့ ဖြစ်သည့် နိုင်ငံ ၏ နေရာ
အတော်များများ ကို သိမ်းပိုက် ထားပြီး ဖြစ်သည်။
လုံခြုံရေး ကောင် စီ ၏ အရေးယူ ပိတ်ဆို့ မှု တွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ သားသမီး
ငါးဦး၊ သူ၏ထိပ်တန်း အဖွဲ့ ဝင် ၁၀ ဦး တို့ ပါဝင်ကာ ထိုသူများ ကို လူသား မျိုး နွယ် အား
မျိုးဖြုတ် သတ်ဖြတ်မှု အတွက် နိုင်ငံ တကာ စစ်ခုံရုံး တွင် ပါ တင် နိုင် ရန် ကြိုးစား နေလျှက် ရှိသည်။
လစ်ဗျား နိုင်ငံ တွင် နိုင်ငံရေး မတည် ငြိမ်မှု များကြောင့် နိုင်ငံတကာတွင် ရေ နံဈေးနှုန်းများ
တဖြည်းဖြည်း မြင့်တက် လျှက် ရှိသည်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် နိုင်ငံတကာ အကြမ်းဖက် လုပ်ငန်း များ ကို ဗွေ ဆော် ဦး
လုပ်ပြီး အစိုးရကိုယ်တိုင် အကြမ်းဖက်မှု အားပေးသည့် ကမ္ဘာ့ ပထမ ဦးဆုံး နိုင်ငံဖြစ်သည်။
လုံခြုံရေး ကောင် စီ သည် လူမျိုး တုံး သတ်ဖြတ် မှု များ အတွက် လည်း ကဒါဖီ ကို အပြစ်ပေး
ရန်စီစဉ် နေသည် ။
ကဒါဖီ က ယမန် နေ့ က ပြောကြားသည့် မိန့် ခွန်း တွင် လူထူ ဆက်သွယ်ရေး မီဒီယာများ သည်
လူထု ကို လိမ်ညာ သည် ဟု ဆိုခဲ့သည်။
Freedom News Group ကိုင်ရို News Room မှ သတင်းများ နှင့် The Huffington Post
အွန်လိုင်း သတင်း စာ မှ သတင်းများ ကို အခြေခံ ကာ ဖော်ပြခြင်း ဖြစ်ပါသည်။

Just Do it can do like it but also need people to follow. People should have courage to follow.
တကယ်လို.ဒီသတင်းသာမှန်ခဲ.ရင်[ ကဒါဖီကို ခုံရုံးတင်နိုင်ခဲ.ရင် ]နောက်တယောက် နိုင်ငံတကာစစ်ခုံရုံးပေါ် ရောက်မှာသေချာသူကတော. ခွေးဗိုလ်ချုပ်မှူး သန်းရွှေ ပါပဲ။ ဒီသတင်းကိုသာ မြန်မာပြည်သားအားလုံး ကြားသိရရင် စစ်အာဏာရူးတွေကိုတော်လှန်၊ဖြုတ်ချဖို.အားအင်တွေအပြည်.အဝရကြမှာသေချာနေပါတယ်။ လုပ်ချလိုက်တော. just do it .