အမေရိကန် လေယာဉ် တင် သင်္ဘော အုပ်စု မြေထဲ ပင်လယ်သို့ ထွက်ခွာ

Say All Dictators to message of : Enough is Enough
LATEST ကဒါဖီ ၏ သစ္စာခံတပ် များ ပြည်သူ ဘက် သို့ ပြောင်းပြီ

လစ်ဗျား နိုင်ငံ မြို့ တော် ထရီပို ၏ အရှေ့ ဘက် မိုင် ၂၀ ခန့် အကွာ မှာ မြို့ စောင့် တပ် တစ်ခု ကို ရေနံတွင်းစောင့်တပ်(နယ်တပ်) များ နှင့် ပြည်သူများက ယနေ့ စီးနင်းထားစဉ် Photo : Aljazerra

ဂျက်ဖရီ၊          ၊ခောတ်မှီ လက်နက် တွေ တပ်ဆင်ထားပြီး စစ်သား ဦးရေ ခြောက်သိန်း ကျော်ရှိကာ
ကဒါဖီက ငှားရမ်း ထားသည့် ကြေးစားတပ်အင်အား ငါးသောင်းကျော် ရှိသည့် လစ်ဗျား အာဏာရှင်
ကို အံတုနေ သည့် လစ်ဗျား ပြည်သူများ ကို ကူညီရန် အလို့ ငှာ အမေရိကန် ရေတပ် မတော်
လက်အောက် ခံ လေတပ် နှင့် အခြားတပ်ရင်း တပ် ဖွဲ့ များသည် ၎င်း သို့ စခန်းချရာ နေရာ တစ်ခု မှ
မြေထဲ ပင်လယ်ရှိ လစ်ဗျား နိုင်ငံ ရေနက် ဆိပ်ကမ်း နေရာ သို့ ခုတ် မောင်းနေပြီ ဖြစ်သည်။

ထိုစစ်ရေယာဉ် အုပ်စု တွင် တိုက်ခိုက်ရေး ရဟတ် ယာဉ် ၁၄ စီး နှင့် တိုက်လေယာဉ် ၁၀ စီး
ပါဝင်သည်။

လစ်ဗျား နိုင်ငံ တွင် အာဏာရှင် ဘက်မှ ပါဝင် တိုက်ခိုက် နေသည့် ကြေးစားစစ်သား များ ကို
လည်း ထွက် ခွာ သွားရန် အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြော
ကြားထားသည်။

ယခု ထွက်ခွာသွား သည့် စစ်သင်္ဘော အုပ် စု သည် ယခု သီတင်း တစ်ပတ် အတွင်း ပင်တဂွန်
စစ်ဌာနချုပ် မှ ရေး ဆွဲ လိုက်သည့်  စစ်ရေး စီမံ ချက် တစ်ခု အောက် မှ လှုပ်ရှား အစိတ် အပိုင်း
တစ်ခု ဖြစ်သည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် ၁၉၆၉ ခု နှစ် နိုင်ငံအာဏာကို သိမ်းပိုက် ပြီးချိန် မှ စ၍
အတိုက်အခံ များ ကို ရက်ရက် စက်စက် နှိပ် ကွပ်ကာ ၎င်း ၏ အာဏာစက် ကို ထူထောင်ခဲ့
သည်။

ကဒါဖီ သည် အာဏာရှင် နိုင်ငံ များ အနက် အတောင့်တင်းဆုံး နှင့် တိုက်စွမ်း ရည် အကောင်း
ဆုံးသော စစ်တပ် ကို ပိုင်ဆိုင် ထားသူ ဖြစ်သည်။

ဖေဖ်ာဝါရီလ ၁၅ ရက်နေ့  လစ်ဗျား တော်လှန်ရေး စတင် ချိန်မှ  ယခု အချိန် ထိ လစ်ဗျား
ပြည်သူ အနည်း ဆုံး ၁၀၀၀ ကျော်ခန့် ကို ကဒါဖီ က သတ် ဖြတ် ပြီး ဖြစ်သည်။