အင်းစိန် တွင် ဗုံးပေါက် ကွဲ တစ်ဦးသေ ၊လေးဦး ဒဏ်ရာရ

ဗုံးပေါက်ကွဲ မှု ဖြစ်ပြီးနောက် ရန်ကုန် မြို့ နံနက်ခင်း အား ဤသို့ မြင်တွေ့ ရသည်။

အောင်မြင်၊             ၊ယနေ့ ညနေ ၇နာရီ ၄၀ခန့်အချိန်တွင် မြန်မာနိုင်ငံ ရဲ့
မြို့တော်
ဟောင်းရန်ကုန် ၊အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဇေယျတံတားအနီးတွင်
ပေါက်ကွဲမှုတခုဖြစ်ပွား ခဲ့ကြောင်း Freedom News Group မှ သတင်းရရှိသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူလေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း
စစ်အစိုးရရဲ့တာဝန်ရှိသူတဦးက သတင်းဌာနများကိုထုတ်ဖေါ်ပြောကြားခဲ့သည်။
ထိုထိခိုက်ဒါဏ်ရာရသူများထဲတွင် ဗုံးသယ်ဆောင်လာသူဟုသံသယဖြစ်ဖွယ်
အမျိုးသားတဦးနှင့် ၃နှစ်အရွယ် မိန်းကလေးငယ်တဦးပါရှိကြောင်း မြန်မာ
စစ်အစိုးရ ၏ တရား ၀င်ပြောကြားချက် တွင် ပါရှိသည်။

၂၀၁၀ခုနှစ်အတွင်းစစ်အစိုးရရဲ့ထုတ်ဖေါ်ပြောပြချက်များအရ အကြမ်းဖက်
အဖွဲ့အစည်းများရဲ့ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့် ရန်ကုန်မြို့မှ လူ
သုံးဦးအပါအ၀င် တပြည်လုံးတွင် လူ၉ဦး သေဆုံးခဲ့ရပြီး လူပေါင်း၁၇၀
ကျော်ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရသည် ပေါက်ကွဲမှုဖြစ်စဉ်အားလုံးကို ပြည်ပရောက်အတိုက်အခံနှင့် ယနေ့တိုင်မိမိတို့ကိုယ်ပိုင်အမျိုးသားရေးအတွက်လက်နက်ကိုက်တိုက်ပွဲဝင်
နေကြသူများ၏ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းကိုအစဉ်တစိုက် သတင်း
ထုတ်ပြန်လေ့ရှိသည်။

ဖော်ဖော်ဝါရီ လဆန်း ပိုင်း က ထိုင်း နိုင်ငံ နယ်စပ် ရှိ မြ၀တီ မြို့ တွင် လည်း
ဗုံးပေါက် ကွဲ မှု ဖြစ်ပွား ခဲ့ရာ လေးဦး သေဆုံး ခဲ့သည်။ ယခု ဗုံးပေါက်ကွဲမှု
သည် မြန်မာ နိုင်ငံ တွင် ယခင် နှစ် သင်္ကြန်ကာလ က ရန်ကုန် တွင် လူ အသေ
အပျောက် များ သည့် ဗုံးပေါက် ကွဲမှု ဖြစ်ပြီး နောက် ယခု မြို့ တော်ဟောင်း
ရန် ကုန် တွင် ပထမ ဦး ဆုံး အကြိမ် ဖြစ်သည်။

Freedom News Group မှ နောက်ဆုံး ကြားသိရသည့် သတင်းများအရ
ဗုံးဖောက်ခွဲရန် စီစဉ် သူ သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး အင်းစိန် ဆေး
ရုံကြီးတွင် သေဆုံး သွား သည် ဟု သတင်း ရရှိသည်။