ကုန်ဈေးနှုန်း များ “၀ုန်းခနဲ” ခုန်တက် ချိန် တွင် JUST DO IT က တော်လှန်ရေး ပထမ ခြေလှမ်း စတင်ရန် နှိုးဆော်

မြန်မာ နိုင်ငံ တွင်ဝန်ထမ်းများ လစာတိုးမြှင့် မည့် သတင်းထွက် ပေါ်ပြီး ဒေါ်လာဈေး
ရွှေဈေး၊ဓာတ်ဆီဈေး နှင့် အခြေခံ စားကုန်ဈေးများ ၀ုန်းခနဲ ခုန်တက် ချိန် တွင်
Just Do It အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှား မှု ကို ဦးဆောင် သူများ က
စစ်အာဏာရှင် စနစ် ကို ဖယ်ရှားရန် အတွက် ရိုးရှင်းပြီး လွယ် ကူလှ သော
ပထမ ခြေလှမ်း ကို စတင် ရန်ဆော်သြလိုက်သည်။JUST DO IT က တော်လှန်ရေး ကို စတင်ရန် ဆော်သြချိန် ဉ် ဓာတ်ဆီ
တစ်ဂါလန် ၄၀၀၀ ကျပ်၊ အမေရိကန် ဒေါ်လာ ဈေးကွက် ပေါက်ဈေး ၁၀၀၀
ကျပ် နှင့် ဆန် တစ်ပြည် ၈၉၀ ကျပ် ဖြစ်သည်။ 

ရဟန်းရှင်လူ မိဘပြည်သူ တပ်မတော်သားများနှင့် လူငယ်ကျောင်းသားကျောင်းသူများခင်ဗျား…

မြန်မာနိုင်ငံ၏ စစ်အာဏာရှင် သန်းရွှေနှင့် ၎င်း၏ လက်တစ်ဆုပ်စာ အာဏာရှင် စစ်ဗိုလ်ချုပ်တစ်စုအား ဖယ် ရှားနိုင်ရန်အတွက် ယခုအချိန်သည် အချိန်ကောင်းအခါကောင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်း နေထိုင်သူအပေါင်းတို့ စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ရန် ပြင်ဆင်ကြ။ ယခုအချိန်ထက် ပိုကောင်းသော အချိန်မရှိ၊ အာဏာရှင်လက်အောက်မှ ပြည်သူများ အာဏာရှင်ကို ဖယ်ရှား နိုင်ခဲ့တာ ကျုပ်တို့ပြည်သူများ မျက်မြင်တွေ့ပြီး ဖြစ်ပါလိမ့်မည်။
အာဏာရှင်ကို ဖယ်ရှားနိုင်ရန် ယခုပင် ချက်ချင်းစကြလော့။

အာဏာရှင်ကို ဖယ်ရှားရန်အတွက် JUST DO IT လှုပ်ရှားမှုတွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT သည် သင်ကိုယ်တိုင်ဖြစ်သည်။ ပထမခြေလှမ်းအနေဖြင့် “JUST DO IT” ဟု ရေးပြီး သင်ကိုယ်တိုင် တစ်နေရာရာ တွင် ကပ်ထားနိုင်သည်။ သင့်သူ့ငယ်ချင်းတစ်ယောက်ထံကိုလည်း အီးမေးလ်ပို့နိုင်သည်။ ကိုယ်တိုင်ရေးထား သော စာအား သင့်မိတ်ဆွေကို ပေးနိုင်သည်။ သင်၏ Facebook စာမျက်နှာတွင် ရေးသားထားနိုင်သည်။
အာဏာရှင်ကို ဖယ်ရှားရန် ယခုပင် ချက်ချင်း စတင်ကြလော့။  

အရေးတော်ပုံ အောင်ရမည် …
အရေးတော်ပုံ အောင်ရမည် … …
အရေးတော်ပုံ အောင်ရမည် … … …

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရန် ဤနေရာတွင် သင်ပါဝင်ပါ။
http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500

အပေါ်ဆုံးမှ ဓာတ်ပုံမှာ ဒေါက်တာလွဏ်းဆွေ ဘလောက်မှ ရယူထားခြင်း ဖြစ်သည်။

3 thoughts on “ကုန်ဈေးနှုန်း များ “၀ုန်းခနဲ” ခုန်တက် ချိန် တွင် JUST DO IT က တော်လှန်ရေး ပထမ ခြေလှမ်း စတင်ရန် နှိုးဆော်

  1. FNG ခင်ဗျားတို့ကကျုပ်ရေးတဲ့ comment ကိုတော့ဖျက်ပြစ်တယ် နအဖက joker ရေးတဲ့ comment ကြတော့မဖျက်ပဲထားတယ်ပေါ့လေ !!!!!!!!!!!!!!!!!!!!!!!!

  2. အမိမြေမှာပဲ ပညာတွေသင်၊ အမိမြေကထွက်တဲ့ ဆန်နဲ့ အသက်ဆက်၊ အမိမြေကထွက်တဲ့ ရေကိုသောက်ပြီး
    ဘာကြောင့်များ အမိမြေကို မီးမြှိုက်ချင်ရတာလဲ genreal twe :P

  3. အမိမြေမှာပဲ ပညာတွေသင်၊ အမိမြေကထွက်တဲ့ ဆန်နဲ့ အသက်ဆက်၊ အမိမြေကထွက်တဲ့ ရေကိုသောက်ပြီး
    ဘာကြောင့်များ အမိမြေကို မီးမြှိုက်ချင်ရတာလဲ … အရူးကောင်လေးတွေ …

Comments are closed.