လေဆိပ်သစ် ကြောင့် နိုင်ငံခြား ငွေ များ ဒလဟောထွက်

Kခိုင်၊ ၊နေပြည်တော်ရှိ မြန်မာ နိုင်ငံတကာ လေဆိပ် သစ် အား နောက်ထပ် အလုပ်
သမား နှင့် ကျွမ်းကျင် အင်ဂျင် နီယာ များ စွာ ခေါ်ယူ၍ အလျှင်အမြန် တည်ဆောက် နေသည်
ဟု သိရသည်။
လေဆိပ်သစ် အတွက် လိုအပ် သော ပစ္စည်းများ ကို တရုတ်နိုင်ငံရှိ အကြီးစား စက်မှု လုပ်ငန်း
တစ်ခု ဖြစ်သည့် San Heavy Industries မှ ဒေါ်လာ သန်း ၃၀ ဖိုးခန့် ဝယ်ယူခဲ့သူ သတင်းရရှိ
သည်။
အဆိုပါ လေဆိပ် သစ် အတွက် လိုအပ် သည့် နည်းပညာ အထောက် အကူပြု ပစ္စည်းများ ကို
အမေရိကန် ၊ဂျာမဏီ ၊ တရုတ်၊ ရုရှား နှင့် စင်္ကာပူ နိုင်ငံ တို့ မှ ဖေဖ်ာဝါရီလ အတွင်းမှာပင် ဒေါ်
လာ သန်း ၁၀၀ ကျော်ဖိုးထက် မနည်း ၀ယ်ယူခဲ့ရသည် ဟု အမည် မဖော် လို သည့် လေဆိပ်
လုပ်ကွက် အင်ဂျင် နီယာ တစ်ဦးက Freedom News Group သို့ ပြောသည်။
နေပြည်တော် လေဆိပ်သစ်ကို မတ် လ ၂၇ ရက်နေ့ တပ်မတော် နေ့ တွင် အချိန်မှီ ဖွင့်လှစ်
နိုင်ရန် အတွက် နေ့ ရော ညပါ တည်ဆောက်မှု လုပ်ငန်း များ ကို ဆောင် ရွက် နေ ရသည်
ဟု သတင်း ရရှိသည်။
နေပြည်တော် လေဆိပ် သစ် အတွက် Asia Express Co.Ltd နှင့် တရုတ် နိုင်ငံ မှ China Harbor
Engineering တို့ ကပူးတွဲ တည်ဆောက် နေခြင်း ပြီး စင်္ကာပူ အင်ဂျင် နီယာ၊တရုတ် နှင့် မြန်မာ
အင်ဂျင် နီယာ များ လည်း ပါဝင်ဆောင် ရွက်လျှက် ရှိသည်။
မတ်လ ၂၇ ရက်နေ့ တွင် ဖွင့် လှစ်ရန် စီစဉ် ထား သည့် အဆိုပါလေဆိပ် သစ် သည် ၇၀ ရာခိုင်
နှုန်းခန့် သာ ပြီး စီးမှု ရှိ သေး သည် ဟု သိရသည်။
လေဆိပ် သစ် တွင် နိုင်ငံ တကာ လေဆိပ် များက ကဲ့ သို့ လုံခြုံရေး ၀န်ဆောင်မှု အစီအမံ များ
တပ် ဆင်ထားရခြင်း မရှိ သေး ဟု လေဆိပ် ဆောက် လုပ်ရေး လုပ်ငန်း ခွင် မှ အင်ဂျင် နီယာ
တစ်ဦး ကပြောသည်။
လေဆိပ် တည်ဆောက် ရေး လုပ်ငန်း တွင် ကာယ အလုပ်သမား တစ်ထောင် ကျော် လည်း
ဝင်ရောက် လုပ်ကိုင် နေသည် ဟု သိရှိရသည်။
မြန်မာ စစ်အစိုးရ သည် ၎င်းတို့ အခြေစိုက်ရာ နေပြည်တော် မြိ့ သစ် တည်ဆောက် မှု အတွက်
ဒေါ်လာ ဘီလျှံ နှင့် ချီကာ အကုန် ကျ ခံ တည်ဆောက် ခဲ့သည်။

ဟားဟား … အထင်မလွဲကြပါနဲ့ … လေဆိပ်ဆောက်တာက အခြေအနေမကောင်းရင် အမြန်တက်သုတ်နှင်ပြေးဖို့ပါ။
သူတို့ရှေ့ရေးကို သူတို့ ကြိုသိနေပြီလေ။ ပြေးနိုင်မှလွတ်မယ်နော် နိုင်ငံစောင့်နတ်ကြီး သန်းရွှေရေ။ ။
we don’t know understand Technial supported materials of U.S,Jeremany & Singapore on New international air-port of Napyitaw(Bo than Shwe’s city) and why? why? why?