ကဒါဖီ ဆီက ရငွေ လူမှုရေး လုပ်ငန်း တွေ အတွက် သုံးမယ်

KMJ ကနေဒီယံ ပေါ့(ပ်)အဆိုတော် Nelly Furtado တယောက် လစ်ဗျားအာဏာရှင်ဂဒါဖီ ဆီ
က လက်ခံရထားတဲ့ အနုပညာကြေး ဒေါ်လာတသန်းကို လူမှုရေးလုပ်ငန်းများမှာ အသုံးပြုနိုင်ရန်
လှူဒါန်းသွားမယ်လို့  သူ့ tweeter ကနေ ထုတ်ပြန်သွားပါတယ်။ ၂၀၀၇ ခုနှစ်က အီတလီမှာ ဂဒါဖီတို့ အာဏာရှင်တသိုက်ကို ၄၅မိနစ်လောက် ဖျော်ဖြေပေးခဲ့လို့ ရတဲ့ငွေတွေပါလို့ လဲ ၀န်ခံခဲ့ပါတယ်။

သူတင်မက R&B အဆိုတော်တွေဖြစ်တဲ့ Beyonce နဲ့  Usher တို့ လဲ ဂဒါဖီရဲ့သားတဦး
နဲ့ အတူ နှစ်သစ်အကြိုညကို ကာရစ်ဘီယံကျွန်းစုတခုပေါ်မှာ အတူပါဝင်ဆင်နွှဲခဲ့သေးတယ်လို့ 
New York Times သတင်းစာမှာဖော်ပြထားပါတယ်။

နာမည်ကြီးအဆိုတော် Mariah Carey တယောက်လဲ နှစ်သစ်ကူးပွဲမှာ သီချင်း ၄ ပုဒ်ဆိုပေးရုံ
နဲ့  ဂဒါဖီရဲ့သားတဦးဖြစ်သူ Saif al-Islam el-Gaddafi ထံက ဒေါ်လာတသန်း ရခဲ့တယ်လို့ 
New York Times သတင်းစာက ဖော်ပြထားပါတယ်။

Nelly Furtado က လွဲလို့  ကျန်အနုပညာရှင်များ ဂဒါဖီဆီက လက်ခံရရှိတဲ့ ငွေကြေးကိစ္စ
တွေအားလုံးကို ရေငုံနှုတ်ပိတ် နေကြဆဲပါ။

ပေါပ် အဆိုတော် မာရီယာ ကာရေး ဟာ လည်း ၂၀၀၉ ခုနှစ် နှစ် သစ်ကူးညမှာ
ကဒါဖီ သားအကြီး ကို တစ်နာရီ ကြာ ဖျော်ဖြေပေး ခဲ့တာ မှာ ဒေါ်လာ နှစ်သန်း ကျော်
ရတယ် လို့ ဝီကီလိခ် အင်တာနက် စာမျက် နှာ က ဖွင့်ချခဲ့ပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  နိုင်ငံခြား ဘဏ်ငွေစာရင်းတွေ ကို ဒီနေ့ အမေရိကန်
က ထိန်းချုပ် ခဲ့ရာမှာ ဒေါ်လာသန်းထောင် နဲ့ ချီပြီး သိမ်းဆည်း ရမိတယ် လို့ အမေရ
ကန် တရားရေး ဌာန က ကြေငြာပါတယ်။
အာဏာရှင်များအလိုကျ အသုံးတော်ခံတတ်တဲ့ အနုပညာရှင်များ သံဝေဂရစရာပါ။
အနုပညာရှင်များရဲ့သမိုင်းကို ပရိသတ်က ရေးပါတယ်။

KMJ

ကိုးကား။ http://www.hindustantimes.com/Singer-Nelly-Furtado-donating-1-million-from-Gaddafi-bash/Article1-668052.aspx

2 thoughts on “ကဒါဖီ ဆီက ရငွေ လူမှုရေး လုပ်ငန်း တွေ အတွက် သုံးမယ်

  1. အင်း ကိုမျိုးကြီးကတော့ပြောတာပဲ အရိုးရင်းဆုံးဘ၀ဆိုတဲ့သီချင်းထဲမှာလေ
    ရွှေငွေနဲ့  ဂုဏ်တွေဒြပ်တွေမရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ဆိုပဲ
    သူကလား
    မြန်မာပြည်သူတွေကိုလားတော့မသိဘူး
    ကျနော်ထင်တာကတော့ မသိမသားလေး နားချလိုက်တယ်ထင်တာပဲ

  2. ကျွန်တော်တို့နိုင်ငံမှာလဲ အားထားရတဲ့ အဆိုတော်တွေဖြစ်တဲ့ ကိုလေးဖြူတို့၊ ကိုမျိုးကြီးတို့ကလဲ ဒီလိုမျိုါ် လှူဖို့ဆို အသင့်ပဲဖြစ်နေမယ်လို့ထင်ပါတယ်။ ကျွန်တော်လဲ ပါဝင်ချင်ပါတယ်။ ကဲ .. လူငယ်အပေါင်းတို့ … သွေးသစ်လောင်းကြပါစို့။ အချိန်မလစ်ဟင်းကြစေလင့်။ တစ်ယောက်အားနှင့်တော့ရမှာမဟုတ်တာသေချာနေတော့ မြန်မြန်ပူးပေါင်းပါဝင်ကြပါစို့။ ။

Comments are closed.