အမေရိကန် သမ္မတ အိုဘာမားက လစ်ဗျား ခေါင်းဆောင် ကဒါဖီ အား လက်ရှိ ရာထူးမှ နှုတ်
ထွက်ပေး ရန် ထပ်မံ တောင်းဆို အပြီး တွင် လစ်ဗျား မိမိ ပြည်သူ များ ကို အစု လိုက် အပြုံ
လိုက် သတ်ဖြတ် ခဲ့သည့် ကဒါဖီ ၏ အခြေစိုက် နေရာများ ကို စစ်ဆင်ရေး စတင်တော့ မည်
ဟု သတင်းရရှိသည်။
ကဒါဖီရဲ့ သားဖြစ်သူကတော့ ပြည်ပ မီဒီယာတွေ ကို အပြစ် တင်ထားပြီး ၊ လစ်ဗျား လေတပ်
က ဆန္ဒပြသူတွေ ထိန်းချုပ် ထားတဲ့ နေရာတွေ ကို လေကြောင်း ကနေ စစ်ဆင်ရေး တွေ နေ့ 
တိုင်းလုပ် နေရာမှာ ဆန္ဒပြသူ အချို့ သေဆုံး ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ဒီနေ့ ထိ
ဆန္ဒပြသူ တစ်ထောင့် လေးရာ ကျော် သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။
LOSING THE ‘INFORMATION WAR’
နောက် သတင်း တစ်ပုဒ်က တော့ လက်ရှိ အာရပ် နဲ့ အာဖရိက အုံကြွမှု တွေမှာ အမေရိကန် မီဒီယာတွေ
ဟာ ထင်သလောက် စွမ်းဆောင် နိုင်မှု မရှိတဲ့ အပြင် သတင်းမှန်တွေ လဲ မရခဲ့ဘူး လို့ ဝန်ကြီး ကလင်တန်
က ဆိုပါတယ်။ အမေရိကန် မီဒီယာ အများစု ဟာ အာဏာရှင်ဘက်ကနေ ထုတ်လွှင့်တဲ့ သတင်းတွေပဲ
ထည့်သွားတယ်။အယ်(လ)ဂျာဇီယား ကတော့ သတင်း အဖြစ်အပျက်တွေ ရဲ့ ရင်းမြစ် ကို ပါ ထုတ်ဖော်ပြီး
သတင်း ကို စားသူရဲ့ သဘောထား နဲ့ အမြင် ကိုပါ ပြောင်းလဲစေနိုင် ခဲ့တယ်လို့ ပြောသွားပါတယ်။
_________________________________________________________________
နောက် ထပ် သတင်းတွေ ကတော့ အိုမန် ၊ အီရတ် ၊ အိုင်ဗရီ ကိုစ် စတဲ့ နိုင်ငံတွေ မှာ ပါ အုံကြွမှု တွေ
စတင်နေ ပြီး ယီမင် နိုင်ငံမှာ သမ္မတ အဗ္ဗဒူလ် ဆာလား ကို နှုတ်ထွက်ပေး ဖို့ တောင်း ဆို ထားပြီး၊
ဘာရိန်း မှာ လည်း ဘုရင် နဲ့  အစိုးရ အဖွဲ့ ဟာ ဆန္ဒပြသူတွေ ရဲ့ တောင်းဆိုချက် တွေ ကို လိုက်လျှော
ပေးရ ဖို့ အခြေအနေရှိနေပါပြီ။

မြန်မာပြည်မှာ စစ်အုပ်စုကို ရှင်းပီးတာနဲ့  ဆက်ပီး အုပ်ချုပ်နိုင်တဲ့ခေါင်းဆောင်ရှိပီးသားပါ..
အမေရိကန်တော့မလာစေချင်ပါဘူးဗျာမြန်မာပြည်ကို
စစ်ခွေးတွေအချင်းချင်းကိုက်တာပဲမြင်ချင်တာ
ခွေးဘီလူးကြီးသန်းရွှေ မသာကြီးသေပဲမသေနှိင်သေးဘူး
သေရင်လည်း ငရဲကို နေပြည်တော်အမြန်လမ်းမကနေသွားမှာတဲ့
လစ်ဗျား ပြီးရင် မြန်မာ နိုင်ငံ ကို လဲ လာ လည်ပါအုံး။
မြန်မာပြည်တော့မလာဘူး။ မြန်မာပြည်က ဗိုလ်ရူးတွေကိုလာ သုတ်သင်လိုက်လေ။ သူတို့ကပိုဆိုးသေးတယ် ပြည်သူတွေကိုမသေမရှင် နှိပ်စက်နေတာ။
အကြောင်းပြချက်ကောင်းတုန်း ပါလေရာပွကြီးကတော့ ရေနံလိုချင်ပြန်ပြီနဲ့တုတယ်.လက်နက်တွေ လစ်ဗျားကိုအပြိုင်ရောင်းခဲ့တာလည်း ဒီနိုင်ငံတွေပဲ..စစ်ရေးအရလုပ်ရင်တော့ .. နောက်ထပ်မပြီးနိုင်တဲ့ အီရတ်နိုင်ငံတခုထပ်ပေါ်လာဦးမှာသေချာပဲ… ဖင်မနိုင်ပဲ ဟင်းစားသလိုဖြစ်ဦးမှာပဲ.. ကဒါဖီတစ်ယောက်တည်း သီးသန့်သုတ်သင်ပြီး ပြီးသွားမယ်အရာမဟုတ်ဘူး။ ကျန်တဲ့အပြစ်မဲတဲ့ပြည်သူတွေ အတိုင်းဆမရှိသေကြမယ်.. လစ်ဗျားနိုင်ငံမှာ ဆက်ပြီအုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်မရှိပဲ မင်းမဲ့တိုင်းပြည်ဖြစ် ဥပဒေမဲ့တွေဖြစ်နေမယ်။ အကြမ်းဖက်တွေပိုဖြစ်လာမယ်။ နိုင်ငံတခုကိုတခြားနိုင်ငံတခုက တည်ငြိမ်အောင်ရေရှည်အုပ်ချုပ်ဖို့ မလွယ်ဘူးဆိုတာ အိရတ်၊အဖဂန်ကသက်သေပဲ။
real joker ပြောတာ လုံးဝ မှန်ပါတယ်ဗျာ။ဒီတော့ကာ အမေရိကန်လာတိုက်လို့ မရအောင် လုပ်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ် ပြည်သူကို အလေးထား လူအခွင့်အရေး ပေး တိုင်းရင်းသားတွေနဲ့ သာတူညီမျှခံစါး စစ်မှန်တဲ့ဒီမိုတရေစီကို တည်ထောင် ဒါဆိုရင်တော့ အမေရိကန်လာပါဆ်ူရင်တောင် မလာနိုင်တော့ဘူးပေါ့နော်