နေမျိုးဦး၊ ၊ရန်ကုန် မြို့ တွင် ဓာတ်ဆီ တစ်ဂါလံ ၅၀၀၀ ကျပ် မှာ ၆၀၀၀ ကျပ်ဈေး ရှိကာ
မန္တလေး နှင့်နေပြည်တော် တွင် ကျပ် ၆၀၀၀ ကျော် ဈေးပေါက်သည်။ ယနေ့ မနက် မန္တလေး
မြို့ လည်မှာပင် ငါးပုလင်း တစ်ဂါလံ ကို ကျပ် ၆၂၀၀ ဖြင့် ဖြည့်လိုက် ရသည့် ယာဉ်မောင်း
တစ်ဦးကFreedom News Group သို့ ပြောပြသည်။
မြန်မာ နိုင်ငံတွင် ဖေဖော်ဝါရီ လလယ်ပိုင်း အထိ ဓာတ်ဆီဈေးများ တစ်ဂါလံလျှင် ၃၆၀၀
ကျပ်သာ ရှိခဲ့ရာမှ ပြီးခဲ့သည့် သီတင်းပတ် အတွင်း ကို စတင်တက်ခဲ့ခြင်း ဖြစ်သည်။ပြင်
ဦးလွင် နှင့် မြစ်ကြီးနား မြို့ များ တွင် ဓာတ်ဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး မော်လမြိုင် မြို့ 
တွင် မူ ဓာတ်ဆီဈေးမှာ တစ်ဂါလံ ၆၅၀၀ အထိ ဈေးပေါက်သည်။
ဓာတ်ဆီဈေး မြင့် တက်မှုကြောင့် အခြား ကုန်ဈေးနှုန်းများ လည်း မြင့်တက် လျှက် ရှိ
သည်။
အရှေ့ အလယ်ပိုင်း နိုင်ငံများ တွင် မငြိမ် မသက်မှု များ ကြောင့် ကမ္ဘာ့ ရေနံ ဈေးကွက်တွင်
ရေနံစိမ်း ဈေးများ မှာဆက်လလက်မြင့် တက်လျှက် ရှိသည်။
လစ်ဗျား နိုင်ငံ ရှိ ရေနံတွင်း များ ရှိရာ မြို့ များ တွင် တိုက် ပွဲ ဖြစ်ပွား တိုင်း ရေနံစိမ်း မှာ
တစ်ဒေါ်လာ တက် သည် ဟု ဝေါလ်စထရိ ဂျာနယ် တွင် ဖော်ပြထားသည်။

ရန်ကုန်မှာ ဒီဇယ်ဈေး ၄၀၀၀ ဘဲရှိပါတယ်။ ဓါတ်ဆီကတော့ ရန်ကုန်က ၁၀၉ – ၁၀၀ တွေက ဆီတန်းစီရောင်းစား၊ မှောင်ခိုဒိုင်တွေက တရုတ်ဖက်ကို သယ်ထုတ်နေတာကို အစိုးရက မတားမြစ်ဖဲ လက်ပိုက်ကြည့်နေတာကြောင့် ဖြစ်နေရတဲ့ပြသနာပါ။