အနာဂတ် အိပ်မက်၊ မှိတ်တုတ်မီးရောင် နဲ့  ဆယ်ကျော်သက်မလေးများ(ဗီဒီယို)

ထိုင်း အမျိုး သမီး ငယ်လေး တွေ ဟာ ဘန်ကောက် နဲ့ တခြား ထိုင်းမြိ့ ကြီး တွေ ညကလပ် တွေ နဲ့  ဖျော်ဖြေ
ရေး  ကပွဲ တွေ မှာ မလုံ တလုံ လေးတွေ ၀တ်ပြီး ကပြဖျော်ဖြေကာ အသက်မွေး ၀မ်း ကျောင်းလုပ် နေရတာ
ကို ဘန်ကောက် ပို့ စ် သတင်း စာ ကြီး က ရေးသားထားပါတယ်။ ညကလပ် တွေ မှာ ကပြ ဖျော်ဖြေနေ တဲ့
ကောင်မလေးတွေ ဟာ အနည်းဆုံး တစ်လ ကို ဘတ် ရှစ်ထောင် လောက် ရရှိကြပြီး အပိုဝင်ငွေ အနေ နဲ့ သူ
တို့ ကိုပေးတဲ့ မုန့် ဖို့ နဲ့  ပွဲတောင်းခံရမှု ကို မူတည် တယ်လို့ ဆိုပါတယ်။ သူတို့ ကို လာရေက် ပျော်ပါးသူတွေ
က အဖျော်ယမကာ တိုက်ကျွေး တဲ့ နေ့ ဆိုရင် တစ်လ ကို ဘတ် သုံးသောင်းလောက် ရပါတယ်။

ဘန်ကောက် ဆီရီကီရင် လမ်းတစ်လျှောက် က ညကလပ် တွေ အပြင် ဘန်ကောက် မြို့ တစ်ခွင် မှာ ရှိတဲ့
ညကလပ် တွေ မှာ ကပြ ဖျော်ဖြေ နေသူ တွေ ကတော့ အမျိုး ကောင်း သား သမီး တွေ ဖြစ်ပြီး တက္ကသိုလ်
ကောလိပ် ပညာ တွေ ကို သင်ကြား နေ သူတွေ ဖြစ်ပါတယ်။ သူတို့ ဟာ သူတို့ ရဲ့ ပညာရေး အတွက် ငွေကြေး
လိုအပ် လို ဖြစ်တယ်လို့ ဆိုပါတယ်။

အေမီ လို့ ခေါ်တယ့် ကချေသည် မလေး တစ်ဦး ကတော့ “ကျွန်မ ကြက်ကင် ဆိုင် မှာ လုပ်တဲ့ အလုပ်က ထွက်လိုက် ရတယ်လေ ၊ လစာလဲ နည်းပြီး ကျောင်းချိန် နဲ့  တိုက်နေတယ်၊ နောက်တော့ ကျွန်မ မိသားစု
နဲ့  ကျောင်းစရိတ် အတွက် ဒီလမ်း ကို ရွေးလိုက်တယ်လေ..ပထမတော့ ငါအလုပ်ဒီနဲ့ ဖြစ်ပါ့မလား စိတ်ပူ
သေးတယ် နောက် တော့ ဖြစ်သွား တာပါပဲ လို့ ပြောပါတယ်။

ညဘက် အလုပ်ဆင်းပြီး နေ့ ဘက် မှာ ကျောင်းတက် နိုင်တဲ့ အလုပ် ဖြစ်တဲ့ ကချေသည် အလုပ်ကို ထိုင်း ကျောင်း သူ တော်တော်များ များက ရွေးချယ်ကြပါတယ်။

ညကလပ် မှာ ငွေရှာနေရပေမယ့် အိပ်မက် ကိုယ်စီ နဲ့ ထိုင်း တက္ကသိုလ် ကျောင်းသူလေးတွေ ဟာ သူ တို့ 
ရဲ့ အလုပ်မှာတော့ တာဝန် ကျေကြပါတယ်။ ငါ တက္ကသိုလ် ကျောင်းသူ ပဲ ဆိုပြီး ဖောက်သည်ကို မချေမငံ
ဆက်ဆံ တာမရှိ ပါဘူး။ ဖောက် သည် က ပေါင်ပေါ်လာ ထိုင် ပေးပါ ဆို ထိုင်ပေးပါတယ်။ တစ်ညလောက်
ပျော်ပါး ချင်တယ်လို့ ဖိတ်မန္တက ပြုလာ ရင် တော့ ဖြင့် အချို့ က ငြင်းဆန်ပြီး အချို့ ကတော့ အပြင်မှာ တွေ့ 
ဆုံမှု တွေ လုပ်ကြပါတယ်။

ထိုင်းကျောင်းသူလေးတွေ ၀မ်းရေး နဲ့ ဘ၀ အနာဂတ် ကို ဒီလို ပုံစံ နဲ့ ဖြေရှင်း နေရတာ ဟာ ဘယ်သူ မှာ
အပြစ် ရှိ သလဲ ..အစိုးရမှာ လား …လူ့ အဖွဲ့ စည်းမှာ လား… ပိုက်ဆံ ၀ါလား သကောင့်သားတွေ မှာလား
လို့  တော့ မေးခွန်း ထုတ်စရာ ရှိပါတယ်။

ထိပ်တန်း တိုင်လုံးပတ် ကချေသည် မလေး အေမီ ကတော့ “ကျွန်မ သူငယ်ချင်း တစ်ချို့ ကတော့ ခေါ်ရင်
လိုက်သွားကြတယ်။ ဒီကိုလာတဲ့ ဖောက်သည်တွေ က တဏှာရဂ မွှန် နေတာချဉ်းပဲ” လို့ ဆိုပါတယ်။

ဘန်ကောက် မြို့ ရဲ့ ညကလပ် တွေ မှာ သင်တွေ့ ရမယ့် ကောင်မလေးတွေ ဟာ ထိုင်း နိုင်ငံရဲ့ အနာဂတ်
တွေ ပါ သူတို့ ဟာ ဘ၀ ကို ဒီမှာ မြုပ် နှံ မှာ မဟုတ်ပါဘူး ၊ခေတ္တ ခိုလှုံ ရုံလေးပါ လို့ ဆိုပါတယ်။

ကိုးကား—ဘန်ကောက် ပို့ စ်    Strut, pout, but don’t put out


25 thoughts on “အနာဂတ် အိပ်မက်၊ မှိတ်တုတ်မီးရောင် နဲ့  ဆယ်ကျော်သက်မလေးများ(ဗီဒီယို)

  1. သနားစရာပါလားကွာသူတို့ ဘ၀တွေကလည်းနော် သူတို့ မှာ အချစ်စစ်ရှိပေမယ့် သန့် ရှင်းတဲ့ချစ်စိတ်တော့ ရှိမယ်မထင်ဘူး
    အမြဲလိုလို မလုံတဲ့စိတ်နဲ့ ဖုံးကွယ် သွားရမှာ တော့သေချာတယ် ရှိခဲ့တဲ့စစ်မှန်တဲ့ အချစ် ဆိုရင်ပေါ့ အမြဲသနားလျှက်ပါကွာ..။

  2. ကျွန်တော် Be Brave သည် ထိုင်းနိုင်ငံ ရဲ့ အနာဂတ်လေးများ ဆိုတဲ့ စာသားကို မြန်မာ့ မိန်းကလေးများ၊ ခင်ဗျားတို့ ကျွန်တော်တို့ အမနဲ့ နှမတွေ အတုယူမမှားစေခြင်လို့ ရှုံ့ချတဲ့အဆိုကို တင်သွင်းရခြင်းဖြစ်ပါသည်။ မီဒီယာ လွှမ်းမိုးတဲ့ခေါတ်မို့ မီဒီယာ စကားကို လူငယ်တွေဟာ ရာနူန်းပြည့်နီးပါ လက်ခံနေတဲ့ အချိန်မှာ မီဒီယာ က အာဘော်တစ်ချက်မှားတာနဲ့ လူငယ်တွေလမ်းကြောင်း လွှဲကုန် မှာကို စိုးရိမ်တာလိုရင်းပါ။ ဆရာဝန်သတ်ရင် သူနဲ့ပါတ်သက်တဲ့ လူနာတွေလောက်ဘဲ သေမှာပါ။ မီဒီယာ သတ်ရင် လူငယ်အားလုံးအညွှန့်တုံးကုန်ပါလိမ့်မယ်။ သတင်းဟာ သတင်းပါဘဲ။ မီဒီယာရဲ့အာဘော်မဖြစ်သင့်ပါဘူး။

  3. သာဓုပါဗျာ။ လိုအပ်တဲ့ စားရိတ်ငွေကို သူများပစ္စည်းမခိုး မ၀ှက် မတိုက်၊ လူမသတ် ပဲ ရှာနိုင်ကြတာ။ ကိုယ့်အားကိုယ်ကိုး နိုင်ကြတာ မင်္ဂလာပါ။ ဆင်းရဲလို့ဖြစ်ကြရတာမို့ ထောက်ပြဝေဖန် နိုင်တဲ့ သတင်းစာ၊ ဒါကို ဖော်ပြခွင့် ရတဲ့ တိုင်းပြည်မို့လည်း ကျေနပ်စရာပါ။ ပြဿနာက ဆင်းရဲတဲ့။ တစ်နည်းအားဖြင့် လူတိုင်းမချမ်းသာတဲ့ ပြဿနာပါ။ ဒါကို အစိုးရက ဆက်ကြိုးစား ဖြေရှင်းရပါမယ်။ တိုင်းပြည်ချမ်းသာအောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့ အမြင် တော့ ထိုင်း အစိုးရ အဆက်ဆက် (ခြစားမှု တွေရှိပေမယ့်) တိုင်းပြည်ချမ်းသာအောင် တိုးတက်အောင် ကြိုးစားနေခဲ့ကြတာပါ။
    အမင်္ဂလာက တော့ ဗမာပြည်ပါ။ အလားတူအဖြစ်မျိုး များစွာရှိပါတယ်။ ဖော်ပြခွင့်လည်း မရှိပါဘူး။ ဖြေရှင်းခွင့်လည်း မရပါဘူး။ အုပ်ချုပ်တဲ့ မအေပေးတွေကလည်း မဖြေရှင်းတဲ့၊ မကြိုးစားတဲ့အပြင် ကိုယ်တိုင် လည်း ရိုးသားတဲ့ အသိဥာဏ်နဲ့ယှဉ်တဲ့ စီးပွားရေး မလုပ်တတ်တိုင်း ဗိုလ်ချုပ်သားသမီး၊ ဗိုလ်မှူးကတော်။ ဗိုလ်မှူးကြီးဟောင်း တွေ ဇိမ်ခန်း၊ အနှိပ်ခန်း၊ ဗျူတီပါလာ။ Spa ထောင် စားနေကြတာ ဒီဖက် မြေဆီမှာပါ။ အနှစ် ၄၀ အတွင်း ထိုင်းပြည် တိုးတက် ရင်း ခုလို အားနည်းချက်တွေ ရှိကြတာ။ ဗမာပြည် စုတ်ပြတ်ကျန်ရစ်ရင်း ခုထက် ဆိုးတဲ့ အားနည်းချက်တွေ ရလိုက်တာ အဖြေက ရှင်းလို့နေပါတယ်။

  4. သာဓုပါဗျာ။ လိုအပ်တဲ့ စားရိတ်ငွေကို သူများပစ္စည်းမခိုး မ၀ှက် မတိုက်၊ လူမသတ် ပဲ ရှာနိုင်ကြတာ။ ကိုယ့်အားကိုယ်ကိုး နိုင်ကြတာ မင်္ဂလာပါ။ ဆင်းရဲလို့ဖြစ်ကြရတာမို့ ထောက်ပြဝေဖန် နိုင်တဲ့ သတင်းစာ၊ ဒါကို ဖော်ပြခွင့် ရတဲ့ တိုင်းပြည်မို့လည်း ကျေနပ်စရာပါ။ ပြဿနာက ဆင်းရဲတဲ့။ တစ်နည်းအားဖြင့် လူတိုင်းမချမ်းသာတဲ့ ပြဿနာပါ။ ဒါကို အစိုးရက ဆက်ကြိုးစား ဖြေရှင်းရပါမယ်။ တိုင်းပြည်ချမ်းသာအောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့ အမြင် တော့ ထိုင်း အစိုးရ အဆက်ဆက် (ခြစားမှု တွေရှိပေမယ့်) တိုင်းပြည်ချမ်းသာအောင် တိုးတက်အောင် ကြိုးစားနေခဲ့ကြတာပါ။
    အမင်္ဂလာက တော့ ဗမာပြည်ပါ။ အလားတူအဖြစ်မျိုး များစွာရှိပါတယ်။ ဖော်ပြခွင့်လည်း မရှိပါဘူး။ ဖြေရှင်းခွင့်လည်း မရပါဘူး။ အုပ်ချုပ်တဲ့ မအေပေးတွေကလည်း မဖြေရှင်းတဲ့၊ မကြိုးစားတဲ့အပြင် ကိုယ်တိုင် လည်း ရိုးသားတဲ့ အသိဥာဏ်နဲ့ယှဉ်တဲ့ စီးပွားရေး မလုပ်တတ်တိုင်း ဗိုလ်ချုပ်သားသမီး၊ ဗိုလ်မှူးကတော်။ ဗိုလ်မှူးကြီးဟောင်း တွေ ဇိမ်ခန်း၊ အနှိပ်ခန်း၊ ဗျူတီပါလာ။ Spa ထောင် စားနေကြတာ ဒီဖက် မြေဆီမှာပါ။

  5. ဘယ်လိုပဲဖြစ်ဖြစ် သူများနိုင်ငံမှာက လိင်အလုပ်သမားပင်ဖြစ်ညားလည်း သူတို့ကိုအကာအကွယ်ပေးထားတဲ့ ဥပဒေရှိတယ်။ ပြီးတော့ ပညာပေးတဲ့အဖွဲ့တွေရှိတယ်။ Customer က Condom မသုံးရင် တရားစွဲလို့ရတယ်။ ကျုပ်တို့နိုင်ငံမှာတော့ ဥပဒေတော့ရှိပါတယ်။ ဥပဒေရဲ့အထက်မှာ ဘဘကြီးများနဲ့ အပေါင်းအပါများရှိနေပါတယ်။ အဲတော့ လိင်အလုပ်သမားခြင်းအတူတူတောင်မှ သူများနိုင်ငံက လိင်အလုပ်သမားက ကျုပ်တို့နိုင်ငံက လိင်အလုပ်သမားထက် ပိုပြီး ဘ၀လုံခြုံမှုရှိပါတယ်။

  6. မိုက်တယ်ဗျာ တားတားကြိုက်ကြိုက်

  7. တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာ sex ဟာ မှု့ စရာ မလိုတော့ပါဘူး။ ငွေဟာ အဓိက ဖြစ်သွားသလိုပဲ။ တဘက်မှာ တိုးတက်ပေမယ့် ယဉ်ကျေးမှု့ ပိုင်းမှာ အတော့်ကို ဆုတ်ယုတ်ပါတယ်။ ထိုင်းနိုင်ငံ တက္ကသိုလ်တွေ ဟာ ကျောင်းဝင်ကြေး တအားကြီးပါတယ်။ ထိုင်းဟာ ဘန်ကောက်မြို့ လို မြို့ ကြီးတွေမှာသာ စည်ကားပေမယ့် ကျေးလက်တွေဟာ အတော့်ကို ဆင်းရဲနေသေးပါတယ်။ ကျေးလက်နေ လူငယ်တွေဟာ ထိုင်းနိုင်ငံ တက္ကသိုလ်ကြီးတွေမှာ တက်ဖို့ကို စိတ်မကူးရဲပါဘူး။ ဘာလို့လဲဆိုရင် ထိုင်းနိုင်ငံ တက္ကလိုလ် တခုရဲ့  semester တခုရဲ့  ကျောင်းလခ ဟာ ထိုင်းနိုင်ငံ အောက်ခြေအလုပ်သမား တယောက်ရဲ့  5 လစာလောက် ရှိပါတယ်။ ဒါတောင် ယူမယ့် subject ခ တွေ မပါသေးပါဘူး.။ ထိုင်းနိုင်ငံ မှာ လူမှု့  အဖွဲ့အစည်းတွေကနေ ထောက်ပံ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ဆင်းရဲတဲ့ လူငယ်တွေအတွက်ကတော့ အတော့်ကို နည်းပါတယ်။ ဒါကြောင့် ပညာရေးမှာ တော်တဲ့ မိန်းကလေးတွေဟာ သူတို့ ကျောင်းစရိတ်အတွက် လုပ်နေကြရတာပါ။ ဒါကို ထိုင်းအစိုးရကလည်း သိသိလျှက်နဲ့ မလုပ်ပေးနိုင်သေးလို့ လျှစ်လျှူ ရှု့ ထားရတာပါ။
    မြန်မာပြည်လိုပဲ ကျောင်းတွေက ဘွဲ့ ရလာပြန်တော့လည်း အလုပ်ရဖို့ကို အတော့်ကို ကြိုးစားရပါတယ်။ ယှဉ်ပြိုင်မှု့ တွေ သိပ်များပါတယ်။ ဒါပေမယ့် အလုပ်ရရင်တော့ ရတဲ့ လခက အတော့်ကို အဆင်ပြေပါတယ်။ ပညာတတ် တယောက်ရဲ့  ဘ၀ ကို အာမခံ ပေးနိုင်ပါတယ်။ နာမည်ကြီး ကျောင်းတွေက ဆင်းရင် အလုပ် ပိုလွယ်ပါတယ်။ နာမည်ကြီး ကျောင်းတွေက အလုပ်အတွက်ကို အာမခံ ပေးနိုင်ပါတယ်။ ဒါကတော့ မြန်မာပြည်နဲ့ မတူတာပါပဲ။
    တချိန်မှာ ထိုင်းကျောင်းသူတွေလို မြန်မာ မိန်းကလေးတွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းရပါလိမ့်မယ်။

    1. သားသားလေး
      မင်းပြောတာလုံးဝမှန်ပါတယ်…ကောင်းတယ်…ဒါမျိုးလေးတွေ နောက်လဲ ရေးပေးပါဦး..ဒီလိုအတိအကျသိပြီးရေးတာ
      ကိုယ်တော့အရမ်းသဘောကျပါတယ်..မသိပဲနဲ့ယောင်ဝါးဝါးပြောနေကြတာတော့ စိတ်မကောင်းဘူးကွာ..မင်းလိုမျိုးတွေဖြစ်
      စေချင်တယ်…လေးစားပါတယ်…

  8. ကမ္ဘာပေါ်မှာ ဖာလုပ်ငန်းကို တရားဝင် လုပ်ခွင့်မရတဲ့နိုင်ငံ အနဲငယ်သာရှိပါတယ် အဲဒီနိုင်ငံက ဖာတွေခမျာ ရဲကိုငွေပေးရ ဟိုဟာကျွေးရ နဲ့ ရပ်တည်နေရတာပါ

  9. ပိုက်ဆံရှာရတယ်ခက်ခဲပါတယ် ဒါပေမဲ့လွယ်ကူတဲ့လမ်းကိုလိုက်တဲ့သူတွေသာ ခုလိုဘ၀တွေကို ရောက်ပါလိမ့်မယ် တချို့အကြောင်းအမျိုးမျိုးကြောင့် ခုလိုအနေအထားကို ရောက်သွားပေမဲ့ အတိုင်းအတာ limit လေးတော့ထားပေါ့ မဟုတ်ပဲ dollar ကြောင့်ထပ်ပြီးစည်းတခုကို ကျော်မယ်ဆိုရင်တော့ ဘာဖြစ်မလည်း (သေချာစဉ်းစားကြည့်တော့လည်း ကျနော်လည်းသေချာမသိတော့ဘူး ရှေးက ဘုရားရှင်လက်ထပ်က အမ္မဗာလီတို့လို နေရင်းထိုင်ရင်း နိုင်ငံ ပြည့်တန်ဆာ ဖြစ်သြွားတာကြီးကျ ဘာကြီးမှန်းကိုမသိဘူး) တခါခါလည်း ဘာမှန်းမသိပါဘူး လောကကြီးက ၀ဋ်ပေါ့ဗျာ ၀ဋ်ပေါ့………

  10. စီးပွားရေးမကောင်းရင်..နိုင်ငံရေးလဲမကောင်းဘူး..နိုင်ငံေ၇းမကောင်းတော့ဘူးဆိုရင်အကုန်ပျက်ပြီ..ဒီတော့
    သူများတိုင်းပြည်က မိန်းကလေးတွေအကြောင်းမပြောဘဲကိုယ်နိုင်ငံက မိန်းကလေးတွေအကြောင်းတို့.ကိုယ့်
    တိုင်းပြည်စီးပွားရေးအကြောင်း.နိုင်ငံရေးအကြောင်းတို့..ပြောပါလား..မလေးရှား.ထိုင်း..မြန်မာ ဖာ များ
    လွန်စွာပေါနေပါသဖြင့် ကို bebarve သုံးစွဲချင်ရင် ဖတ်ခေါ်ပါတယ်ဗျ..ကူညီပေးပါ့မယ်..ဘာမှမလုပ်ဘဲနဲ့
    အလကားရတဲ့ကွန့်မန့်မှာလာရေးပြီး simple.လိုတော့မလုပ်ပါနဲ့ဆရာ be barve. ၇ယ်..

  11. ကို be barve.. သူများနိုင်ငံအကြောင်းတော့ပြောတာဟုတ်ပါပြီ၊ ကျနော်တို့ မြန်မာပြည်ရန်ကုန်..မန္တလေး..အစရှိတဲ့မြို့
    ကြီးတွေမှာဘီယာဆိုင်တွေမှာသီးချင်းဆိုနေတဲ့ကောင်မလေးတွေ၊နောက် ဧည့်ကြိုလုပ်နေတဲ့ကောင်မလေးတွေရော..နောက်
    culture guide..ဆိုပြီးနိုင်ငံခြားတွေကိုဘာသာပြန်တယ်ဆိုပြီးလိုက်အိပ်နေတာတွေ..နယ်ဝေးတွေမှာခရီးဝေးတောရွာတွေ
    သွားပြီး လေ့လာတယ်ဆိုပြီး ကုန်းနေတာတွေ..က ဘွဲ့ရတွေဆိုတော့သူတို့ကျတော့ ကိုbebarve.ဘယ်လိုလဲ
    ပြောပြပါအုန်းဗျ..နောက်ဘီယာဆိုင်မှာအဆိုတော်တွေနဲ့..ဧည့်ခံကြိုဆိုရေးကောင်မလေးတွေကလဲ တက္ကသိုလ်ကျောင်းသူ
    တွေပဲ နော်… be barve ရေ…မြန်မာပြည်မှာတရားမ၀င် ဖာ တွေက ထိုင်းစံချိန်ကိုချိုးဖို့ကျိုးစားနေတယ်ဗျို့..
    ဟီဟီ..သူများနိုင်ငံကမိန်းကလေးတွေအကြောင်းပြောပြီး ကိုယ့်နိုင်ငံက အကြောင်းမေ့နေတယ်ထင်လို့သတိပေးတာပါ..
    ဟီဟီ.ရီရတယ်.

  12. be barve
    မင်းပြောတာမှန်သင့်သလောက်မှန်ပါတယ် ဒါပေမဲ့ မင်းမှာပိုက်ဆံမရှိတော့တဲ့အချိန်မှာ မင်းဘာလုပ်ရင်ကောင်းမလဲ
    မှန်မှန်ကန်ကန် စဉ်းစားနိုင်လိမ့်မယ်လို့မင်းထင်သလား..လုပ်မိလုပ်ရာ ရမိရရာ မင်းလဲလုပ်မိလိမ့်မယ်လို့ ကိုယ်တော့
    ထင်တယ်..တို့ဘာသာနဲ့ဆိုရင်တော့ ကံစီမံရာအတိုင်းပါပဲကွာ..ကိုယ်ဖြစ်ချင်တာမဖြစ် မဖြစ်ချင်တာဖြစ်နေရတဲ့ဘ၀တွေပါ

  13. ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဖာလုပ်ငန်းတရားဝင်ရှိပါတယ်။ ကျောင်းသူတွေ ကျောင်းလခ မတတ်နိုင်လို့ အဲ့လိုလုပ်စားတယ်ဆိုတာမကြားဖူးပါဘူး။ အစိုးရက နိုင်ငံသားတွေအတွက် အခွင့်အရေးတွေ ထောက်ပံ့ကြေးတွေပေးပါတယ်။ ၀ါသနာပါလို့လုပ်စားတယ်ဆိုတာတော့ ချွင်းချက်ပေါ့။

  14. စိတ်မကေင်းစွာပဲ ထိုင်းနိုင်ငံထဲမှာ ရွှေဖာ များလည်း ရနိုင်ပါတယ်. မြန်မာအမျိုးသမီးတွေကိုလည်း
    နေ့စဉ်အမျှ သတိပေးကြပါဦး

  15. မင်းကဒီလိုပြောရအောင်
    မပြည့်စုံတဲ့ဘ၀မှာမင်းနေဖူးလို့လား
    သူတို့ကဘ၀နဲ့ရင်းပြီး
    ဖာခံပေးမယ့်အသိရှိတယ်
    ကိုယ့်ဘ၀ကိုကြိုးစားနေတာ
    ဖာထပ်ဖြစ်ဖို့ကြိုးစားနေတာမဟုတ်ဖူး
    မင်းကဘာသိလို့ရေးတာလဲ
    မင်းကဘယ်လောက်သိလို့လဲ

    1. အစ်ကို linnkoko ခင်ဗျား။ ကျွန်တော်ရဲ့ မသိနားမလည်မှု တွေအရမ်းများပြားနေတယ်ဆိုတာ လက်ခံပါတယ်ခင်ဗျာ။ ကျွန်တော် သိသလောက်နဲ့ ကျွန်တော်တို့ အစ်ကိုတိုရဲ့ အမနှမ တွေကို အတုယူမမှားအောင် မှားယွင်းတဲ့ အားကျမှုမဖြစ်အောင် ဖိရေးချလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံရဲ့ အနာဂတ်လေးများဆိုတဲ့ အာဘော်ကို မအားကျစေခြင်လို့ပါခင်ဗျာ။

  16. ထိုင်း မလေးတွေက အနာဂတ်မျှော်လင့်ချက်မြောက်များစွာနှင့် ဒီနေရာကိုရောက်လာပေမေ့ သိက္ခာရှိပါသေးတယ်။ တို့နိုင်ငံ ဆိုရင် ရုပ်ရှင်ရုံ၊ ရထားဘူတာ၊ ကားဂိတ်၊ အားလုံးနေရာတိုင်းမှာပါပဲဗျာ ၁ ဒေါ်လာလောက်ဆို ငါးယောက်လောက် ရတယ် ရင် နာစရာတွေပေါ့

    1. ၅ဒေါ်လာပေးမှ ၁ယောက်ရတာပါဗျာ ဒါတောင် ၁ နာရီဘဲရတာ ကျုပ်တို့နိင်ငံတော်ကြီး အရာရာဈေးတက်နေပြီဗျ ဟွင်း

  17. in future,this is very bad condition.Myanmar also very bad condition and now.Mothers are calling customer for her daughter.You can see in front of ShweGon cinema hall in Yangon and Bago.we worried for our future.Any body can save us from this worst life condition?

  18. ဒီလိုသတင်းမျိုးတွေက နိုင်ငံသားတွေကိုဖျက်ဆီးနိုင်တယ်။အရင်တုန်းက မိဘကို မကောင်းတာလုပ်ပြီး ရှာကျွေးတာကို ဂုဏ်ယူစရာလိုလိုပြောတယ်။ကိုရီးယားရုပ်ရှင်တွေမှာလို မလုံတာကို ယဉ်ကျေးမှုလို့ ဂုဏ်တင်တယ်။ဘယ်လိုဘဲဖြစ်ဖြစ် စနစ်တကျနဲ့ ပျက်စီးစေတယ်။တစ်မျိုးသားလုံး ကျန်းမာကြံ့ ခိုင်ရေးနှင့်ပညာရည်မြင့်မားစေဖို့ ဘာတွေလုပ်နေလဲ။လူတွေအချင်းချင်း မကောင်းတာလုပ်တာကို ရှုံ့ ချကြစေချင်တယ်။ညီမ အရင်း မရှိရင်တောင် ဝမ်းကွဲတော့ရှိမှာပါ။သတင်းတစ်ခုကြောင့် လူ့ ပတ်ဝန်းကျင်ထိခိုက်နိုင်ပါတယ်။

  19. ကိုယ့်တိုင်းပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည့်တန်ဆာဖြစ်နေကြတဲ မိန်းခလေးတွေ ဒုနဲ့ဒေး ဖြစ်နေတာကြတော့ရော ?
    ဘာဖြစ်လို့လဲဆိုတာ be barve ပဲ ထပ်မံပြီး ပြည့်စုံအောင် ကွန့် မင့်လေး ရေးပေးပါအုန်းဗျာ။

  20. ထိုင်းနိုင်ငံတော့ တရားဝင်ဖာခံတဲ့အလုပ်ကိုလုပ်နေပြီ။ကျောင်းတက်နေတဲ့အချိန် ၀င်ငွေလိုလို့ဆိုပြီး ဖာခံတယ်။ ကျောင်းပြီးသွားရင် လည်း အလုပ်မရသေးလို့၊ ရတဲ့အလုပ်က ၀င်ငွေနည်းလိုဆိုပြီး ဖာခံအုန်းမှာဘဲ။ အနာဂတ်မှာ ၀န်ကြီးချုပ်ဖြစ်ရင်တောင် ဖာခံတဲ့အကျင့်ကစွဲနေမှာဘဲ။ ၀မ်းနည်းစရာပါဘဲ။ လုံးဝရှုံ့ချပါတယ်။အကြောင်းပြချက်မခိုင်လုံပါဘူး။ ပညာတတ်ဆိုတာ မိမိကိုယ်ကို တန်ဖိုးထားရမှာပါ။ မိမိကိုယ်ကို တန်ဖိုးမထားတဲ့သူဟာ သူ့ပတ်ဝန်ကျင်ကိုလည်း တန်ဖိုးထားမှာမဟုတ်ဘူး။ ပြီးတော့ သူနိုင်ငံကို လည်း တန်ဖိုးထားမှာမဟုတ်ဘူး။

Comments are closed.