စစ်အစိုးရက ၀ယ်ယူထားသည့် လေယာဉ် ရုရှားတွင် ပျက်ကျ

မြန်မာ လေယာဉ်မှုး နှစ်ဦး သေဆုံး

ပျက်ကျသွားသည့်လေယာဉ် ရှရာသို့ ကယ်ဆယ်ရေး အဖွဲ့ များရောက်ရှိလာပုံ ကို ရုရှား ရုပ်သံဌာန တစ်ခု က ရိုက်ကူးထားစဉ်

FNG ၊   ၊လေ့ကျင့်ပျံသန်းမောင်းနှင်နေ စဉ် လေယာဉ် ပျက်ကျမှု ကြောင့် မြန်မာ နိုင်ငံသားလေယာဉ်မှုး
နှစ်ဦး အပါအ၀င် ခြောက်ဦးသေဆုံးသွားသည် ဟု ယနေ့ ထုတ် မော်စကိုတိုင်းသတင်းစာ တွင်
ဖော်ပြထားသည်။

ပျက်ကျသွားသည့် လေယာဉ် သည် မြန်မာ စစ်အစိုးရ က ၀ယ်ယူရန် ကမ်းလှမ်း ထားသည့်
လေယာဉ်ဖြစ်ပြီး Antonov An-148 အမျိုးအစား လေယာဉ်ဖြစ်သည်။

လေယာဉ် ပျက်ကျသည့် နေရာသည့် မော်စကို မြို့ တောင် ဘက် ကီလိုမီတာ ၆၀၀ ခန့် ဝေး
ကွာသည့် ဗော်ရောဇ် ညာ ကျေးရွာ နေရာ တွင် ဖြစ်သည်။

လေယာဉ် ပျက်ကျသည့် သတင်း နှင့် ပတ်သက် ၍ မော်စကို ရှိ မြန်မာ သံရုံးမှ တစ်စုံတစ်ရာ
သတင်းထုတ်ပြန် ခြင်း မရှိ ဟု ရေးသားထားသည်။အဆိုပါလေယာဉ် ပျက်ကျမှု ကို မော်စကို
ရှိ မြန်မာ သံရုံးကလည်း မသိရှိ ဟု ဆိုသည်။

ယမန် နှစ် က မြန်မာ နိုင်ငံ သည် ရုရှား ထံမှ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးရှိ စစ်
လေယာဉ်များ ၀ယ်ယူခဲ့သည်။

အရပ်ဘက် သုံးထိုလေယာဉ် သည် ရုရှား နိုင် ငံတွင် တည် ဆောက် ထားခြင်းဖြစ်သည်။

8 thoughts on “စစ်အစိုးရက ၀ယ်ယူထားသည့် လေယာဉ် ရုရှားတွင် ပျက်ကျ

  1. ဒါလမ်းစပဲ……
    တပ်ထဲကလူတွေအနေနဲ့ လက်တစ်ဆုပ်စာလူတွေကြီးပွားချင်တိုင်းကြီးပွားပြီး
    အောက်က အခြားအဆင့်တွေအတွက် ဘာဘဝအာမခံချက်မှမရှိဘူးဆိုတာ
    သက်သေပြနေတာပဲ….
    စဉ်းစားကြဖို့ကောင်းပြီ တပ်ကချမ်းသာတာတော့ဟုတ်ပါရဲ့
    တစ်ကယ်တန်းစစ်လက်နှက် Quality ချင်းယှဉ်လိုက်ရင် ဗမာစစ်တပ်ဟာ
    အရှေ့တောင်အာရှမှာတောင် ဖွတ်ကြားအဆင့်ပဲရှိပါတယ်
    အဲဒါကြောင့်ပဲ သန်းရွှေဟာ အနုမြု ဆိုတဲ့လူရိုသေရှင်ရှိသေဖြစ်မယ့်လူသတ်လက်နှက်ကို
    ငန်းငန်းတက်လိုချင်နေရတာပဲဖြစ်ပါတယ်။
    သူလဲစစ်သားကိုယ်လဲစစ်သား အနှိင်ကျင့်သမျှငြိမ်ခံနေကြတာတော့ဗျာ..
    သွေးနည်းလွန်းအားကြီးပါတယ်…ဗမာ့တပ်မတော်သားကြီးတို့ရယ်

  2. အင်း အလောင်းတွေပြန်ရပါတယ် သေသူက သေသွားတာတောင် မှ ၀မ်းသာသယောင်ပြောနေကြသေး အော် …….လူ လူ လူ ဘာမှန်းကို မသိတော့ပါဘူးကွာ

  3. အင်းသူများအဟောင်းထည်တွေကိုအထင်ကြီးနေတဲ့ သန်းရွှေမျိုးရိုးတွေလေ ဖြစ်သင့်ပါတယ်။ အဖေခေါ်မှားနေတဲ့သူတွေဆိုတော့။ အင်းဒါတောင်မြန်မာပြည်ကိုမရောက်သေးဘူး လေယာဉ်က ရောက်လာရင်တော့လား ဗိုလ်သန်းရွှေ ဂေဟာကို တောင်ဝင်တိုက်မိအုန်းမယ်ဟဲဟဲ ။ ကောင်းကောင်းမမောင်းတတ်လို့လေ။

  4. ဒါ..အစ နိဒါန်းးပဲရှိသေးတယ်…နောက်ဆိုရင်ဒီထက်ပိုဆိုးတဲ့သတင်းတွေ ကြားရဦးမှာ..အကုသိုလ်အကြိုးပေးနေပြီလေ

  5. ဒီသတင်းအမှန်ဆို စိတ်မကောင်းစရာပဲ
    မြန်မာပြည်က Simple တို. Joker တို.အမျိုးတွေလည်း မျက်ခုံးလှုပ်နေလောက်ပြီ…

  6. အဲဒီလိုတွေပြီးတော့ အလောင်းတွေကောပြန်ရရဲ့ လား

Comments are closed.