မြောက်ကိုရီးယား အကူအညီဖြင့် တာဝေးပစ်ဒုံး လက်နက် ထုတ်လုပ်မှု တိုးတက်

အောင်မြင်၊       ၊မြန်မာစစ်အစိုးရ ၏ တာဝေးပစ်ဒုံးကျည် ထုတ်လုပ်ရန် ကြိုးပမ်းလုပ်ဆောင်နေ
မှုသည် မြောက်ကိုရီးယား နိုင်ငံ ၏ နည်း ပညာပံ့ပိုးကူညီမှုတွေကြောင့် အောင်မြင်လုနီးပါးတိုး
တက်မှုရှိနေပြီ ဖြစ်ကြောင်းကို ယနေ့ဂျပန်နိုင်ငံထုတ် သတင်းစာတစောင်ဖြစ်တဲ့ ဆာကေး ရှင်ဘွန်းသတင်းစာတွင် ဖေါ်ပြထားသည်။

မြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံဟာ ၂၀၀၈ခုနှစ်က စတင်ပြီးအဆင်မြင့် စစ်လက်နက်ပစ္စည်းများ
ထုတ်လုပ်ရန်အတွက် တရားဝင်နီးနီးကပ်ကပ် ဆက်ဆံမှုရှိပြီးနောက် ယနေ့အချိန်တွင်နှစ်နိုင်ငံ လျို့ဝှက်ပူးပေါင်းဆောင်ရွက်မှုများခိုင်မာသထက်ခိုင်မာလာနေသည်ဟုရေးသားထားသည်။

စန်ကိရှင်ဘွန်းသတင်းစာတွင်မြန်မာနိုင်ငံ မကွေး တိုင်းအတွင်းရှိမင်းလှမြို့အနီးရှိ စစ်အစိုး၏ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွင်မြောက်ကိုရီးယားနိုင်ငံ သား တာဝေးပစ်ဒုံးကျည်ဆိုင်ရာ
ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ကို ဆောင်ရွက်နေကြောင်းဖေါ်ပြပါရှိသည်။

မြန်မာစစ်အာဏာရှင်တို့တာဝေးပစ်ဒုံးကျည်ပိုင်ဆိုင်သွားပါက ဒေသတွင်းစစ်ဘက်ရေး
ရာခြိမ်းခြောက်မှုအန္တရာယ်ရှိနိုင်မှုကို  အိမ်နီးခြင်းနိုင်ငံများရဲ့ စစ်ဘက်ကျွမ်းကျင်သူများကအထူးစိုးရိမ်
မကင်းဖြစ်နေကြသည်။

8 thoughts on “မြောက်ကိုရီးယား အကူအညီဖြင့် တာဝေးပစ်ဒုံး လက်နက် ထုတ်လုပ်မှု တိုးတက်

  1. တာဝေးပစ်ပါဆို မှ ဒီလောက်နီးနီး ကပ်ကပ် ပစ်ချင်ရင် လက်ပစ်ဗုံး သုံးလို့ရပါတယ်.. ဘယ်လိုများတွေးခေါ်နေကြလဲ မသိဘူး..

  2. ကျနော်တို့ နိုင်ငံလဲ တဖြည်းဖြည်းနဲ့ မြောက်ကိုးရီးယားလိုဖြစ်တော့မယ်ဗျာ။မြောက်ကိုရီးယားက ပြည်သူငတ်နေသလို ကျနော်တို့တိုင်းပြည်လဲ မကြာခင်……။

  3. ဒီကောင်တွေ တာဝေးပြစ်ဒုံးကိုပိုင်ဆိုင်ရင်တော့ မြန်မာပြည်ကြီးအတွက်ရင်လေးစရာဘဲ နိုင်ငံတွင်းတည်ငြိမ်မှုဆိုတာရှိလာမှာမဟုတ်တော့ဘူး။ ဒါကြောင့်တိုင်းရင်းသားအဖွဲ့အစည်းတွေ စုပေါင်းပြီးတိုက်ပွဲကိုရဲရဲဝင့်ဝင့်နဲ့ ဒီထက်ပြင်းပြင်းထန်ထန်တိုက်စေချင်တယ်။ စစ်အစိုးရကိုရေလိုက်ငါးလိုက်လုပ်နေရင်တော့ ခံစားရမှာကတော့ တိုင်းရင်းသားတပ်ပေါင်းစုတွေဘဲ။ ပြည်သူတွေကတော့ စစ်ခွေးတွေရဲ့ ဖိနှိပ်မှုကိုခံနေရတာကတော့ ဟိုးအရင်ကတည်းကပါ။ ဒါကိုတိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့သိသင့်ပါတယ် ပြည်သူတွေအတွက် ရင်လေးတယ်ဆိုရင် ပူးပေါင်းပြီးဒီထက်ပြင်းထန်တဲ့တိုက်ပွဲကို စဉ်နွဲသင့်ပါတယ်။ စစ်ခွေးတွေ အစွယ်မထက်ခင်မှာပေါ့ ချစ်တဲ့တိုင်းရင်းသားများ။

  4. အောင်မြင်သွားလျင် တရုပ်ပြည်ကိုအရင်ဆုံး အစမ်းတိုတက်ကြည့်ရမှာကို

  5. ဘာမှမဆိုင်ဘူး.. စောင့်တလွဲတွေကြီးပဲ ပြောလိုက်ရင်… ဒီမိုကရေဆီဆိုတဲ့ကောင်တွေ ဘာတွေတွေးပြီး ဘာတွေပြောနေမှနန်းကိုမသိဘူး.

    1. ကိုဂျိုကာရယ်…မျှမျှတတတော့တွေးပါဗျာ…ကျွန်တော်ကစစ်အစိုးရကိုအဆိုးချည်းပဲလို့
      တော့မပြောပါဘူး…သူတို့ကောင်းတဲ့ဘက်မှာလည်းအများကြီးကောင်းခဲ့ပါတယ်။
      ဒါပေမယ့်…မျက်စိစုံမှိတ်ပြီးအကောင်းချည်းပဲမြင်နေရင်တော့သိပ်သဘာဝမကျဘူးလို့
      ကျွန်တော်မြင်တယ်ဗျာ။ နည်းနည်းတော့တစ်ဘက်စွန်းရောက်နေတာလေးကိုပြုပြင်စေချင်
      တယ်။ စေတနာနဲ့ပါ။

  6. အင်း ဒီတာဝေးပစ်ဒုံးသာပြီးမြောက်အောင်မြင်သွားရင် မြန်မာပြည်သူတွေ၊ သံဃာတော်တွေ ဘယ်လောက်ထပ်သေဦးမလဲနော်။ အာဏာရှင်စနစ်ဆိုး ကျဆုံးပါစေ။ မြန်မာပြည်ကြီးအေးချမ်းပါစေ။

    1. မဆိုင်တာဗျာ။ ဒီတာဝေးပစ်ဒုံးနဲ့ သံဃာတော်နဲ့ ၊ မြန်မာပြည်သူနဲ့ ဘာဆိုင်လည်း။ fighter8888 ရယ် ငါ့စကားနွားရ မပြောစမ်းပါနဲ့။ ko mg ပြောသလို နီးနီးပစ်ချင် လက်ပစ်ဗုံးသုံးမှာပေါ့။ မျက်ရည်ယိုဗုံးသုံးတာတောင် ၀ိုင်းအော်နေတာ။ ဒီလို ဘယ်လုပ်မတုန်း။ ဧဉ်းစားပြီးမှ ပြောပါဗျာ၊ dream ကလည်း အဆင်း ဘီးတပ် ၊ ဓာတ်ဆီကော စက်ဆီပါလောင်းပေးနေတယ်၊ ခင်ဗျား ခွဲထွက်ရေးသမားလား၊ ဒီနိုင်ငံ ဒီလိုစုစုစည်းစည်းလေး မနေချင်ဘူးလား။ ခင်ဗျားက ကျိုက်ထီးရိုးတို့၊ အင်းလေးတို့ ၊ မြစ်ကြီးနားတို့ကို ဗီဇာ လုပ်ပြီးသွားချင်တာလား။ စီးပွားရေးအမြတ်ထုတ်ဖို့ကြံနေတာလား။
      မြန်မာပြည်ကြီး စည်းစည်းလုံးလုံး နဲ့ ငြိမ်းချမ်းပါစေ။ ဒီမိုကရေစီ တို့မီး ရှို့မီးများ ကျဆုံးပါစေ။ အမှန်အကန် ဒီမိုကရေစီ သမားများ အောင်မြင်ပါစေ။

Comments are closed.