
FNG။ ။မြန်မာ နိုင်ငံ တွင် ပြည်သူများ ၏ အထွေထွေ မကျေနပ်မှု များ ကြောင့် အာရပ် နိုင်ငံများကဲ့
သို့ ရဲဝံ့သတ္တိ ရှိသော လူထု အုံကြွ မှုများ ပေါ်ပေါက် လာပါက နေ ပြည်တော် သို့ ပါကူးစက်
နိုင် သည် ဟု စစ်အစိုးရ ရုံး စိုက် ရာ နေပြည်တော် မြို့ တွင် လွှတ်တော် အစည်း အဝေး တက်
ရောက် ရန် ရောက် ရှိ နေသည့် ဥပဒေ ပြု အမတ် တစ်ဦး က Freedom News Group သို့ 
ပြောသည်။
အမည်မဖော်လိုသည့် ထို လွှတ်တော် အမတ် က “ဒီမှာ လည်း အခြေခံ လူတန်းစားလွှာတွေ
များလာပြီ ၊ နောက် ၀န်ထမ်းတွေ လည်း များလာပြီ လေ ဟိုတယ်မှာ လုပ်နေ တဲ့ ၀န်ထမ်းတွေ
တောင် မပြေ လည် ဘူး လို့ ညည်းကြတယ်၊ ကျန်တဲ့ သူတွေ ဆို ဘယ်လိုပြေ နိုင်မလဲ မလဲ “
၎င်း ကပြောသည်။
ရန်ကုန် နှင့် အခြား နိုင်ငံ တ၀ှမ်း တွင် ဆန္ဒပြ ပွဲများ ဖြစ်ပါက နေပြည်တော်ရှိ သာမန် ပြည်သူ
လူထု သည် လည်း စည်းရုံးလှုပ်ရှားလာပြီး အုံကြွမှု စပါက စစ်ခေါင်းဆောင် များ ပြေးပေါက်
ပိတ်သွား နိုင်သည် ဟု သုံးသပ် ပြောကြားသည်။
မြန်မာ နိုင်ငံ တွင် လူထု အုံကြွမှု ဖြစ်ပွား ပါက အတိုက် အခံ များ ဦးဆောင် လျှင် အီဂျစ် ပုံစံ
ဖြစ်နိုင် ပြီး လူထု ကို အပြည့်အ၀ ဦးဆောင်နိုင်သည့် သူ ကင်းမဲ့ ပါက လစ်ဗျား ပုံစံ ဖြစ် နိုင်သည်
ဟု မြန်မာ စစ်ဗိုလ်ချုပ် များ ကလည်း သုံးသပ် ထားသည်။

လက်တွေ့ပြောလိုက် ကိုယ်တွေ့ပြောလိုက်နဲ့ အပြောနဲ့ပဲ အချိန်ကုန်နေကြလို့ မောင်သန်းရွှေ က မြန်မာပြည်ကို ဖာသည်နိုင်ငံဖြစ်အောင်လုပ်နေတာ။
ပါပါကြီး မင်းကအရပ်းနုနယ်သေးပါတယ် မင်းရဲ့ လွတ်မြောက်ချင်စိတ် လွပ်လပ်ချင်စိတ် နဲ့လုပ်ချင်ကိုင်ချင်စိတ်တွေကိုငါလေးစားပါတယ် ငါကလူငယ်တစ်ယောက်မဟုတ်ပါဘူး အသက်(၅၀)ကျော်ပါပြီကွာ တော်လှန်ရေးအစိုးရလက်ထက်ထဲက စစ်အုပ်ချုပ်ရေးကိုတွန်းလှန်နေတဲ့ကောင်ပါကွာ သေတဲ့အထိလည်းတွန်းလှန်သွားမှာပါအခုချိန်ထိသူကိုမနိုင်ပေမဲ့ သူကိုတော့သူကိုတော့ရတဲ့နည်းနဲ့တိုက်နေမှာဘဲကွ
နောက်ဆုံး ကုန်ကုန်ပြောမယ်ကွာ ဘာမှမတတ်နိုင်လျင်အောင်အိပ်ယာမှာအိပ်နေရင်းဒင်းတို့ကိုကျိန်ဆဲနေမှာကွ။ ပါပါကြီးမင်းလောက်မပြောနဲကွ ဒေါ်စုလိုဝိတ်တာကြီးတစ်ယောက်ကတောင်ကျမတစ်ယောက်ထဲမလုပ်နိုင်ပါဘူး NLD လည်း
မတတ်နိုင်ပါဘူး အားလုံးညီညွတ်မှရမယ်လိုပြောနေတာမင်းကြားသလား အားလုံးလိုချင်စိတ်တွေညီလာပြီဆိုလျင် မောင်ရင်ရေ လက်ခမောင်းခတ်လို့ရပြီ အခုဒေါ်စုလူတွေကို သင်တန်းပေးနေတာမင်းတွေ့လား လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုအရင်ပြင်ပေးနေရတယ်ဆိုတာမင်တွေ့လား ကိုယ်လူမျိုးတွေဘာဖြစ်နေတယ်ဆိုတာမင်းမြင်လား
လုပ်ချင်တိုင်းလုပ်မရဘူးကောင်လေး လုပ်ချင်စိတ်ကိုတော့ချီးကြူးပါတယ် ကြိုဆိုပါတယ် ကြိုက်ပါတယ် ဒါပေမဲ့မင်းတကယ်လုပ်ချင်လျင် ဒေါ်စုကိုတတ်နိုင်သလောက်ဝိုင်းကူလိုက်ပါကွာ ငါပန်ကြားပါတယ်ကွာ။မင်းအရင်ဆုံးစည်းရုံး
ရေးဆင်းကြည့်လိုက်ပါ (၂) လုံးထိုးဘို့နဲ့ ဘောလုံးပွဲလောင်းဘို့လောင်တောင်စိတ်မ၀င်စားဘူကွ။ မင်းကြောင့်နောက်နေ့
(၂)လုံးမထိုရဖြစ်မှာကြောက်ပြီးသတင်းပေလိုက်တာတောင်ခံရနိုင်တယ်နော်သတိထားကွ။ငါဗမာပါကွ ငါအမျိုးအကြောင်းးငါပြောနေတာ ပါ အရှိကိုအရှိအတိုင်းမမြင်နိုင်လျင် ကိုယ်ကိုကိုယ်သိပ်အထင်ကြီူးနေလျင်တော့ ဝေးပါသေတယ် ဟိုနေ့ ကျော်ကိုကိုဆိုတဲ့ကောင်ကိုကြည့်လိုက်ပါဘယ်လောက်ညံ့ဖျင်ူလည်းဆိုတာဒီလိုပုံစံမျိုးနဲ့အောင်ပွဲရဘို
တော့ ငါမပြောချင်တော့ပါဘူးကွာ သူတော်ကောင်းကြီး ချိန်တန်ပြီရေ အိမ်နာနီးလျင်မင်းအိမ်ပေါ်ပိုင်စိုးပိုင်နင်းတက်နေလိုက်ချင်တယ် မင်းကပြသနာမဖြစ်ချင်တော့အလွယ်တကူဆင်းပေးမှာဟုတ်လား
အချောင်ရတာပေါ့ကွာ မင်းနေရာငါမသိတာနာတယ်ကွာ။
parpar gyi ကပြောလိုက်ရင် ဒီလက်တစ်ဆုပ်စာ လုပ်နေတဲ့သူတွေပဲ ပြောနေတယ်… တကယ့်စိတ်ရင်းမှန်နဲ့ လုပ်နေတဲ့သူတွေက အနည်းစုပါဗျာ… အူမတောင့်မှ သီလစောင့်လို့ရတယ်…
ကျနော့်သူငယ်ချင်း ဆရာဝန်တယောက် အခု AIDS အကူအညီပေးရေးမှာ ၀င်ကူညီပေးနေတယ်… ဒါပေမယ့် ပေါ်ပေါ်တင်တင်မဟုတ်ဘူး… မသိမသာလေး ၀င်ကူပေးနေရတယ်… အစိုးရသိသွားရင် လက်ရှိအလုပ်အကိုင်လေးပျောက်ဖို့ များလို့တဲ့… ကြောက်နေရတာများဗျာ… စေတနာ့ဝန်ထမ်းလုပ်လို့ ထောင်ထဲ ရောက်တဲ့သူတွေရှိတာလဲ အများကြီးပါပဲ…
အဲဒီလို လူမျိုးရှိသလို စေတနာ့ဝန်ထမ်းဆိုပြီး ပိုက်ဆံဝါးလား ရှာဖို့ချောင်းနေတဲ့သူတွေလဲ တပုံကြီးပဲ… တကယ်စိတ်ရင်းအမှန်နဲ့ လုပ်တဲ့သူတွေကို တကယ်လေးစားပါတယ်… ထိပ်ဆုံးကဆိုရင် ကိုကျော်သူတို့လိုပေါ့… ဒီလို စိတ်ရင်းမှန်နဲ့ စေတနာ့ဝန်ထမ်းလုပ်တာနဲ့ ထောင်နှုတ်ခမ်းပေါ်လျှောက်တာနဲ့ အတူတူပဲ…
“အောင်” ပြောခဲ့သလိုပဲ… နောက်တခုက ဘယ်သူမှ ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက်ကို မနှိမ်ချင်ဘူး… ကြက်အချင်းချင်းခွပ်ရင်တောင် ကိုယ့်ကြက်ကို လူတိုင်းနိုင်စေချင်တာပဲ… ဒါပေမယ့် ကိုယ့်လူမျိုးတွေ အနှိမ်ခံနေရတာ ကိုယ်အသိဆုံး… အမှန်ကို ဖွင့်ဟပြနိုင်ရမယ်… ဦးနေ၀င်းခေတ်ကလို မရှိတာကို အရှိလုပ်နေစရာမလိုဘူး… ကျုပ်တို့တွေမှာ ဘာရှိတယ် ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးပဲ စဉ်းစားသင့်တယ်…
ဘာကို တာဝန်မကျေတာလဲ… ကျုပ်တို့ ဘ၀ပျက်တဲ့အထိ ဒါမှမဟုတ် သားစွန့် မယားစွန့်တဲ့အထိ တိုက်ရအုန်းမှာလား… ခင်ဗျားလဲ ပြောလိုက်ရင် တကယ်တလွဲကြီးပဲ… ကျုပ်တို့တွေပြည်သူတွေ သတ္တိရှိရှိနဲ့ ဘယ်လောက်ရင်းခဲ့ပြီလဲ… အီဂျစ်တို့ လစ်ဗျားတို့မှာ သေတာလောက်တို့ ကျုပ်တို့နိုင်ငံမှာဖြစ်ခဲ့ဖူးတဲ့ အရေးအခင်းမှာသေသွားတဲ့ အရေအတွက်က ပိုများပါတယ်ဗျာ…
နိုင်ငံရေးလုပ်ပြီး ထောင်ထဲမှာ တသက်လုံးနေနေရတဲ့သူတွေ အများကြီးပါ… လူတွေက အဲဒါကို မခံချင်တော့ဘူးဗျ… ကျုပ်တို့မှာ သင်္ခမ်းစာတွေ တော်တော်များများရလိုက်ပါပြီဗျာ…
ကျုပ်တို့တွေ နိုင်ငံရေးမဖြစ်စလောက်လုပ်ပြီး ထောင်ထဲမှာ ကိုင်းကြီးကြီးနားရမယ့် အလုပ်မျိုး ၀ါသနာမပါတော့ဘူးဗျ… အဲဒါမြန်မာပြည်သူလူထုစိတ်ထဲမှာဖြစ်နေတာပဲ… ခင်ဗျားလဲ စိတ်ကူးယဉ် သိပ်မဆန်ပါနဲ့ဗျာ…
“ဠင်းတလောက်တော့ ငှက်တိုင်းလှပါတယ်”… တကယ်လုပ်ရမယ်ဆိုရင် သူသေကိုယ်သေ သူပစ် ကိုယ်ပစ်ဆိုရင်တော့ ကောင်းသဗျာ… အဲသဟာဆိုရင်တော့လား ကျုပ်တို့ စိတ်ဝင်စားသဗျာ…
မင်းကြောက်ရင်ဘေးဖယ်နေပေါ့ကွာ လုပ်ရဲတဲ့သူ လုပ်တတ်တဲ့သူတွေ သူတို့ဖာသာလုပ်ပါစေပေါ့ မင်းဘာလို့ဝင်နှောင့်ယှက်ချင်ရတာလဲ ဘာလဲသွေးထွက်သံယိုဖြစ်မှာစိုးတဲ့စေတနာလို့ပြောဦးမလား
မင်းလိုတော့လူတိုင်းပြောတတ်တာပေါ့ မင်းစေတနာကပြည်သူ့အတွက်ဆိုတာထက်အာဏာရှင်စနစ်
ဆိုးကြီးသက်ဆိုးရှည်စေချင်တယ်ဆိုတာမင်းစကားတွေကသက်သေပြပါတယ်ကွာ..
မင်းအတွက်တော့အခုနေရတာအေးချမ်းချင်အေးချမ်းလိမ့်မယ် ဒါပေမယ့်တို့တိုင်းပြည်မှာမအေးချမ်းနိုင်
တဲ့သူတွေအများကြီးပဲ ဒါကိုကိုယ်ချင်းစာတဲ့သူတွေကအေးအေးချမ်းချမ်းနေလို့ရရဲ့နဲ့
သူတို့ရဲ့ဘဝတွေကိုပေးဆပ်ပြီးအများပြည်သူအတွက်လုပ်နေကြတယ် သူတို့တွေဘယ်လောက်လေး
စားစရာကောင်းလဲ သူတို့တွေသူတို့အလုပ်ကိုအောင်မြင်အောင်ကြိုးစားကြတယ် ဒါပေမယ့်လုပ်တိုင်းဖြစ်ရမယ်
လို့ဘယ်သူကအာမခံထားလို့လဲ သူတို့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ် လူဆိုတာကိုယ့်အသားကိုအပ်လေး
နဲ့ထိုးရင်တောင်ဘယ်လောက်ထိနာကျင်တယ်ဆိုလူတိုင်းသိတယ် အသားနာမှာကိုလူတိုင်းကြောက်ကြတယ်
ညှင်းဆဲခံနေရတဲ့နိုင်ငံရေးသမားတွေလဲသူတို့အသားဘယ်အနာခံချင်မှာလဲကွာ ဒါဆိုဘာလို့သူတို့အခုလိုဒုက္ခခံနေကြလဲ
အဖြေကရှင်းရှင်းလေးပဲ….ဘာမှမလုပ်ရင်တော့ဘာမှမဖြစ်ဖူးကိုယ့်လူ.. မင်းကိုတာဝန်ဆိုတဲ့စကားငါပြောပြမယ် မင်းဟာလမ်းမထွက်ပြီးဆန္ဒထွက်ပြမှတာဝန်ကျေတာမဟုတ်ဖူး တာဝန်ကျေချင်တဲ့သူဟာအိမ်ထဲမှာနေရင်းနဲ့လည်းတာဝန်
ကျေလို့ရတယ်.. အနိမ့်ဆုံးတာဝန်ကိုငါပြောလိုက်မယ် အမှန်တရားဖက်ကအမြဲရပ်တည်ပြီးမှားတဲ့သူဖက်က ဘက်မလိုက်ရင် မင်းဟာလူတစ်ယောက်ရဲ့တာဝန်ကျေတာပဲ..ဒါမှမဟုတ်သာတဲ့ဖက်ကူးမယ် ကိုယ့်အတွက်ပဲ
ကိုယ်ကြည့်မယ် အိပ်၊ စား၊ ကာမအတွက်ပဲ
အချိန်ပေးတော့မယ်ဆိုရင်တော့ `လူ`ရယ်လို့မသတ်မှတ်ချင်တော့ဘူးကွာ….
ကြိုက်တယ်ဗျ…. သူပစ်ကိုယ်ပစ် ဆော်ချင်နေတာကြာပြီ… အားလုံးညီဖို့လိုတယ်.. ဆော်မယ်…နောက်မတွန့်ကြေး
ကြိုက်သဗျာ… ဘက်ညီပြီပေါ့… ကြောက်တာပေါ့ဗျာ… ခင်ဗျားတို့လို လေသမားတွေ သူများတွေလုပ်နေတာကို ဘေးတီးပြီးတော့ လုပ်ချင်တဲ့သူတွေကြောင့် အခုဆို တော်တော်လေးကြောက်သွားပြီ… အခုမြန်မာနိုင်ငံမှာ လူအတော်များများက ကြောက်နေကြပြီဗျ… ဘာလို့လဲဆိုတော့ အချင်းချင်း လေသမားတွေများလာလို့… ခင်ဗျားတို့လိုပေါ့ဗျာ… လုပ်ကြဟေ့ဆိုရင် လုပ်လုပ်…ငါနောက်ကရှိတယ် ဆိုတာမျိုးတွေများလာတယ်ဗျ… တဖြည်းဖြည်း ကျွန်တော်တို့ပြည်သူတွေ နားလည်လာတယ်လို့ ဆိုရမှာပေါ့ဗျာ… ကြောက်တာကို အပြစ်ပြောလို့တော့ မရဘူးဗျ… တခုခုဖြစ်သွားရင် သူတို့နောက်က မိသားစုတို့ဘာတို့ကို ဘယ်သူက အလကားထမင်းကျွေးမလဲဗျာ… ပြီးတော့ ထောင်အတွေ့အကြုံဆိုတာလဲ သိကြတဲ့အတိုင်းပဲ… အဲဒါကြောင့် အလကား ဘေးမတီးပါနဲ့ဗျာ… ဖြစ်နိုင်မယ့် နည်းလမ်းကိုပဲ အကြံဥာဏ်ပေးကြပါ… ဘေးတီးတယ်ဆိုတာ လူတိုင်းတီးတတ်ဗျ… ဘာမှ ခက်တာမဟုတ်ဘူး…
နိုင်ငံရေးလုပ်ပြီး ထောင်ထဲရောက်နေတဲ့သူတွေ၊ အနစ်နာခံတဲ့သူတွေကိုတော့ လေးစားပါတယ်ဗျာ… သူတို့လဲ စိတ်ဓါတ်ကြောင့် လုပ်သင့်တာကို လုပ်ခဲ့တာပဲ… ဒါပေမယ့် ထောင်ထဲရောက်သွားတယ်… စိတ်ဓါတ်မကျကျဘူး… အမှန်ပါပဲ… နောက်ဆုံးတော့ သူတို့ကိုယ်စားကျုပ်တို့ ရင်နာရတယ်ဗျ… ဘာလို့လဲဆိုတော့ သူတို့ဒီလိုလုပ်နေတာတောင် တခြားအေးအေးဆေးဆေးနေနိုင်တဲ့သူတွေက အေးအေးဆေးဆေးနေလို့ပဲ… လုပ်တဲ့သူတွေပဲ ခံနေသလိုဖြစ်ပြီ… ခင်ဗျားပြောခဲ့သလိုဆိုရင် လမ်းပေါ်မှာထွက်ပြီး ဆန္ဒပြတာလေးနဲ့ ထောင်ဒဏ် နှစ် (၂၀) ချခံရတာ တန်တယ်လို့ဆိုလိုချင်တာလား… ထောင်ထဲမှာပဲ မျှော်လင့်ချက်တွေ အစွမ်းအစတွေကို ကြိုးစားအားထုတ်မှုတွေကို မြုပ်နှံလိုက်တော့မလား… အဆုံးရှုံးခံလိုက်တော့မလား… အခုခေတ်မှာ အဲဒီလိုမျိုးအတွေးအခေါ်ဆိုရင်တော့ ၀မ်းနည်းတယ်ဗျာ… အရင်ခေတ်ကတော့ ရမလားလို့ ကြိုးစားကြည့်ခဲ့ကြတယ်ပေါ့… ဒါပေမယ့် သိသင့်ပါပြီ… လက်ရှိခေတ်နဲ့ စနစ်ကို…
ခင်ဗျားပြောခဲ့တဲ့ တာဝန်ဆိုတာကိုလူတွေ နားမလည်ဘူးလို့ ထင်နေတာလား… အဲဒါဆိုရင်တော့ ဆက်ပြီးလေ့လာလိုက်ပါဦး… မြန်မာပြည်သူတွေက တာဝန်ကို နားမလည်လို့မဟုတ်ဘူး… ဘယ်သူမှားတယ် မှန်တယ်ဆိုတာလဲသိတယ်… လုပ်သင့်တာလဲ လုပ်ခဲ့ကြပြီ… သင်္ခမ်းစာလဲ တော်တော်လေးရခဲ့ကြပြီ… ဒါကြောင့် နားမယောင်ကြတာပေါ့ဗျာ… နောက်ပြီး တစ်ဦးနဲ့ တစ်ဦးမယုံကြတော့ဘူး… စစ်အစိုးရရဲ့ လက်ချက်တွေပေါ့ဗျာ…
ခင်ဗျားပြောခဲ့တဲ့ အမှန်တရားဆိုတာ ဘာကိုလဲဗျ… မှားတဲ့သူဘက်ကို ဘယ်သူမှ မလိုက်ပါဘူးဗျာ… ခင်ဗျား တော်တော်ရှော်သေးတာပဲ… ကျုပ်တို့ အခုကြည့်နေတာ အလယ်စည်းကနေကြည့်နေတာဗျ… ဘယ်ဘက်မှ မလိုက်ဘူး… ဒီမိုကရေစီဘက်ကိုလဲ မလိုက်သလို စစ်အစိုးရဘက်ကိုလဲ မလိုက်ဘူး… ဘက်လိုက်သွားရင် ကျုပ်ရဲ့ အမြင်ဟာလဲ ဘက်လိုက်တဲ့ အယူအဆပဲဖြစ်လိမ့်မယ်…
ခင်ဗျားကြည့်ရတာလဲ စစ်အုပ်ချုပ်ရေးယန္တရား ပြိုပျက်အောင် တစ်နိုင်ငံလုံး တယောက်မှ အပြင်မထွက်ပဲနေပြီး ဆန္ဒပြသင့်တယ်ဆိုတဲ့ အယူအဆမျိုးပါပဲလား… ကိုယ့်လူ… သိပ် စိတ်ကူးယဉ် မဆန်ပါနဲ့ဗျာ…
ရမယ်ဆိုတာ မှန်ပေမယ့် အခုခေတ်မှာ လုပ်မယ့်သူ အင်မတိ အင်မတန်နည်းသွားပြီဗျ…
အမှန်တရားဆိုတာကို ဘာပေတံနဲ့ တိုင်းလဲ… ခင်ဗျားက ဆန္ဒပြတဲ့သူတွေက အမှန်တရားလုပ်နေတယ်ဆိုရင် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့သူတွေက အမှားတရားလုပ်နေတာလားဗျာ…
ဘက်မလိုက်ပဲ ရှင်းရှင်းပြောရရင် စစ်တပ်ပဲ အုပ်ချုပ် အုပ်ချုပ်… ဒီမိုကရေစီပဲ အုပ်ချုပ် အုပ်ချုပ် အဓိကတိုင်းပြည်ကောင်းစားဖို့ပဲဗျ… ဟိုဟာမှ ဒီဟာမှဆိုတာ အလကားပဲ… စစ်အစိုးရအုပ်ချုပ်တယ်… တိုင်းပြည်ကြီးပွားမယ်ဆိုရင် အုပ်ချုပ်ပစေပေါ့ဗျာ… ဆိုးတယ်ဆိုရင်တော့ လုပ်သင့်တာလုပ်ကြမယ်… ဒီမိုကရေစီနဲ့အုပ်ချုပ်တိုင်းလဲ ကောင်းမယ်မထင်နဲ့… ဦးနုခေတ်က ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်ဆိုပြီး လုပ်လိုက်ပါတယ်… တိုင်းပြည်ပျက်မလိုဖြစ်ပြီး ဦးနေ၀င်းလက်ရောက်သွားတာပါပဲ… တစ်ခုတော့ရသွားတယ်… မြန်မာပြည်မှာ ဘင်္ဂလီကုလားတွေ မြန်မာနိုင်ငံသားတော်တော်များများဖြစ်သွားတယ်… အခု ရိုဟင်ဂျာလို့ နာမည်တပ်နေတဲ့ သူတွေပေါ့… ဦးနုစခဲ့တဲ့ အဲဒီပြဿနာ အခုထိမရှင်းနိုင်ကြသေးဘူး…
ကျုပ်ဆိုလိုချင်တာကတော့ဗျာ ဘယ်တော့မှ မျက်မှန်စိမ်း မတပ်ပါနဲ့… ဖြစ်ချင်တာချည်းပဲ မကြည့်နဲ့ ဖြစ်ပျက်နေတာကို အရင်ကြည့်… ဦးနုခေတ်နဲ့ ယှဉ်ထိုးပြီး ဝေဖန်ထားတာတခုဗျာ…
(စာကြွင်း ။ ။ ကျနော် ဟိုတခါက ဦးနုခေတ်ကရခဲ့တဲ့ ဒီမိုကရေစီနဲ့ ယှဉ်ထိုးဝေဖန်ထားတာ တခုရေးဖူးခဲ့တယ်… ဒါပေမယ့် FNG က တာဝန်ရှိသူတွေ ဘာဖြစ်လို့ မတင်ပေးလဲ မသိပါဘူး.. အဲဒီမှာ အသေးစိတ်ရေးထားပါတယ်..)
အောင် ဆိုတဲ့သူငယ်ရေ ဒီမိုကရေစီဆိုတာအခွင့်အရေးကြီးပဲမဟုတ်ဖူး တာဝန်ဆိုတာလည်းပါတယ်ကွ စကားကိုစည်းကမ်းမဲ့ပြောလို့မရဘူးကွ ကိုယ်ပြောတဲ့စကားကိုယ်တာဝန်ယူနိုင်ရမယ်နော်
မင်းနဲ့ငါအမြင်ကွဲတာသဘာဝကျတယ် ဒါဒီမိုကရေစီပဲ ဒါပေမယ့်ငါတို့မြန်မာတွေရဲ့generation နဲ့ တို့လူမျိုးတွေကိုမစော်ကားပါနဲ့ကွာ.မင်းစကားတွေကအရမ်းကိုနိမ့်ကျတယ်ကွာ.. မြန်မာပြည်မှာစေတနာ့ဝန်ထမ်းတွေဟာ
တကယ်လူကောင်းတွေပါ..သန်းရွှေတို့လိုမြင်မယ်ဆိုရင်တော့မပြောတတ်ဖူးကွာ..မင်းအနေနဲ့ ကိုယ်ထမင်းကိုယ်စားပြီးကပ်ဖားတဲ့အလုပ်ကိုလုပ်ချင်လုပ်ပါ ဒါမင်းအခွင့်အရေး ဒါပေမယ့်လူတကာကိုယ်ကိုယ့်စိတ်နဲ့မနှိုင်းပါနဲ့ကွာ..နောက်ဆုံးတစ်ခုပြောလိုက်မယ်
မင်းမှာလည်းသားသမီးတွေရှိလာမှာပါ မင်းတို့ငါတို့ရဲ့သားသမီးတွေဒီစနစ်ဆိုးရဲ့အောက်မှာဒီအတိုင်း ကျန်ခဲ့မယ်ဆိုရင်တော့
ငါတို့တာဝန်မကျေတာပဲ…မင်းအနေနဲ့အမှန်တရားကိုတကယ်မြတ်နိုးရင် ငါတို့ဖက်ကအမြဲကြိုဆိုပါတယ်..
အမှန်တရားအတွက်လူတိုင်းမှာတာဝန်ရှိတယ်သူငယ်ချင်း………
စည်းကမ်းလိုက်နာတတ်ဖို့ လူတွေကိုမျက်စိနားဖွင့်ပေးဖို့ က အစိုးရမှာတာဝန်အရှိဆုံးပါ သူ့မှာလုပ်ပိုင်ခွင့်နဲ့အာဏာအရှိဆုံးမို့ပါ ဉာဏ်ပညာကြီးတဲ့အစိုးရ သဘောထားကြီးတဲ့အစိုးရတွေ ရဲ့နိင်ငံတွေမှာ လူတွေရဲ့ ကျန်းမာရေး ပညာရေး နဲ့စါးဝတ်နေရေးကိုအထူးဂရုစိုက်ပေးကြပါတယ် ကျွန်တော်တို့နိင်ငံမှာလည်း လုပ်ပေးနေပေမဲ့တကယ့်လိုအပ်ချက်နဲ့ယှဉ်လိုက်ရင် တအားနဲလွန်းနေပါသေးတယ် ကျန်းမာ အဟာရပြည့်ဝမှ ပညာသင်လို့တတ်လွယ်တာပါ ဒီလိုလူထုကို အုပ်ချုပ်ရတာကမှထိမ်းရတာလွယ်ပါဉီးမယ်
ပါပါကြီးရေမင်းပြောတာလက်ခံပါတယ်ကွာ တစ်ခုတော့ရှိတယ်မင်းပြောသလို လူတွေကို မျက်စီနားဘယ်သူကဖွင့်ပေးမှာလည်း မောင်သာရ ရေးတဲ့ ကြောင် ကိုဘယ်သူ ချူ ဆွဲပေးမှာလည်းဆိုတာကိုတော့သတိရတယ် ကွာ ပညာရေးချည်းပဲလည်းမပြောနဲ့ လက်ဦးဆရာက မိ နှင့်ဖ ဆိုတာလည်းသတိထားပါကွာ အားလုံးဟာကိုယ်ပေါ်မှာဘဲမူတည်တယ်ကွ ။ဗီဇ မကောင်းလျင်ဘာမှလုပ်မရဘူးသယ်ချင်းရဲ့ မင်း သတ္တီရှိလျင် အခုအများအကျိုးသယ်ပိုးတဲ့ အလုပ်ကိုစေတနာသန့်သန့်နဲ့လုပ်ပါ ၀ိုင်းဆော်မဲ့ကောင်တွေ တသီချည်း
ထွက်လာလိမ်မယ် လက်တောင်မလည်ဘူဖြစ်သွားမယ် ကိုယ်ထမ်ငးကိုယ်စားပြီး သတင်းပေးမဲ့လူတွေ ဖေါ်လံဖါးမဲ့လူတွေ ဂျောက်တွန်းမဲ့လူတွေ ဟား နေရာတိုင်းမှာရှိတယ် အများကြီးဘဲကွ။
မှန်ပါတယ် joe ပြောတာ (၈၈၈၈)လုံးကကျနော်တို့လူတွေအသက်တွေဘ၀တွေအများကြီးပေးဆပ်ခဲ့တယ် ဒီနေဲထိအိမ်မပြန်
နိုင်သေးတဲ့ သူငယ်ချင်တွေအများကြီးကျန်နေသေးတယ် သေတဲ့လူတွေလည်းသေကုန်ပြီး ဒါပေမဲ့အလိမ်ခံလိုက်ရတယ်တာ
ဝန်ရှိတဲ့လူတွေက NLD ကလူတွေဘဲ ဆိုရှယ်လစ်စနစ်ကိုဖျက်သိမ်းနိုင်တယ် ရွေးကောက်ပွဲအနိုင်ရအောင်လုပ်နိုင်တယ် ပြီးတော့ဆက်လက်တာဝန်ထမ်းဆောင်တဲ့ NLD တွေ တာဝန်မဲ့တယ်ကျောင်းသားတွေနဲ့ပြည်သူတွေကအသက်တွေဘ၀တွေရင်းကြတယ် NLD တွေကအဏာရူးကြတယ်မပေးဆပ်နိုင်ဘူး မရင်းနိုင်ဘူး န၀တ နအဖ ကထုတ်တွေအမိန်တွေကိုလိုက်နာပြီးအနှစ်(၂၀)ကျော်လုံးငုတ်တုတ်ထိုင်နေကြတယ် ကျနော်တိုသူငယ်ချင်းတွေအတွက်ရင်နာတယ် ပြောလျင်ငိုချင် တယ်ဗျာ ဆက်မပြောနိုင်တော့ပါဘူးတော်ပါပြီး စိတ်မဆိုးကြပါနဲ့တောင်းပန်ပါတယ်။
မှန်တယ်… မင်းပြောတာလည်းမှန်တယ်… NLD ဒီကောင်တွေက ငုတ်တုတ်ထိုင်နေတယ်…. စောက်လုပ်မလုပ်ဘူး ဇိမ်ပဲ… ပြည်သူတွေလည်း ဒီအတိုင်းပဲ… ဘာစောက်လုပ်မှမလုပ်ဘူး… သတင်းနားထောင်လိုက် တီဗီကြည့်လိုက်… အင်တာနက်သတင်းဖတ်လိုက်နဲ့ စောက်စကားပဲပြောနေတာ…. အမှန်တကယ်လုပ်ရမယ့်အလုပ်မလုပ်ကြဘူး…. ဗမာအချင်းချင်းလွှဲချနေကြတယ်…. ငါလည်း ဒီလိုပါပဲကွာ….
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုတဲ့စကားကိုယ့်လူတွေသိပြီးသားဖြစ်မှာပါ ပညာရေးနိမ့်ရင်လူတွေစည်းကမ်းနိမ့်မှာပဲ အဲ့ဒီလိုစည်းကမ်းနိမ့်အောင်ဘယ်သူလုပ်တာလဲ…လူတွေကိုလောင်းကစားနဲ့အခြားအပျော်တွေမှာနစ်မွန်းနေအောင်ဘယ်သူကဖန်တီးတာလဲ..ပညာကောင်းမှလူမျိုးကောင်းမယ် လူမျိုးကောင်းမှနိုင်ငံကောင်းမယ်…မင်းတို့ငါတို့တွေဟာပြည်သူတွေပါ ကိုယ့်လူမျိုးကိုယ်မနှိမ်ချင်ပါနဲ့ကွာ…လူတွေကိုယ်မျက်စိတွေနားတွေဖွင့်ပေးကြည့်လိုက်ပါ..မင်းတို့တွေအခုလိုအမြင်တွေပျောက်သွားပါလိမ့်မယ်..ပညာနည်းတဲ့သူတွေကတော့အမြင်ကျဉ်းကြတယ်ကွာ…
အောင်ပွဲ တစ်ခုရဘို့ဆိုတာတိုက်ပွံရှိမှရမှာပါ တိုက်ပွဲမရှိဘဲနဲ့အောင်ပွဲရချင်တာသဘာဝပကျပါဘူး ဘယ်ဟာမဆိုအစီအမံရှိတာဘဲ သန်းရွှေ တို့အာဏာတည်မြဲဘို့အစီအမံတွေနဲ့ အသေအချာလုပ်ထားတာ ကိုယ်ကသူကိုတော်လှန်ဘို့ဆိုလျင်သူနဲ့ယှဉ်နိုင်မှရမှာ အရင်းအနှီးတွေ အများကြီးထုတ်ရမယ် ပေးဆပ်ရမယ် လိုချင်လျင်တော့
ရင်းရမှာဘဲ တိုင်ပြည်လွတ်လပ်ရေးရဘို့တုံးကလည်း၇င်းခဲ့ရတာဘဲ လွတ်မြောက်ချင်လျင်ပြောတာပါ ဒီအတိုင်းသီးခံပြီး နေနိုင်လျင်တော့အကောင်းဆုံးပေါ့ဗျာ မခံနိုင်လို့တော်လှန်မယ်ဆိုလျင်တော့ ပေးဆပ်မှုတွေအများကြီးရှိမှာဘဲ ဒို့လူတွေအများစုကဒီလိုဘဲကုသိုလ်ကံကိုဘဲ အကြောင်းပြပြီး လွတ်တော့လွတ်ချင်တယ် ရင်းတော့မရင်းနိုင်ဘူဆိုတဲ့လူတွေက
များနေတာတွေတယ်မဟုတ်လား လိုချင်ပါတယ်တဲ့ ဒါပေမဲ့ သွေးထွက်သံယိုတွေတော့ မဖြစ်ချင်ဘူးတဲ့ အပြစ်မပြောပါဘူး လိုချင်စိတ်ကိုလည်းဖျောက်လိုက်ပါလို့တော့ပြောချင်တယ် လွတ်လပ်ပြီဆိုလျင် အဲ့ဒီလူတွေကအရင်ဆုံးအခွင့်အရေးယူမယ်လူတွေပါ အသက်ပါရင်းခဲ့တဲ့လူတွေဟာအခွင်းအရေးကိုယူရမှာရှက်တတ်ကြပါတယ် ဒါကြောင့်လူလယ်တွေအရမ်းများတဲ့ဒီတိုင်ပြည်မှာ
ဟင်းဟင်းဟင်း ဆက်မပြောချင်တော့ပါဘူး (မယုံမရှိနဲ့ကိုယ်တွေ့ပါဗျာ)
မှန်ပါတယ်ဗျာ။ ဒီမိုကရေစီဆိုတာကို လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င် မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ကျင့်သား မရသေးဘူး။ မတန်သေးဘူးလို့ ထင်ပါတယ်။ ကျွန်တော့် အမြင်ပြောတာပါ။ လမ်းမကူးရဆိုလည်း ကူးခြင်တယ်။ တစ်ခုခု ဆို တန်းစီမယ့် အစား လုယက်တိုးဝှေ့ခြင်တယ်၊ ကွမ်းမထွေးရဆို ထွေးခြင်တယ။ ဒါမြင်သာတာတွေကိုပြောတာပါ။
ဒီတော့ ဒီအစိုးရမဟုတ်ပဲ တစ်ခြားဟာတွေဆိုလည်း ဒီလိုပဲ သွားမှာပါပဲ။ လူတွေကိုက စိတ်ဓာတ်တွေအရင်ပြင်နိုင်ဖို့ လိုပါမယ်။
လူထုအုံကြွမှုဖြစ်အောင် မဖြစ်ဖြစ်အောင်လုပ်နေတာကိုလည်း တွေ့နေရပါတယ်။ သွေးဆူတဲ့ အချိန် လူထုကတော့ နည်းနည်း မြှောက်ပေးရင် ပါလာတာပါပဲ။ တကယ့် တကယ် စကြဟေ့ဆို တော့ မောင်မင်းကြီးသားများ ကို မတွေ့တော့ပါဘူး။ အခု လစ်ဗျားလို အီဂျစ်လို လုပ်ကြပါတော့လား ဆိုပြီး လေလုံးထွားနေတာလဲ ဒီလူတွေပါပဲ။ ပြီးရင်သူတို့လဲ ပျောက်သွားမှာပါ။ အဲဒီတော့ ဝေလေလေနဲ့ ပါလာတဲ့ လူတွေပဲ ဒုက္ခရောက်။ အေးအေးချမ်းချမ်း စီးပွားရှာတဲ့သူပဲ ဒုက္ခရောက်ဦးမှာပါ။ ပါးစပ်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆိုပြီးပြောတာပါပဲ။ ပြီးရင် ရိုက်ဟ နှက်ဟ ဖောက်ထွက်ကြ အသံတွေနဲ့ ။ ဘယ်သူကကော ကိုယ့်ကို လာရိုက်တဲ့သူကို ဒီအတိုင်းငုံ့ခံနေမှာလဲ။ ကိုယ်ချင်းစာလို့ပြောတာပါ။ ဒီတော့ တာဝန်အရ သာငြိမ်နေကြပြီး တစ်ဖက်က ပိုဆိုးလာတော့ သွေးထွက်သံယို ဖြစ်ကုန်တာပေါ့ဗျာ။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆင်ပြေမယ့်နည်းကို သုံးတာကောင်းပါတယ်ဗျာ။
comments တွေကိုကြည့်ရတာ အခုထဲက စည်းလုံးမညီညွတ်ကြဘူး။ကျွန်တော်တို့ မြန်မာတွေဘာဖြစ်နေကြလဲမသိဘူး။
အခုချိန်ဟာ ကိုလိုနီ ခောတ်ဆိုရင် ဒီလိုပုံစံမျိုးနဲ့ ကျွန်ဘ၀ကလွတ်မှာမဟုတ်ဘူး။တော်သေးတာပေါ့..ဗိုလ်ချုပ်လိုလူမျိုး
ရှားရှားပါးတစ်ယောက်ပေါ်ခဲ့လို့…
ချိန်တန်ပြီဆိုတဲ့မောင်ရင်ရေ မင်းအတွက်ကတော့တကယ်ကိုချိန်တန်နေပါပြီကွာ
aung နဲ့ kayanရေ မင်းတို့ကတော့လူလယ်တွေပါကွာ မင်းတို့လိုလူတွေများလာလို့ ဆင်းရဲသားတွေလည်းပိုပြီးငတ်ကုန်ကြပြီ လူဆိုတာ အတ္တဟိတ ပရဟိတ ကွ နိုင်ငံနဲ့လူမျိုးအတွက်အသက်မပေးဝံ့ရင်တောင်ထောင့်လေးတစ်ထောင့်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့် ဇြစ်ကြည့်စမ်းပါ တို့တိုင်းပြည်မှာကိုယ့်ကျိုးစွန့်ပြီးအများအတွက်လုပ်လုပ်နေကြတဲ့သူတွေအမျာကြီးပါ မင်းတို့တွေကြည့်လိုက်စမ်းပါ……
ကိုယ်ကျိုးစွန့်ပြီး အများအတွက် လုပ်နေတဲ့သူတွေရှိတာ မငြင်းပါဘူး… မြန်မာပြည်သူရဲ့ ၃ ပုံပုံ ၂ ပုံသာဆိုရင် မြန်မာပြည်ကြီး တိုးတက်ပြောင်းလဲနေတာကြာပေါ့… အခုဘာလို့ မပြောင်းလဲတာ သိလား… အရင်က ကျနော်ရေးဖူးခဲ့ပါတယ်… မှတ်ချက်လေးတစ်ခု… အဲဒါကို ရှာဖတ်ကြည့်ဗျာ…
မြန်မာအစိုးရနဲ့ ပြည်သူတွေက သူ့အကြောင်းကိုယ်သိ ၊ ကိုယ့်အကြောင်း သူသိချည်းပါဗျာ… အနှစ် (၂၀) ကျော်ပါပြီ… ဘယ်သူ ဘယ်ဝါဆိုတာ သဲသဲကွဲကွဲသိသင့်နေပြီ… စိတ်ကူးယဉ် မဆန်ပါနဲ့… ဘာလုပ်သင့်တယ်ဆိုတာပဲ အရေးကြီးပါတယ်…
Aung and Kayan , I like to say to your, read carefully and think about it, ( nay ma win empire ) bar phit thwar lal! In our country too many people as in your , surely can not be get freedom , Min do yae/ thar tha mee twea ka, ta chain mhar, ngar do a phay , oo lay twea kyute, so pee pyaw kya mhar ko , tway kyi buu yae/ lar! De lo sate myo twea , shi kya yin , bamar pyi har, noute 25 years so yin , they will selling to the country , U know that,
ဘယ်တော့ မှမဖြစ်ဘူး ထင်မနေနဲ့ ဒို့တိုင်းပြည်ကလူတွေက နှစ်လုံးထိုးဘို့လောက်ကလွဲလျင်ဘာမှစိတ်မ၀င်စားဘူး ။ မိန်းမတွေကလည်း ပိုက်ဆံမရှီဘူးသာညည်းနေတာနှစ်လုံးဘိုးတော့ရအောင်ရှာကြတာဘဲ။ သန်းရွှေအကွက်ကအရမ်းမြင့်တယ်
ဘယ်တော့မှတော်လှန်ရေးမဖြစ်စေရဘူးပြောရဲတယ် ဖြစ်လည်း လက်တဆုပ်စာလူတစ်စု နဲ့အီးတစ်ပေါက်ဘဲပြီးသွားမှာဘဲ။
ကျွန်တော်ဘက်လိုက်ပြီးပြောတာမဟုတ်ပါဘူး…ဒီမိုကရေစီကိုတော့လိုချင်
ပါတယ်။ ဒါပေမယ့်…အဲ့ဒီလို..သွေးထွက်သံယိုဖြစ်ပြီးမှရတဲ့ဒီမိုကရေစီ
ကိုတော့လုံးဝလက်မခံနိုင်ပါဘူး။ ၈၈ တုန်းကပဲကြည့်..သေသွားတဲ့လူတွေ
ဟာအလကားသက်သက်သေသွားခဲ့ရတယ်။ ဒီပဲယင်းမှာလဲအဲ့လိုပဲ။
ဒီအစိုးရကမတရားတာပဲထားအုံး…အဲ့ဒီလိုလူထုအုံကြွမှုဖြစ်အောင်
ဦးဆောင်တဲ့လူတွေကိုတော့ကျွန်တော့အနေနဲ့သူရဲကောင်းလို့မသတ်မှတ်
နိုင်ပါဘူး။နာမည်ကြီးတဲ့ခေါင်းဆောင်တွေကဘယ်တော့မှမသေဘူးဗျ။ထောင်
ကျရုံကျကြတာ။နာမည်တောင်ပိုကြီးသွားသေးတယ်။ သေကြရတာက
ဘာမှမသိတဲ့ပြည်သူတွေလေ။ စစ်အစိုးရကအဲ့ဒီလိုမတရားရက်စက်တဲ့
အပြုအမူမျိုးလုပ်တတ်တယ်ဆိုတာကိုသိရင်..ကိုယ့်အနေနဲ့သွားပြီးသွေး
တိုးမစမ်းသင့်ဘူးလေ။ အချိန်တန်ရင်သူဇတ်သူသိမ်းသွားမှာပါ။ နောက်ပြီ
ရွှေဝါရောင်တော်လှန်ရေးမှာပဲကြည့်လိုက်။ အဲ့ဒီလောက်တောင်ရက်စက်
တတ်မှန်းသိသိကြီးနဲ့တော့…သွားမစမ်းသင့်ဘူး။ ဒါမျိုးထပ်ဖြစ်ဖို့ဦးလဲမ
ဆောင်သင့်ဘူး။ အီဂျစ်မှာအရေးတော်ပုံအောင်သွားတယ်ဆိုလို့ပြောင်းလဲ
တိုးတတ်သွားမယ်လို့တော့မထင်နဲ့အုံးနော။ ဘယ်အစိုးရမဆိုလူတွေကြီးပဲ
ဗျ။ လူဆိုတာလောဘမကင်းဘူး။ သူတို့နေရာရလာရင်လဲထင်သလိုမျိုးဖြစ်
လာလိမ့်မယ်တော့မထင်နဲ့။ အစောပိုင်းတော့ဟုတ်မလိုလိုနဲ့နောက်ဆုံးတော့
ကိုယ့်အတွက်…ကိုယ့်မိသားစုအတွက်…ပြီးရင်ကိုယ့်အမျိုးအတွက်ပဲကြည့်
တဲ့အစိုးရပဲဖြစ်သွားတာချည်းပဲ။ ဒီလိုပြောတာကိုလက်တွေ့မဟုတ်လို့ခင်ဗျားလက်
မခံနိုင်ရင်တောင်…သေသေချာချာလေးလေးနက်နက်စဉ်းစားလိုက်ရင်ခင်ဗျားလက်
ခံလာနိုင်မှာပါ။ ဘယ့်သူ့ကိုမှမရည်ရွယ်ပါဘူး။ ဒီမိုကရေစီကိုလုံးဝလက်ခံတယ်..လိုလဲ
လိုချင်နေတာကြာပါပြီ။ဒါပေမယ့်..လူထုအုံကြွမှုဖြစ်မှာကိုတော့လုံးဝလက်မခံနိုင်
ပါဘူး။ လက်ရှိမြန်မာပြည်မှာလဲ..ကျွန်တော့်လိုအယူအဆမျိုးရှိတဲ့သူတွေကရာခိုင်နှုန်း
ပိုများပါစေလို့ဆုတောင်းပါတယ်။ ပိုလဲများမယ်လို့ထင်ပါတယ်ဗျာ။ ဒီအတိုင်းလေးပဲ
ဆက်သွားပြီးငြိမ်းချမ်းစွာလူဘဝလေးကိုဖြတ်သန်းသွားတာကပိုပြီးသဘာဝကျပါတယ်
ူဟုတ်တယ်ဗျို့ လူထုကိုရရာလက်နက်ဆွဲပြီးတိုက်ခိုင်းနေတာကတော့ဘေးကင်းရာရောက် လက်ကလေးမြှောက် သပိတ်လေးမှောက် ဘီယာလေးသောက် နဲ့ အဆင်ပြေနေတဲ့ ပြည်ပရောက် လူကြောက်ကြီးများပါခင်ဗျာ စက်တင်ဘာအရေးအခင်းတုန်းကလဲဘယ်ရောက်နေကြလဲမသိပါဘူး
မှန်ပါတယ်ဗျာ။ ဒီမိုကရေစီဆိုတာကို လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င် မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ကျင့်သား မရသေးဘူး။ မတန်သေးဘူးလို့ ထင်ပါတယ်။ ကျွန်တော့် အမြင်ပြောတာပါ။ လမ်းမကူးရဆိုလည်း ကူးခြင်တယ်။ တစ်ခုခု ဆို တန်းစီမယ့် အစား လုယက်တိုးဝှေ့ခြင်တယ်၊ ကွမ်းမထွေးရဆို ထွေးခြင်တယ။ ဒါမြင်သာတာတွေကိုပြောတာပါ။
ဒီတော့ ဒီအစိုးရမဟုတ်ပဲ တစ်ခြားဟာတွေဆိုလည်း ဒီလိုပဲ သွားမှာပါပဲ။ လူတွေကိုက စိတ်ဓာတ်တွေအရင်ပြင်နိုင်ဖို့ လိုပါမယ်။
လူထုအုံကြွမှုဖြစ်အောင် မဖြစ်ဖြစ်အောင်လုပ်နေတာကိုလည်း တွေ့နေရပါတယ်။ သွေးဆူတဲ့ အချိန် လူထုကတော့ နည်းနည်း မြှောက်ပေးရင် ပါလာတာပါပဲ။ တကယ့် တကယ် စကြဟေ့ဆို တော့ မောင်မင်းကြီးသားများ ကို မတွေ့တော့ပါဘူး။ အခု လစ်ဗျားလို အီဂျစ်လို လုပ်ကြပါတော့လား ဆိုပြီး လေလုံးထွားနေတာလဲ ဒီလူတွေပါပဲ။ ပြီးရင်သူတို့လဲ ပျောက်သွားမှာပါ။ အဲဒီတော့ ဝေလေလေနဲ့ ပါလာတဲ့ လူတွေပဲ ဒုက္ခရောက်။ အေးအေးချမ်းချမ်း စီးပွားရှာတဲ့သူပဲ ဒုက္ခရောက်ဦးမှာပါ။ ပါးစပ်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆိုပြီးပြောတာပါပဲ။ ပြီးရင် ရိုက်ဟ နှက်ဟ ဖောက်ထွက်ကြ အသံတွေနဲ့ ။ ဘယ်သူကကော ကိုယ့်ကို လာရိုက်တဲ့သူကို ဒီအတိုင်းငုံ့ခံနေမှာလဲ။ ကိုယ်ချင်းစာလို့ပြောတာပါ။ ဒီတော့ တာဝန်အရ သာငြိမ်နေကြပြီး တစ်ဖက်က ပိုဆိုးလာတော့ သွေးထွက်သံယို ဖြစ်ကုန်တာပေါ့ဗျာ။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆင်ပြေမယ့်နည်းကို သုံးတာကောင်းပါတယ်ဗျာ။
နေပြည်တော်ကြီးကလည်းသာယာလိုက်တာ
ဦးသန်းရွှရဲ့ အမြော်အမြင်ကြီးမှုတွေနဲ့ ဇွဲလုံ့ လ ၀ီရိယတွေရဲ့သက်သေပေါ့ဗျာ…
လူထုအုံကြွမှု လုပ်ဘို့ထက် … ဘယ်နှစ်ယောက် အသက်စွန့်ရဲသလဲ(၀ါ) အသေခံရဲသလဲဆိုတာ အရင် ရွေးလိုက်ပါအုန်း… အသေခံရဲတယ်ဆိုမှ ဆက်လုပ်ကြတာပေါ့… စစ်အစိုးရက လူသတ်တာကို မပြောနဲ့ သံဃာကိုတောင် သတ်ဘူးထားတယ်… အဲဒီအတွက် သာမန်လူသာဆိုရင်တော့ ဘယ်လောက်တောင် သတ်မလဲ စဉ်းစားသာကြည့်ပေတော့… ကြောက်လို့ပြောတာမဟုတ်ဘူး… လက်တွေ့ဖြစ်လာမှာမို့ ပြောနေတာ…