FNG၊ ၊ယခင်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ၊ ရဲဘော်သုံးကျိပ်ဝင် နှင့်
အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း ၏ မြေးဖြစ်သူ ဇွဲနေ၀င်း အသက် ၂၉ နှစ် သည်
ယမန်နေ့ က အင်းစိန် အကျဉ်းထောင် မှ နေ၍ ပြန်လည် လွတ်မြောက် လာသည် ဟု
Freedom News Group မှ သတင်း ရရှိသည်။
မြန်မာ စစ်အစိုးရက ၂၆ နှစ်ကြာ နိုင်ငံတော် အာဏာကို ထိန်းချုပ်ခဲ့သည့် ဦးနေ၀င်း ကို ၂၀၀၂
ခုနှစ် တွင် သူမ၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း နှင့် အတူ နေအိမ်အကျယ် ပြစ်ဒဏ်ချမှတ် ခဲ့ပြီး
သားမက် ဖြစ်သူ အေးဇော်ဝင်း နှင့် သားများဖြစ်သူ အေးနေ၀င်း ကျော်နေ၀င်း ဇွဲနေ၀င်း
တို့ ကို နိုင်ငံတော် သစ္စာဖောက်မှု များဖြင့် ဖမ်းဆီး ထောင်ချခဲ့သည်။
ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ်မှ ပြန်
လည် လွတ်မြောက်လာခဲ့သည်။
သမ္မတဟောင်း ဦးနေ၀င်း၏ မိသားစု နှင့် နီးစပ်သူများက “ဟုတ်တယ်..ပြန်လွတ်လာပြီ
လို့  ကြားတယ်။ အေဒီ လမ်း အိမ် ကို ပြန်ရောက်လာပြီ။ အဖွားကြီး လည်း နေမကောင်း
လို့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။သူက ခင်ပွန်း နဲ့ သားတွေ လွှတ်ဖို့ ဗိုလ်ချုပ်မှုးကြီး
ကို အသနား ခံစာ တင်ထားတာ သုံးကြိမ် ရှိပြီ “ဟု Freedom News Group သို့  ပြောသည်။
ဒေါ်စန္ဒာဝင်း အား စစ်အစိုး ရက ပြန်လည် လွှတ်ပေး ခဲ့သော်လည်း အင်တာနက်၊မိုဘိုင်း
ဖုန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း များ သုံးစွဲမှု ကို ကန့် သတ်ထားသည်။
အာဏာရှင် ဟောင်း ဦးနေ၀င်း သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ တွင် ကွယ်လွန် ခဲ့သည်။

အေး ဟုတ်တယ် အဲဒိကောင်တွေမသေနိုင်သေးဘူး
ငါသကက ညွန့်ဝေကွ
ကောင်းတာဘဲဖြစ်မကောင်းတာဘဲဖြစ်ဖြစ်သူ့ ဟာနဲ့ သူတော့ဖြစ်လာမှာပေါ့
ဒီသူတောင်းစားတွေမသေသေးဘူးလား
အမှန်ကသေဒဏ်နဲ့ ပဲထိုက်တန်တဲ့ ကောင်တွေ
go to die ,,live in hell…nhar lo ma thar twe…
လွတ်ပေးမှာပေါ့ ခုတပ်ချုပ်ဆိုတဲ့ နွားကြီးမိသာစုက ခုမှသာဘ၀င်လေဟပ်နေတာလေ အရင်ကသူ့တို့တစ်မိသားစုလုံးက ဒီဂြိုပ်သားတို့အိမ်မှာ ချီးလျော် သေးလျော်အဆင့်လောက်ပဲရှိတာကိုး။ ငယ်ကြောက်တွေလေ၊
သေသွားအေးတာဘဲ
ဒီဂြိုလ်သားတွေက တစ်သက်တစ်ကျွန်း ချခံထားရတဲ့ ကောင်တွေမလား…..။
ဒီလို ကောင်မျိုးတွေကျတော့ အင်းစိန်ထောင်က နေရာမလုပ်ပေးနိုင်ဘူး ထင်တယ်။ ပြည်သူအတွက် ကိုယ်စားတောင်းဆိုပေးကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုကျတော့ ထောင်နန်းစံရတဲ့ သက်တမ်းက ရှည်ပဲရှည်နိုင်လွန်းတယ် ဗျာ။
မှန်တယ်