လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးရွားလာ

ရန်ကုန် မြို့  ကမာရွတ်၊မြောက် ဥက္ကလာ နှင့် ရန်ကင်း မြို့ နယ်များ တွင် ယနေ့ ညနေ မှ စ၍ လျှပ်
စစ်မီးများ ပြတ်တောက် သွား ရာ ည ၁၁ နာရီ ယခု သတင်း ရေးနေ ချိန် မီးပြန်လာ ခြင်း မရှိ သေး
ဟု သတင်း ရရှိသည်။ရန်ကုန် မြို့ လို ပင် မန္တလေး၊ ပဲခူး နှင့် မော်လမြိုင် မြို့ များ တွင် လည်း လျှပ်စစ်မီး ပုံမှန် ပျက် နေ
သည် ဟု သိရသည်။မီးပျက် သောကြောင့် ဆယ်တန်း စာမေးဟု လူသိများ သည့် တက္ကသိုလ်ဝင်
တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား များ မှာ ဒုက္ခ ရောက်ကြရသည်။

မွန်ပြည်နယ် မော်လမြိုင် မြို့ တွင် မူ လျှပ်စီးပုံမှန် မရ သောကြောင့် ဆယ်တန်း စာမေးပွဲ ဖြေဆို မည်
ကျောင်းသား များ မှာ မြို့ နယ် လျှပ်စစ်မီး ရုံး ရှေ့ တွင် ယမန် နေ့ ညက စုဝေး ဆန္ဒပြကြသည်
ဟု မဇ္ဈိမ သတင်း ဌာန ၏ အင်တာနက် စာမျက် နှာ တွင် ဖော်ပြထားသည်။

ရန်ကုန် မြို တွင်မူ စစ်အစိုးရ ဖြုတ်ချရေး ဦးတည် လှုပ်ရှား နေသော အဖွဲ့ တစ်ခု ဖြစ်သည့်
Just Do It က စစ်အစိုး ရဖြတ်ချရေး အား ဦးတည် ၍ နိုင်ငံတကာ အာဏာရှင် ဖြုတ်ချရေး
ဗီဒီယို ခွေ များ ဖြန့် ဝေ ခဲ့သည် ဟု သတင်း ရရှိသည်။