Breaking News : ဘန်ဂါဇီ တွင် အခြေစိုက် သည့် လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ ကို တရား
ဝင် လစ်ဗျား အစိုး ရအဖြစ် ပြင်သစ် နိုင်ငံ အပါအ၀င် အခြား အီးယူ နိုင်ငံများ က အသိအမှတ် ပြု
တော့ မည်
၁၉၆၉ ခုနှစ် အာဏာစသိမ်းစဉ် မှ ယခု အချိန် ထိ ပုံရိပ်များ ကို ဤ နေရာမှ တစ်ဆင့်ကြည့် ရှု နိုင်သည်


လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီ သည် ၎င်း၏ နိုင်ငံ တွင်းမှ ဂုဏ် သိက္ခာရှိ စွာ ထွက် ခွာခွင့် ရရေး အတွက် ဥရောပ
သံတမန် များ နှင့် ဆွေး နွေး နေသည် ဟု ပေါ်တူဂီ သတင်းစာ တစ်စောင် တွင် ဖော်ပြထားသည်။
နိုင်ငံ တွင်း မှာ အဆင်ပြေချော မောစွာ ထွက် ခွာ နိုင် ရန် ဂရိသံတမန် များ နှင့် ကဒါဖီ ကိုယ်တိုင် ဆွေး နွေး ခဲ့သည် ဟု
သတင်း တွင် ဖော်ပြထားသည်။
ဥရောပ နှင့် အမေရိကန် နိုင်ငံများက ကဒါဖီ ၏ ပိုင် ဆိုင်မှုများ ကို ထိန်းချုပ် ခဲ့ရာ ကဒါဖီသည် စိတ်ဓာတ် အကြီးအကျယ်
ကျ သွားသည် ဟု သူ၏ စစ်ဦး စီးမှုး များ က အာရပ် သတင်းစာများ ကို ပြောသည်။
ကဒါဖီ သည် ည ဘက်တွင် လည်း ထယောင်ပြီး သူ့ ကို တွန်းလှန် တိုက် ခိုက်နေသည့် သူပုန် များ အား “ငါဝယ်ထားတဲ့
လက်နက် တွေ ပြန်ပေး၊ မင်း တို့  ကို ငါကိုယ် တိုင် သတ်မယ် “ဟု အော်ဟစ် သည် ဟု ဆိုသည်။
ကဒါဖီ ၏ မိသားစု သည် ထရီပို မြို့ တောင် ဘက် ရှိ လေကြာင်းရန် ကာကွယ်ရေး စနစ်ရှိ သော အယ်(လ)ဘာဇီ စစ်စခန်း
တွင် ခိုလှုံ နေသည် ဟု အယ်(လ)ဂျာဇီယား သတင်းတွင် ဖော်ပြထားသည်။
ကဒါဖီ သည် ကိုးဆယ် ပြည့် လွန် နှစ်များက ဆော်ဒီဘုရင် နှင့် မိသားစု ကို လုပ်ကြံရန် စီစဉ် ခဲ့ခြင်း ကြောင့် ဆော်ဒီအာရေး
ဗီးယား ကလည်း သူ့  ကို ခိုလှုံခွင့် ပေးမည် မဟုတ် ဟု သိရသည်။
This is a developing story. Check back for more details.

မှန်တယ် ခံရမှာ အချိန်မကျသေးလို့ နှေးတာနဲ့ မြန်တာဘဲရှိမယ်
သန်းရွှေရေမကြာခင်မင်းအလှည့်ပဲ သတိထားကွာ …………..
We shall have to welcome warmly interrian government of Lybya.
ကဲ…. ဒီဖြစ်ရပ်မှန်သတင်း ကိုသာကြည်.ပြီးသုံးသပ်လိုက်ကြ၊ နိုင်ငံခေါင်းဆောင်တယောက်ဟာ မကောင်းတာလုပ်ရင်မကောင်းတာတွေ/အဖြစ်ဆိုး-အပြစ်ဆိုးတွေကိုနောက်ဆုံးခံကြရတယ်မဟုတ်လား။ အခုတော. ဗေဒင်တွေယတြာတွေနဲ. စံစားနေကြလိုက်အုံး၊ နောက်မကြာခင်ပြင်းပြင်းထန်ထန် ခံစားကြရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။