ပြင်သစ် ၏ အဆို ကို အင်္ဂလန် ထောက်ခံ

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ စစ်အခြေစိုက် စခန်းများ အား လေကြာင်းမှ တိုက် ခိုက်မည့် အဆို
ပြင်သစ် သမ္မတ နီကိုလပ်(စ) ဆာကို ဇီ ၏ အဆို ကို ဗြိတိသျှ ၀န်ကြီးချုပ် ဂျိမ်း(စ)ကင်မရွန် က ထောက်
ခံ ပြောကြားလိုက်ပါတယ်။

မနေ့ က လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ ဖြစ်တဲ့ Libya National Council က ခေါင်းဆောင် တွေ ကို
ပြင်သစ် သမ္မတ ဆာကိုဇီ က လက်ခံ တွေ့ ဆုံပြီး ပြင်သစ် နိုင်ငံ အနေနဲ့  ကြားဖြတ် အစိုးရ အဖွဲ့ ကို လစ်
ဗျား နိုင်ငံ ရဲ့ တရားဝင် အစိုး ရ အဖွဲ့ အဖြစ် အသိအမှတ် ပြုတယ် လို့  သတင်း ထုတ် ပြန် ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန်က လစ်ဗျား အာဏာရှင် မွမ်မါ ကဒါဖီ ကို ဆန့် ကျင်
နေကြတဲ့ လစ်ဗျား သူပုန် တွေ နဲ့  အမေရိကန် နဲ့  ဥရောပ နိုင်ငံ တွေ မှာ ရှေ့ လာမယ့် သီတင်း
ပတ် အတွင်း တွေ့ ဆုံ မှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဟာ ရှေ့ လာမယ့် သီတင်း ပတ် မှာ အီဂျစ် ၊တူနီရှား
နဲ့ ပြင်သစ် နိုင်ငံ တွေ ကို သွားရောက် စဉ် တွေ့ ဆုံ မှာ ဖြစ်ပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  လေကြောင်း ထိုးစစ် တွေ ကြောင့် သူပုန် တွေ ဟာ ရစ်လာနုဖ် နဲ့ ဇ၀ီယာ
မြို့ တွေ က ဆုတ် ခွာခဲ့ရပါတယ်။ပင်လယ်ကွေ့ ပူးပေါင်း ဆောင် ရွက် မှု နိုင်ငံ များ အဖွဲ့ (GCC) ကတော့
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ လစ်ဗျား နိုင်ငံ ရဲ့ တရားဝင် အစိုး ရ အဖွဲ့  မဟုတ်တော့ ဘူး လို့ သတင်း
ယနေ့ တွေ့ ဆုံ မှု မှာ ကြေငြာချက် ထုတ် ပြန် ခဲ့ပါတယ်။