ပြည်သူလူထု ၏ ကြိမ်မီး အုံးမှု များ ကြောင့် စစ်မှုထမ်း ဥပဒေ အရူးကွက်နင်း

လစ်ဗျား နိုင်ငံ တွင် ကလေးများ က ကျောင်းစာ သင်ခန်း ကို စွန့် လွှတ်၍ အာဏာရှင် ဖြုတ်ချရေး တွင် တစ်တပ် တစ်အား ပါဝင်နေကြသည်

နေမျိုးဦး၊              ၊ယနေ့ ကျင်းပသည့် လွှတ်တော် အစည်း အဝေးတွင် နိုင်ငံတော် သမ္မတ က
လိုအပ်သည့် အချိန်တွင် အမိန့် ထုတ်ပြန် မှ သာ လွှတ်တော် က အတည် ပြုခြင်း ဖြင့် စစ်မှုထမ်း
ဥပဒေ သည် အတည်ဖြစ်လိမ့် မည် ဟု လွှတ်တော် ကိုယ်စား များ ၏ မေးမြန်း ချက် ကို ရှေ့ နေ
ချုပ် ဦးအေးမောင် ကဖြေဆိုထားသည်။

စစ်အစိုးရ ၏ ကိုယ်စားလှယ် များ က ကြီးစိုးထားသည့် လွှတ်တော် က စစ်မှု မထမ်း မနေ ရ ဥပဒေ
နှင့် ပတ်သက် ၍ ထိုသို့  လျှော ချခြင်း မှာ လက်ရှိ နိုင်ငံ တွင်း ဖြစ်ပေါ် လာ နိုင်သည့် လူထု အုံကြွမှု
များ တွင် ဒေါသ ပေါက်ကွဲ နေသည့် လူငယ်များ နှင့် ၎င်းတို့ ၏ မိဘများ ပါဝင်လာ မည် ဆိုးသော
ကြောင့် ဖြစ်သည် ဟု ဆိုသည်။

“သူတို့ သွေးတိုး စမ်းကြည့် တာလေ အခု လူတွေ က ပေါက်ကွဲ နေပြီ ဆိုတော့ ပြန်လျှော ချ
သွားတာ မေးခိုင်းထားတဲ့ မေးခွန်း ကို သူတို့ လူတွေ က ထမေးတာ ပြည်သူကို သူတို့ မတရား
မလုပ် ဘာ ပေါ့ ” ဟု ကိုယ်စား လှယ် တစ်ဦး ကပြောသည်။

စစ်အစိုး ရ က နိုင်ငံ တွင်း အရွယ် ရောက် သူ တိုင်း စစ်မှု မထမ်း မနေရ ဥပဒေ ကို ယမန် နှစ်
အောက်တိုဘာ လက မူကြမ်း ရေး ဆွဲ ခဲ့ပြီး ယခု နှစ် ဇန်န၀ါရီလ တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယမန် နေ့ က လက်ရှိ ပညာရေးစနစ် ပြုပြင် ပြောင်းလဲ နိုင် ရန် ဘုတ်အဖွဲ့ အစည်း တစ်ခု ဖွဲ့ စည်း
သင့်သည် ဆိုသည့် ဦးစတီဗင် သာဘန်း ၏ အဆို ကို စစ်သား အများ စု ကြီးစိုးသည့် လွှတ်တော်
က ပယ်ချခဲ့သည်။

အရွယ် ရောက် သူ တိုင်း စစ်မှု မထမ်း မနေရ ဥပဒေ တွင် မိန်း ကလေးများ ပါ စစ်မှု ထမ်းရမည်
ဖြစ်သည်။ ထို ဥပဒေကြမ်း ကို မည် သူမျှ နှစ် သက်ခြင်း မရှိချေ။

10 thoughts on “ပြည်သူလူထု ၏ ကြိမ်မီး အုံးမှု များ ကြောင့် စစ်မှုထမ်း ဥပဒေ အရူးကွက်နင်း

  1. စစ်သားတစ်ဦး၏ ခံစားချက်ကို ကိုယ်တိုင်သိ/မြင်/ခံစားရပြီး အစစ်အမှန် ဝေဖန်နိုင်ကြပါစေဗျာ
    ဘာမှမရှိသော
    အစစ်အမှန်

  2. It will definitely breed so many conflicts among various officials even though their primary intention would be to thaw tension between military regieme and the Burmese public.

    What they ultimately understand well could be that those who will be armed would threathen them virtually at the moment until another third party really arm potential rebles as in Libya.

    This is only an attemp to slow down political lever on public by the Junta.

  3. လွတ်တော်ဆွေးနွေးတာကလဲ ကျောင်းသားတွေကို စာမေးစာဖြေ လုပ်နေသလိုပဲ .အမတ်က စာရွက်လေးကြည့် မေးလိုက်.၀န်ကြီးက စာရွက်တွေကြည့် ပြီး ပြန်ဖြေလိုက်နဲ့ ဟုတ်နေတာပဲ .လွတ်တော်ထဲ မှာဆွေးနွေး တယ်ဆိုတာဒါမျိုးကိုး…အမတ်ကမေးမဲ့ မေးခွန်းတွေကို ၁ ရက်ကြိုတင်ရတာလားဟင် MRTV ကို နေ့တိုင်းမကြည့်ဖြစ်တော့ မသိဘူး ..ဖြေတဲ့ ၀န်ကြီးက လဲ အချက်အလက်တွေကို စာရင်းဇယား အတိအကျ နဲ့ ကိုပြန်ဇြေ နိုင်တာအံ့သြ စရာပဲ ….ပြီးတော့ ကျန်းမာရေး ၀န်ကြီး ဖြေတဲ့ အဖြေက မေးခွန်းရဲ့ အဖြေ မဟုတ်ဘူးလို့ထင်ပါတယ်..

  4. FNG အပါအ၀ငိဒီမိုဂန်ဒူးတွေ ကအစကတည်းက ဒီဥပဒေရဲ့သဘောကိုနားမလဲပဲ စစ်မှူထမ်းရမယ်ဆိုပြီ ကိုယ်ဘာသာ ကြောက်ချီပန်းစိုးရိပ်ခံတာပဲ.. ဒီလိုဥပဒေတွေ နိုင်ငံတော်အရေးပေါ်အခြေနကြုံရင် အသူံးပြုလိုရအောင် ခောတ်နဲ့အညီပြုပြင်ပြီးနိုင်ငံတော်ပြန်တမ်းအနေနဲ့ထားခဲတာကြာပြီပဲ..

    1. ကြောက်ချီးပန်းတာမဟုတ်ဘူးကွငါ့ညီရ၊ တို့နိုင်ငံသားတွေဟာ တိုင်းပြည်အတွက်တကယ်အရေးကြုံလာရင် မျိုးချစ်စိတ်ကိုအရင်းခံပြီး ရှေးရှေးကတဲကစ ရရာလက်နက်ဆွဲပြီး ကျူးကျော်လာတဲ့လူကိုတိုက်ထုတ်ခဲ့ကြတာဘဲ.သို့သော် တို့နိုင်ငံမှာ ပြည်သူ့အသက်အိုးအိမ်ကိုစောင့်ရှောက်ရမယ့်အစား မျက်စိမှိတ်ပြီး “စစ်တပ်ကွ လာမစမ်းနဲ့”ဆိုပြီး ခလေး လူကြီး ဘုန်းကြီး မရှောင် ပစ်သတ်နေတဲ့ လက်နက်ကိုင်အစိုးရ(သို့)သေနတ်ကိုင် အာဏာရူးများ(စစ်တပ်)ကိုပြည်သူတွေကစိတ်နာရွံမုန်း နေလို့ စစ်အစိုးရရေးဆွဲထားတဲ့ ဒီစစ်မှု့မထမ်းမနေရဆိုတဲ့ဥပဒေကြီးကို ပြည်သူတွေ ရွံမုန်း ဆန့်ကျင်နေကြတာပါငါ့ညီ။ လူတိုင်းမှာမျိုးချစ်စိတ်ကိုယ်စီအနည်းနဲ့အများတော့ရှိကြတာပါဘဲ။(စစ်အစိုးရမဟုတ်သော ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသော၊ စစ်မှန်သောဒီမိုကရေစီအစိုးရလက်ထက်မှာကိုယ့်နိုင်ငံထဲကတိုင်းရင်းသားညီအကိုတွေအချင်းချင်းမသတ်ဖြတ်ရဘူးဆို)အရေးကြုံလာရင် စစ်မှု့ထမ်းဖို့ ငါတို့တွေဝန်မလေးကြပါဘူးကွာ။ ။

  5. Say it again, Simple. Who approves the law? TS?? So you (who carries TS’ balls) have admitted that TS (KaLayKaWa) sits above the kangaroo parliament.

  6. ဗိုလ်ချုပ်မှုးကြီး က ကလေက၀ နိုင်ငံရေး သမားတွေ ၊ သတင်းထောက် တွေ စစ်တပ် ထဲရောက်လာရင် နိုင်ငံတော် ပါ သိက္ခာကျမှာ စိုးလို့ 
    အတည် မပြုတော့တာ

    1. ကလေက၀ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံရေးသမားတွေ၊ပညာတတ်တွေ စစ်ထဲဝင်လာရင် စစ်တပ်ကြောင့် သိက္ခာမရှိတော့ တဲ့ နိုင်ငံတော်ကြီး သာယာဝပြောလာမှာဆိုးလို့ပါ ပုစွန်ဦးနှောက်ရှင်ကြီး Simple ရာ..။

    2. ကလားပဲနဲ့ ဆန်ကွဲ ဈေးတက်နေလို့ စစ်တပ် တွက်ခြေမကိုက်တဲ့အတွက် စစ်မူထမ်းဉပဒေကို ရက်အကန့် အသတ်မရှိ ရွှေ့ ဆိုင်းလိုက်ပါတယ်

Comments are closed.