
ဆော်ဒီအာရေး ဗီးယား
ဆော်ဒီအာရေးဗီးယား နိုင်ငံ ရီယာဒ် မြို့ နဲ့  အခြား အရှေ့ ပိုင်း က မြို့ တွေ မှာ လူထုအုံကြွမှု
တွေ စတင်ခဲ့ပေမယ့် အစိုးရက လုံခြုံရေး အင်အား အများ အပြား ချထား ပြီး ဆန္ဒပြမှု တွေ
ကို ဖြိုခွဲခဲ့တာ ကြောင့် ဆန္ဒပြမှု ကြီးကြီးမားမားတော့ ဖြစ်မလာသေး ပါဘူး။
ဒီဆန္ဒပြမှု ကို ဆော်ဒီ တက်ကြွသူတွေ က ဖေဖော်ဝါရီ လဆန်း ပိုင်းကတည်းက နေ Facebook
စာမျက် နှာ ပေါ်မှာ စတင် ပြီး စည်းရုံးခဲ့တာကြောင့် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ အာရေး
ဗီးယား အရှေ့ ဘက်ခြမ်းက မြို့ တွေ နဲ့  အနောက် ဘက်ခြမ်းက ဂျက်ဒါ နဲ့ ဒူဘာ မြို့ တွေ မှာ လည်း
ဆန္ဒပြမှု တွေ ဆက်လက် ဖြစ်ပွား ခဲ့ပါတယ်။
ရီယာဒ် မြို့ မှာ ရှိနေ တဲ့ Fox News သတင်းဌာနက တော့ ဆန္ဒပြမှု တွေ ဟာဆက်လက် ပြန့် ပွား
မယ့် လက္ခဏာရှိ နေပြီး မတ်လ ၂၀ ရက်နေ့ မှာ ထပ်မံ ပြုလုပ် မယ့် လူထု အုံကြွမှု တွေ အတွက်
ပြန်ပြီး လူစုနေကြတယ် လို့  ဆိုပါတယ်။
ဆန္ဒပြသူ တွေ ဟာ နိုင်ငံရေး စနစ်ပြုပြင် ပြောင်းလဲရေး လုပ်ပေးဖို့ ၊ နိုင်ငံရေး အကျဉ်းသား တွေ
လွှတ်ပေး ဖို့ နဲ့ 
တကယ်လို့  ဆော်ဒီအာရေး ဗီးယား နိုင်ငံ မှာ လူထု အုံကြွမှု အကြီး အကျယ် ဖြစ်ပွား ခဲ့ရင်
ရေနံ စိမ်း ဈေးနှုန်း တွေ ဟာ တစ်စည် ကို ဒေါ်လာ ၁၈၀ လောက်ထိ တက်သွား မယ်လို့ သုံး
သပ်ထားကြပါတယ်။
ဘာရိန်း
ဘာရိန်း နိုင်ငံ မနားမား မြို့ တော် ကို အမေရိကန် ကာကွယ် ရေး ၀န်ကြီး ရောဘတ် ဂိတ် ရောက်ရှိ
နေစဉ် အတွင်းမှာ ပဲ အစိုးရ ကိုလိုလားသူတွေ က ဆန္ဒပြ သူတွေ ကို အကြမ်းဖက် တိုက်ခိုက် ခဲ့လို့ 
အနည်းဆုံး ဆန္ဒပြသူ တစ်ရာ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အမေရိကန် တပ်များ ရဲ့ ပူးတွဲ စစ်ဦးစီးချုပ် ရောဘတ် မူလန် ဟာ ပြီးခဲ့တဲ့ သီတင်း နှစ် ပတ်က ဘာရိန်း
နိုင်ငံ ကို ရောက် ရှိ ခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေး ၀န်ကြီးက ဘာရိန်း ဘုရင် အစိုးက ကို ထောက်
ခံ မှာ ဖြစ်ပြီး ဆန္ဒပြ သူတွေ ရဲ့ တောင်း ဆိုချက် တွေ ကို လည်း အစိုး ရ နဲ့  ဆွေးနွေး မယ်လို့ ဆိုပါတယ်။
ဘာရိန်း နိုင်ငံ ဟာ အမေရိကန် ရဲ့  အမှတ် ၅ ရေတပ် မတော် အခြေစိုက် ရာ ဖြစ်ပြီး ရေတပ် သင်္ဘော အစီး
သုံးဆယ် ခန့် နဲ့  ရေတပ်သား သုံးထောင် ကျော် ရှိပါတယ်။
ယီမင်
သမ္မတ အလီ အဗ္ဗဒူလ် ဆာလေ က အခြေခံ ဥပဒေ ကို ပြင်ပြီး နိုင်ငံ ရေး ပြုပြင်ပြောင်းလဲမှု တွေ လုပ်ပေး
မယ် လို့  ကြေငြာ ခဲ့ပေမယ့် သောကြာနေ့ က ယီမင် နိုင်ငံ ဆာနား မြို့ မှာ လူတစ်သိန်း ကျော် ချီတက် ဆန္ဒ
ပြခဲ့ကြပြီး သမ္မတ အဗ္ဗဒူလ် ဆာလေ နှုတ်ထွက်ပေး ဖို့ ကိုသာ တောင်း ဆို ခဲ့ပြီး သူ့ ရဲ့ ကမ်းလှမ်းချက် ကို
ပယ်ချ ခဲ့ကြပါတယ်။

လစ်ဗျား
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့ အစိုးရ ကို သစ္စာ ခံတဲ့ အစိုးရ တပ်တွေ က နိုင်ငံ ရဲ့  ရေနံ ထွက် ရှိရာ မြို့ ဖြစ်တဲ့
ရစ်လာနုဖ် မှာ အခြေစိုက် တဲ့ သူပုန် တွေ ကို အကြီးအကျယ် တိုက် ခိုက်နေပါတယ်။ ဥရာပ သမ္မဂ အဖွဲ့ ဝင် နိုင်
ငံတွေ ကတော့ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ တရား ၀င်မှု မရှိတော့ တဲ့ အတွက် နှုတ် ထွက်ပေး ဖို့ တိုက်
တွန်း ခဲ့ပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့ သား ဖြစ်သူ ဆာအိဖ် အယ်(လ) အစ္စလာမ် ကတော့ ထရီပိုလီ မြို့ ရဲ့ အနောက်
ဘက်က အယ်(လ)ဇ၀ီယာ မြို့ နဲ့  ရစ်လာနုဖ် မြို့ တွေ ကို သိမ်းပိုက် နိုင်တော့ မယ် လို့ ဆိုပါတယ်။
အမေရိကန် သမ္မတ အိုဘားမား ဟာ လာမယ့် အင်္ဂါနေ့ မှာ နေတိုး ခေါင်းဆောင် တွေ နဲ့ တွေ့ ဆုံပြီး အသက် ၆၈
နှစ် အရွယ်ရှိ အာဏာရှင် ကဒါဖီ ကို စစ်ရေး အရ တိုက် ခိုက် နိုင်မယ့် နည်းလမ်းတွေ ကို ဆွေး နွေး မှာ ဖြစ်ပါတယ်။
