အီဂျစ် အာဏာရှင် ဟိုစနီ မူဘာရက် ကို ဆန့် ကျင် ဆန္ဒပြခဲ့သည့် ပြည်သူများ ကို ကုလား အုတ်
များ ၊ မြင်း များ ဖြင့် အကြမ်းဖက် ၀င်ရောက် တိုက်ခိုက် ရန် ဦးစီး ကြိုးကိုင် ခဲ့သည့် လွှတ်တော်
အမတ် နှစ် ဦး ကို အီဂျစ် လုံခြုံ ရေး တပ် ဖွဲ့ ဝင်များ က ဖမ်း ဆီး တရား စွဲ ဆို ထားသည် ဟု သတင်း
ရရှိသည်။ဟိုစနီ မူဘာရက် ၏ အာဏာရ National Democratic Party မှ လွှတ်တော် ကိုယ်စား လှယ်
နှစ်ဦး ဖြစ်သည့် Abdel Nasser al-Jabari နှင့် Youssef Khattab တို့ ကို Camels Attack ဟု
ခေါ်သည့် ဆန္ဒပြ သူများ ကို အကြမ်းဖက် မှု တွင် ကြိုး ကိုင် စီစဉ် မှု ဖြင့် ဖမ်း ဆီး ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်မှု တွင် ကိုယ်ထိလက်ရောက် ပါဝင်ခဲ့သည့် သူများ ကို ဖမ်းဆီး စစ်မေး ပြီး ရာမှ လွှတ်
တော် အမတ် နှစ်ဦး က စီစဉ် ခိုင်းခြင်း ဖြစ်သည် ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် အချမ်း သာ ဆုံး အဖွဲ့ အစည်း တစ်ခု ဖြစ်သည့် အာရပ် လိဂ် က လစ်ဗျား နိုင်ငံ အပေါ်
ကုလ သမဂ္ဂ က ချမှတ် ထားသည့် လေယာဉ်မ ပျံ သန်း ရ ဇုန် ကို ကို ထောက်ခံပြီး လိုအပ်သည့် စီစဉ်
မှု များ အတွက် အကူအညီပေးမည် ဟု အီဂျစ် နိုင်ငံ ကိုင် ရို တွင် ပြုလုပ် သည့် အစည်း အဝေး မှ ထုတ်
ဖော် ပြောကြား ခဲ့သည်။
အာရပ် အဖွဲ့ ချုပ် နှစ် နိုင်ငံဖြစ်သည့် အယ်(လ)ဂျီရီးယား နှင့် ဆီရီးယား က မူ ကန့် ကွက် သည်။
အမေရိကန် သမ္မတ အိုဘားမား က အာရပ် လိဂ် ၏ ထုတ်ပြန် ချက် ကို ကြိုဆို လိုက်ပြီး No Fly
Zone အတွက် နိုင်ငံ တကာ ပူးပေါင်း ပါဝင်မှု ရှိရန် လို အပ် သည် ဟု ပြောသည်။
ယီမင် နိုင်ငံ မြို့ တော် ဆာနား တွင် ရဲ အဖွဲ့ က ဆန္ဒပြသူ များ ကို ပစ် သတ် မှု ကြောင့် အနည်းဆုံး
ခြောက် ဦး သေဆုံး ခဲ့သည်။ ဖေဖော်ဝါရီလ ကတည်း က စတင် ခဲ့ သည့် ၎င်း တို့ ၏ ဆန္ဒပြမှု တွင်
အနည်းဆုံး အယောက် သုံးဆယ် ကျော် သေဆုံး ပြီး ဖြစ်သည်။
ယီမင် သမ္မတ အဗ္ဗဒူလ် ဆာလေ သည် ၁၉၇၈ ခုနှစ် ကတည်း က နိုင်ငံ တော် အာဏာ ကို ရယူခဲ့
သည်။
သတင်းများ မှ Freedom News Group ၏ အီဂျစ် နိုင်ငံ ကိုင်ရို မြို့ မှ သတင်း ပေး ပို့ ချက်၊
အယ်(လ)ဂျာ ဇီးယား ဂြိုလ် တု ရုပ် သံ နှင့် အမေရိကန် နိုင်ငံ FOX News သတင်းဌာန
ထုတ်လွှင့် ချက် များ နှင့် Huffington Post အွန် လိုင်း သတင်းစာ မှ ဖော်ပြ ချက် များ ကို
အခြေခံပြီး ရေး သား ခြင်း ဖြစ်သည်။
Related Articles
- Egypt arrests Mubarak allies over camel charge (calgaryherald.com)
- Battered Libya rebels seek Arab League backing – Sydney Morning Herald (news.google.com)
- The No Fly Zone is a Correct Choice and the President Will Concur – Associated Content from Yahoo! – associatedcontent.com (stephencrose.wordpress.com)
- How Does A No-Fly Zone Work? (andrewsullivan.theatlantic.com)
- Arab League Backs No-Fly Zone in Libya (newser.com)
- “Arab League to ask UN to impose no-fly zone in Libya, report” and related posts (yalibnan.com)
