စစ်တပ် နှင့် ပြည်သူ တစ်ရပ် လုံး ပါဖို့ လို

Kခိုင်။ ၊ယမန် နေ့ က ကျရောက် တဲ့ မြန်မာ နိုင်ငံ လူ့  အခွင့် အရေး နေ့ နဲ့  စက်မှု တက္ကသိုလ်
ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ တဲ့ ၂၃ နှစ် ပြည့် နေ့ မှာ မြန်မာ နိုင်ငံ တွင်း က စစ်
အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှား မှု အဖွဲ့ တစ်ခု ဖြစ် တဲ့ Just Do It လှုပ်ရှားမှု က
ပြောရေးဆိုခွင့် ရှိ သူ ကို သီဟ တေဇ က Freedom News Group ကို ပြောပါတယ်။

နိုင်ငံတွင်း မှာ ဓာတ်ဆီဈေး က အစ ကုန်ဈေးနှုန်း တွေ တက်ပြီး ပြည်သူတွေ မကျေ မနပ်
ဖြစ်နေကြ ကြောင့် လူထုအုံကြွမှု ဖြစ်ပေါ်  လာ နိုင် မယ့် အခြေ အနေ ရှိ တဲ့ အကြောင်း
ကို လည်း ခန့် မှန်း လို့  ရတယ်လို့  နာမည် ကျော် Rap အဆိုတော် တစ်ဦး က သုံးသပ်
ထား ပါတယ်။

Just Do It  လှုပ်ရှားမှု က ကို သီဟ တေဇ က စစ်အာဏာရှင် ဖြုတ် ချ ရေး အတွက် ပြည်
သူ တစ်ရပ် လုံး Just D0 It အဖြစ် ခံယူပြီး တိုက် ပွဲ ၀င် သွား ရန် လိုအပ် တယ် လို့ ပြော
ပါတယ်။

“Just Do It ဆိုတာ လူတစ်စု တစ်ဖွဲ့  တစ် ဦး တစ် ယောက် ကို ကိုယ်စားပြု တဲ့ နာမည်
မဟုတ် ပါဘူး မြန်မာ တစ်နိုင် ငံ လုံး က ပြည် သူတွေ ဟာ Just Do It ပါပဲ။ ဒီ လှုပ်ရှားမှု
မှာ တပ်မတော် သား တွေ လက်နက် ကိုင် ၀န်ထမ်း တွေ နဲ့  အစိုးရ ၀န်ထမ်း တွေ ပါဝင်
လာ ဖို့ ကျွန်တော် တို့  အခက် အခဲ ကြား ကနေ ပို မို စည်း ရုံး လှုံ ဆော် မှု တွေ ပြုမယ်”
လို့  ပြောပါတယ်။

Just Do  It လှုပ်ရှား မှု ဟာ အထက် မြန်မာ နိုင်ငံ မှာ ထင် တာထက် ပို အားကောင်း နေ
ပြီး မနေ့ က မြန်မာ နိုင် ငံ လူ့ အခွင့် အရေး နေ့ မှာ တော့ ရန်ကုန် နဲ့  မန္တလေး မြို့ တွေ မှာ
စစ်အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှား မှု တွေ ရှိ ခဲ့တယ် လို့  မန္တလေး မြို့ က Just Do It
လှုပ်ရှား သူ တစ်ဦး က ပြောပါတယ်။

စစ်အစိုးရ ကတော့ လူထု အုံကြွမှု ကို ဘယ် နည်း နဲ့  မှာ အဖြစ် ခံ မှာ မဟုတ် ဘဲ ဖြိုခွဲ
မှာ ဖြစ်တဲ့ အတွက် ကြောင့် ပြည်သူ တစ် ရပ် လုံး ဟာ ညီညီညာညာ နဲ့  စစ်အာဏာရှင်
စနစ် ကို တွန်းလှန် ဖို့  လိုနေပြီ ဖြစ် ကြောင်း ၀ါရင့် သတင်း စာ ဆရာ ကြီး တစ်ဦး က
တိုက်တွန်း ပြောကြားပါတယ်။

Just D၀ It လှုပ်ရှား မှု ၀င် လူငယ်တွေ ဟာ ပြီး ခဲ့တဲ့ သီတင်း ပတ်က အီဂျစ် နဲ့  တူနီးရှား
နိုင် ငံ လူ ထု အုံကြွမှု တွေ မှာ စစ်တပ် က ပြည် သူ ဘက်က ရပ် တည် ပုံ ကို ဗီဒီယို အခွေ
များ နဲ့  ပြန်လည် ကြည့် ရှု လို့ ရ အောင် စီစဉ် ပြီး ရန်ကုန် မြို့ တွင်း က စစ်တပ် အချို့ မှာ
ဖြန့် ဝေ ခဲ့ပါတယ်။

ယမန့် နေ့ က ဘီဘီစီ မြန်မာ ပိုင်း ထုတ်လွှင့် ချက် မှာလည်း ပင်မ စစ်လက်နက် ခဲယမ်း
မီးကျောက် သိုလှောင် ရေး တပ် က စစ်သား တွေ ဟာ စစ်အစိုး ရ ရဲ့  အမိန့် ကို စတင်
အန် တု နေပြီ လို့  ကြေငြာသွားပါတယ်။

ဒီအခွေ မှာ စစ်တပ် က ပြည်သူ ဘက် က ရပ်တည် ပေး တာကြောင့် တူနီးရှား ၊ အီဂျစ် နဲ့ 
လစ်ဗျား နိုင်ငံ တွေ မှာ ပြည်သူတွေ အောင် ပွဲ ခံရ တဲ့ ဗီဒီယို တွေ ကို မြန်မာ စကားပြော
နဲ့  တင်ဆက် ထား ပါတယ်။

8 thoughts on “စစ်တပ် နှင့် ပြည်သူ တစ်ရပ် လုံး ပါဖို့ လို

  1. we need the strength for democracy revolution..unity is strength..we don’t accept hesistate person.
    no excuse for the people who make spoiling our effort to go democracy goal…eg; (chain tan pyi) i don’t care who you are..minn ko lee baee……

    1. As if you say, I think that you don’t hesitate to do it, Right? Okay. You go and demonstrate on the street today. Why are you waiting other people? I hope you are very brave and do as your say. If you made the decision, you will never step back. So, go and show your bravery on the street to be a well-known person of Burmese.

      I respect your patriotism. If you didn’t do it, How to identify you?

  2. တချိန်က….ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပါတယ်…အခုတော..စစ်အာဏာရှင်
    သန်းရွှေတို့ မိသားစုနိုင်ငံဖြစ်ပါတယ်..လွှတ်တော်ကလည်း..ပြည်သူ့ လွှတ်တော်
    လို့ ခေါ်နေတာမှားတယ်…သန်းရွှေတိုလွှတ်တော်လို့ ခေါ်ကြပါ..နေ၀င်းတခေါက်ပြည်သူ
    တွေကိုလိမ်ပြီး..သူ့ တဘ၀အသက်ထက်ဆုံးအုပ်ချုပ်သွားခဲလေပြီ..အခုသန်းရွှေတဆက်
    အသက်ထက်ဆုံးလိမ်ပြီးအုပ်ချုပ်နေပြန်ပြီ…သန်းရွှေသေယင်နောက်တဆက်လာအုံ့ မယ်..သန်းရွှေနိုင်ငံက
    လူတွေတချိုဒီမိုကရေစီလမ်းညွှန်လုပ်နေတယ်လို့ ..လိမ်နေတာကိုယုံနေကြတာ..သန်းရွှေကိုအကြိုက်တွေ့ 
    နေကြတာအံ့သြမိတယ်…အာဏာရှင်တွေလိမ်လည်အုပ်ချုပ်ခံပြီးယုံကြည်တဲ..လူ့ တိရာစ္ဆာန်တွေကို..သန်းရွှေသေပီးယင်
    နောက်ဘယ်အကောင်လိမ်နည်း.ယူပြီးတက်လိမ်မှာလဲ…ခေါင်းငုံ့ ကြည့်ပြီးတောသာ..နေကြပေတော….

  3. ကောင်းလိုက်တာပြည်သူတွေအတွက်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အားလုံးဟာတူတူဘဲဆိုတာဟာလည်းသိပ်ကိုမှန်ပါတယ် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပေါ့
    အားလုံးတော်လှန်ဖို့သင့်ပါပြီ ဒီမင်းဆိုးမင်းညစ်တွေကို ပူးပေါင်းပြီးတွန်းလှန်ကြပါလို့ပြောချင်ပါတယ်
    ကိုယ်ကိုတိုင်လည်းပါဝင်ပါမယ်။

  4. Every democratic forces should ourselves do our works and then when on time, will pass the democratic victory of our Burma by all collected democratic forces on the critical point.

  5. မှန်တယ်… စစ်တပ်က ပြည်သူနဲ့ပူးပေါင်းမှသာလျှင် အောင်မြင်မယ်ဆိုတာ မုချပါ… မဟုတ်လျှင်တော့ လက်နက်ကိုင်စစ်အစိုးရကို အကြမ်းမဖက်တဲ့ နည်းနဲ့တော်လှန်ဖို့ဆိုတာ မလွယ်ပါ… ကိုယ့်မှာ လက်နက်မရှိလျှင်တော့ ဒီစစ်အစိုးရကို တော်လှန်သည်မှာစိတ်ဓါတ်တခုတည်းသာဖြစ်ပါလိမ့်မယ်… စစ်တပ်တွင်းမှာလည်း ပြည်သူကိုထောက်ခံမည့်သူရှိသလို စစ်အစိုးရကိုထောက်ခံမည့်သူရှိမည်သာဖြစ်သည်… ထို့ကြောင့် ကျွန်တော်တို့တိုင်းပြည်သည် အနီးစပ်ဆုံး လစ်ဗျားပုံစံမျိုးလောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းရပါသည်…

    အဓိကဆိုလိုချင်သည်မှာ လက်နက်မကိုင်ပဲနှင့်တော့ ဒီလိုစစ်အစိုးရကို တော်လှန်ဖို့မလွယ်ကူနိုင်ပါ… အကြမ်းမဖက်သည့်နည်းဆိုသည်မှာ လူ့အခွင့်အရေးကို တန်ဖိုးထားသည့်အစိုးရမျိုးကဲ့သို့သော အစိုးရမျိုးနှင့်သာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်… အများသိပြီးဖြစ်သည့် ဂန္ဒီသည် အင်္ဂလိပ်ကဲ့သို့သော လူ့အခွင့်အရေးကိုလေးစားလိုက်နာသော အစိုးရမျိုးကိုသော်မှ အနှစ် (၅၀) နီးပါးတောင်းယူတိုက်ပွဲဝင်ခဲ့ရသည်…

    ကျွန်တော်တို့ စစ်အစိုးရကဲ့သို့သော လူ့အခွင့်အရေးဆိုသည်မှာ ဂြိုလ်နှင့်လားဟု မေးရမည့်သူများအတွက်မူ စဉ်းစားသာ ကြည့်စေချင်တော့သည်…

  6. မိုက်တယ် ဗွီဒီယိုစီဒီဖြန့်တာ အကောင်းဆုံးဘဲ။ဒီဗွီဘီ ထုတ်လွှင့်ချက်တွေ နောက် ပြည်သူများကိုပိတ်ထားတဲ့သတင်းတွေ
    အင်တာနက်မှာတင်ထားတဲ့သတင်းတွေ အကုန်ဗီဒီယိုထဲထည့် ပြည်သူကြားချတာအထိရောက်ဆုံးဘဲ။
    တစ်ခါက နယ်မြို့လေးတစ်မြို့ရောက်တုန်း မိုးဟေကို အင်တာနက်ခွေဆို ရောင်းနေတာရှိလို့ဝယ်ကြည့်တာ (တည်းဖြတ်တာက
    ရဲအိမ်က လုပ်ပေးတာတဲ့)အင်တာနက်မှာ ပြန့်နေတဲ့ ဓါတ်ပုံကို ဆလိုက်လုပ်ပီး ဗွီဒီယိုပြောင်းထားတာ။။
    ဗွီဒီယို စီဒီဆိုတော့ ပြန့်ပွားဘို့လဲလွယ်တယ်…အင်တာနက်လိုင်းဘက်ကတော့ ကွန်နရှင်ကျနေယင် မကောင်းနိုင်ဘူး

Comments are closed.