အင်တာနက် သည် ပြည်သူ တို့ ၏ အခြေခံ လို အပ်ချက် ဖြစ်နေ

အင်တာနက် လိုင်း နှေးကွေး သော ကြောင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း သစ်များ မှာ တွက် ခြေ မကိုက်(ပုံတွင် တွေ့ ရသည် မှာ ရွှေသံလွင် ကုမ္ပဏီ ၏ အင်တာနက် ၀န်ဆောင်မှု သစ်)

FNG၊အင်တာနက် သည် မြန်မာ ပြည်သူတို့ ၏ စားဝတ် နေရေး ကဲ့ သို့ အခြေခံ လို
အပ် ချက် တစ်ရပ် ဖြစ် နေပြီး အင်တာနက် ဆက်သွယ်မှု များ ထပ်မံ နှေး ကွေး နေ မည်
ဆိုပါက ပြည်သူတို့ ၏ ဒေါသအမျက် နှင့် ရင် ဆိုင်ရ ပြီး လူထု အုံ ကြွမှု များ ပေါ် ပေါက် လာ
နိုင် ဟု ၈၈ မျိုး ဆက်ကျောင်း သား ဟောင်း  တစ်ဦး ဖြစ် သူ နိုင်ငံ ရေး အကျဉ်းသား ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။

ပြည်တွင်း ရှိ တက်ကြွသူ လူငယ် များ က အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook
နှင့် Twitter တို့ မှ စစ်အာဏာရှင် ဆန့် ကျင် ရေး စည်းရုံး လှုံ့ ဆော်မှု များ  အရှိန် ပြင်းပြင်းထန်
ထန် လုပ်နေ သောကြောင့် အင်တာ နက် လိုင်း များ နှေး ကွေး နေခြင်း ဖြစ်သည် ဟု ကျောက်
တံတား မြို့ နယ် မှာ အင်တာနက် ကဖေး ဆိုင် ဖွင့်လှစ် ထား သူ တစ် ဦး က ပြောသည်။

မြန်မာ နိုင်ငံ တွင် စီးပွား ရေး ၊ ပညာရေး နှင့် ဘဏ် ၀န်ဆောင် မှုလုပ် ငန်း များ အတွက် အင်
တာနက် အပေါ် လုံးလုံးလျှား လျှား မမှီ ခိုသော် လည်း တိုင်း ပြည်၏ ဆိုးရွား လှ သည့် စီးပွား
ရေး အခြေ အနေကြောင့် နိုင်ငံရပ် ခြား တွင် သွား ရောက် အလုပ် လုပ် ကိုင် နေသည့် မြန်မာ
များ ၏ မိသားစု ၀င်များ သည် ၎င်း တို့ ၏ သွေးချင်း များ နှင့် ဆက်သွယ် ရေး တွင် အင်တာနက်
အီးမေး များ ဖြစ် သည့် ဂျီမေး နှင့် အင်တာ နက် ဖုန်း ခေါ် ဆိုမှု ကို အဓိက ထား ပြီး ဆက်သွယ်
ကြသည်။

အင်တာ နက် နှေး ကွေး မှု ကြောင့် စာနယ် ဇင်း မီဒီယာများ မှာ လည်း နိုင်ငံ သတင်း များ ရယူ
ရာ တွင် အခက် အခဲ နှင့် ကြုံ ရသည် ဟု ဆိုသည်။

ပညာရပ် ဆိုင်ရာ အတွက် အင်တာနက် အသုံး ပြု ရသူများ နှင့် နိုင်ငံတာကာ ဘဏ်စာရင်းများ
ရှိ သူ မြန်မာ လူမျိုး မှာ အင်တာနက် နှေး ကွေး မှု ၏ အကျိုး ဆက် ကြောင့် လုပ်ငန်း များ မတွင်
ကျယ် ဖြစ်နေကြရသည်။

အများ ပြည်သူ သုံး အင်တာ နက် လိုင်း များ မှာ နှေး ကွေး သော် လည်း အစိုးရ ဌာန များ နှင့်
အာဏာပိုင် မိသား စု များ က ဆက် သွယ် ထား သည့် လိုင်း များ မှာ မူ မြန်ဆန် သည် ဟု
ဆိုသည်။  စစ်ထောက်လှမ်း ရေး နှင့် မော် စကို ရောက် မြန်မာ စစ်ဗိုလ် အချို့ သည့် နိုင်ငံရေး
လှုပ်ရှား သူများ ၏ နာ မည် ကို ဆင် တူယိုး မှား လုပ်ပြီး ၊ နိုင်ငံ ရေး ဓာတ် ပုံ များ စာများ ရေး
သား က အင်တာနက် လှုပ်ရှား မှု ပြု သူများ ကို ၀ါဒဖြန့် ချိ တိုက် ခိုက် လျှက် ရှိသည်။

အင်တာနက် လိုင်း နှေး ကွေး မှု လွန် ကဲ လာလျှင် ပြည်သူ တို့ သည် ၂၀၀၇ ခုနှစ် လောင်စာဆီ
ဈေးနှုန်းများ မြင့်တက် ခြင်း ကဲ့သို့  ပင် ဒေါသ ပေါက်ကွဲ နိုင်သည်။ လက်ရှိ အင်တာ နက် ပြု သူ
အများ စု မှာလည်း လူငယ် များ ဖြစ် သ ဖြင့် အချိန် မရွေး ပေါက် ကွဲ လွယ် သည် ဟု  အင်
တက် နက် ဆိုင် ပိုင် ရှင် တစ်ဦး ကပြောသည်။

 

8 thoughts on “အင်တာနက် သည် ပြည်သူ တို့ ၏ အခြေခံ လို အပ်ချက် ဖြစ်နေ

  1. အင်း…..လူတွေကတော..ပြောကြတာပဲ..စစ်အာဏာရှင်တွေသက်ဆိုးမရှည်ပါဘူတဲ့…
    ဘယ်အစိုးရပဲ..ဖြစ်ဖြစ်သက်ဆိုးရှည်လို့ လား…စီးစီးတွက်ကြည်ယင်…ဘယ်အရာမှမမြဲပါဘူး..
    အာဏာရှင်အစိုးရလည်းသူရပ်တည်နိုင်သလောက်တောတိုင်းပြည်ကိုအုပ်ချုပ်နိုင်တာပဲ…ပြည်သူ
    ကြိုက်တဲ့ဒီမိုကရေစီအစိုးရလည်း..၄..နှစ်ပြုတ်သွားတာပဲ..တချိုနိုင်ငံမှာဆို..ရွှေကောက်ပွဲအနိုင်ရပြီးတက်လာတာ.
    တနှစ်ခွဲပဲကြာတယ်…ပြုတ်သွားတာအများကြီးပါ…လက်ချိုးရေလို့ ရတယ်..အာဏာရှင်အစိုး၇တွေက..နှစ်ပေါင်း..၂၀..
    ၃၀..၄၀..ဆယ်တောင်နေနိုင်ကြတယ်..တရားနဲလုပ်လို့ မရဘူး….အားနဲလုပ်မှရမယ်..ဒါကျွှန်တော့အမြင်ပါ…အားနဲ
    လုပ်ပြီးပြောင်လဲသွား..ကောင်းစားသွားတဲတိုင်းပြည်အများပါ..စကားလည်းပြောလက်တွေ့ အားနဲသွေးထွက်မှမြန်မာပြည်
    ဒီမိုကရေစီလမ်းကြောင်းကိုရောက်မည်ဆိုတာခံယူထားပါတယ်.ဆူနမီရေလှိုင်းရှေ့ ကတရားထိုင်ပြီးအသက်ရှင်အောင်ကာကွယ်
    နေယင်အမြန်သေမှာနော်…မလာနိုင်အောင်တားစီးကာကွယ်ပေးမှအသက်ရှင်မှာနော်…စဉ်းစားဝေဖန်ကြပါ….

  2. တချိန်က….ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပါတယ်…အခုတော..စစ်အာဏာရှင်
    သန်းရွှေတို့ မိသားစုနိုင်ငံဖြစ်ပါတယ်..လွှတ်တော်ကလည်း..ပြည်သူ့ လွှတ်တော်
    လို့ ခေါ်နေတာမှားတယ်…သန်းရွှေတိုလွှတ်တော်လို့ ခေါ်ကြပါ..နေ၀င်းတခေါက်ပြည်သူ
    တွေကိုလိမ်ပြီး..သူ့ တဘ၀အသက်ထက်ဆုံးအုပ်ချုပ်သွားခဲလေပြီ..အခုသန်းရွှေတဆက်
    အသက်ထက်ဆုံးလိမ်ပြီးအုပ်ချုပ်နေပြန်ပြီ…သန်းရွှေသေယင်နောက်တဆက်လာအုံ့ မယ်..သန်းရွှေနိုင်ငံက
    လူတွေတချိုဒီမိုကရေစီလမ်းညွှန်လုပ်နေတယ်လို့ ..လိမ်နေတာကိုယုံနေကြတာ..သန်းရွှေကိုအကြိုက်တွေ့ 
    နေကြတာအံ့သြမိတယ်…အာဏာရှင်တွေလိမ်လည်အုပ်ချုပ်ခံပြီးယုံကြည်တဲ..လူ့ တိရာစ္ဆာန်တွေကို..သန်းရွှေသေပီးယင်
    နောက်ဘယ်အကောင်လိမ်နည်း.ယူပြီးတက်လိမ်မှာလဲ…ခေါင်းငုံ့ ကြည့်ပြီးတောသာနေကြပါ..

  3. အင်တာနက်ကြောင့်တော့မဖြစ်နိုင်ပါဘူးကျွန်တော်တို့နိုင်ငံမှာအင်တာနက်သုံးလူတန်းစားအရမ်းနည်းပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်၊အာရပ်နိုင်ငံတွေနဲ့ကအဲဒါမတူတော့ဘူးလေ

  4. တို့တိုင်းပြည်မှာပညာတတ်နည်းလို့နည်းပညာလူတန်းစားတရပ်ပဲအင်တာနက်သုံးနိုင်တယ်ပေါ့ဟုတ်လား..ဟား..ဟား.. ရီရတယ်ကွာမင်းတော်တော် စူးရောက် တာပဲ…အောက်ဆီဂျင်လိုတယ်ဆိုတော့ မြန်မာလူမျိုးကို မြောက်တိုင်းလုပ်ခြောက်တိုင်းကြောက်တယ်လို့ပြောချင်တာလား..မင်းအသိုင်းအဝိုင်းဆင့်လောက်နဲ့လာမနှိုင်းနဲ့ကွ..အားလုံးကရင် ထဲမှာခံစားချက်ရှိပြီးသားထုတ်ဖော်ခွင့်မရကြလို့နော်…ယမ်းအိုးကပြည့်နေပြီနော် စနက်တံဖြုတ်ဖို့ပဲကျန်တော့တာ..

  5. အင်တာနက်နှေးကွေးသောကြောင့် လူထုအုံကြွမှုဖြစ်လာလိမ့်မည်ဟုတော့ မဖြစ်နိုင်ဟု ထင်မြင်မိပါသည်… အင်တာနက်သုံးစွဲသည်မှာ နည်းပညာ လူတန်းစား တစ်ရပ်အဖြစ်တည်ရှိပါသည်… တနိုင်ငံလုံးကိုယ်စားမပြုပါ… အင်တာနက်နှေးကွေးသောကြောင့် ဆန္ဒပြမည်ဟုဆိုလျှင်တော့ ပြနိုင်ပါသည်… နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်အနေနှင့်တော့ အောင်မြင်လိမ့်မည်မဟုတ်ပါ…

    အဓိကလိုအပ်ချက်ဖြစ်သည့် စား၊၀တ်၊နေရေးကြောင့်သာ မခံမရပ်နိုင်ဖြစ်ပြီး လူထုအုံကြွမှုဖြစ်လာနိုင်ပါသည်… သို့သော် အောက်စီဂျင်တော့ မရှိမဖြစ်လိုအပ်ပါသည်…

    (အဓိပ္ပါယ်ဖွင့်ဆိုချက် ။ ။ အောက်စီဂျင်ဆိုသည်မှာ ကိုယ်တိုင်က မီးမလောင်သော်လည်း မီးလောင်ခြင်းကို အားပေးသော ဓါတ်ငွေ့ဖြစ်သည်။)

    1. ပထမအတွေးအခေါ်ကတော့ သဘာဝကျပါတယ် ဂဂဂဂ အရေးအခင်းဖြစ်လာတာဟာ မိုက်ရူးရဲ နေ၀င်းက ၇၅။၃၅။၂၅ ကျပ်တွေ ဖျက်သိမ်းလို့ တိုင်းပြည် ၁ ခုလုံး ကလေးေ၇ာ သူဌေးပါ ဒုက္ခရောက်ကျရတယ် သူဌေးတွေတော့ဆင်ပိန် ဆိတ်
်(ကျွဲလောက်ကျန်မယ်မထင်)ပေါ့ လက်လုပ်လက်စါးများနဲ့ကျွန်တော်တို့ကျောင်းသားတွေ( အထူးသဖြင့်နယ်ကျောင်းသားတွေ) ထမင်းဝယ်စါးဖို့တောင်မရှိတော့ ကျောင်းသားတွေစုပြီး ချီတက်ဆန္ဒပြရာမှာလူထုကပါဝင်ရောက် ပူးပေါင်းခဲ့လို့ ကြီးမားတဲ့အုံကြွမူ စဖြစ်ပြီး ကျောင်းတွေပိတ်ခဲ့ရတယ် ဒီအုံကြွမူဟာ ချိန်တန်ပြီပြောတဲ့အောက်စီဂျင်ကြောင့်လဲမဟုတ်ပါ
      အဲဒီအချိန်ဆန္ဒပြခဲ့တုံးက ဒီမိုကရေစီမဟုတ်သေးပါဘူး မတရားမူကြီး ၁ခုကို မကျေနပ်လို့ဆန္ဒပြခြဲ့ကတာပါ ကိုယ်အမှားကိုယ်မသိတဲ့
      နေ၀င်း က စစ်တပ်ဆိုတာမိုးပေါ်ထောင်မပစ်ဘူးတို့ ပါတီစုံကြိုက်လား ၁ ပါတီကြိုက်လားတို့ ထ လုပ်တော့မှ လူတွေလဲ မေ့လျော့နေတဲ့ ဒီမိုကရေစီကိုပြန်သတိရသွားတာပါ အညိုးကြီးတဲ့ နေ၀င်းဟာ ၈၈ မှာ RIT ကျောင်းသားတွေဖြစ်တဲ့ပြဿနာကို သေနတ်အားကိုးဖြေရှင်းခဲ့တဲ့နောက်မှာ အစိုးရ ကိုနာကြည်းမုန်းတီးနေကြပြီဖြစ်တဲ့ ကျောင်းသားထုနဲ့လူထု လက်တွဲပြီးတော်လှန် ခဲု့ကြလို့ ဂဂဂဂ အရေးတော်ပုံကြီး ဖြစ်ခဲ့တာပါ
      လူထုအုံကြွမှု ဖြစ်ဖို့ အောက်စီဂျင် မရှိမဖြစ်လိုတယ် ဆိုတာတော့ သဘောမတူပါဘူး လူထု ၁ ရပ်လုံးက အစိုးရအပေါ် မခံမရပ်နိုင်လောက်အောင် နာကြည်းလာပြီဆိုရင် လူထုအုံကြွမှု့ကြီးတွေဖြစ်လာတယ်ဆိုတာ သမိုင်းက သက်သေပါဘဲ

    2. အင်တာနက်နှေးတာကြောင့်တော့ဖြစ်လာမယ်မထင်ပါ

    3. အမှန်က မြန်မာပြည်ထဲမှာ အသုံးများနေတဲ့ ဘန်းစကားတစ်ခုပါ… ကိုယ်တိုင်မလုပ်သော်ငြားလည်း ဘယ်လိုလုပ်ရမယ် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ဘေးကနေ၀င်ဝင်ပြီး လုပ်ပေးတာမျိုးကိုခေါ်တာပါ…

Comments are closed.