တော်လှန်ရေး လုပ်မယ် ဆိုရင် အမေရိကန် ကို ရာဇ၀င် ထဲ မှာ ထားရစ်ခဲ့

Why U.S. Idle on Libya freedom?
တင်ကျော်ကျော်စိုး၊           ၊အမေရိကန် သမ္မတ အိုဘားမား ရဲ့  ကောင်းမှု ကြောင့် လစ်ဗျား
ခေါင်းဆောင် ရဲ့  ၀ပ်ကျင်းထိရောက် လာတဲ့ လစ်ဗျား အတိုက်အခံ နဲ့ စစ်သား သူပုန်တွေ ဟာ
အခုတော့ သူတို့ ရဲ့  ခံကတုပ်ကျင်း ဘန်ဂါဇီ ကိုတောင် သိမ်းယူ တော့ ပါမယ်။ ဘန်ဂါဇီ မတိုင်
ခင် ဇူဝါရာ မြို့ လည်း ကဒါဖီရဲ့ သစ္စာခံ တပ် တွေ ထဲ ကျသွား ပါပြီ။

ဟီလာရီ ကလင်တန် က ဒီနေ့ ည နေ မှ ပါရီ G8 အစည်းအဝေးမှာ လစ်ဗျား နိုင်ငံ ပေါ် ကို
လေယာဉ် မပျံသန်းရ ဇုန် (No Fly Zone) ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ လစ်ဗျား ဒီမိုကရေ
စီလိုလား သူတွေ ဆန္ဒပြ တာ ကို ကဒါဖီ က လေယာဉ် နဲ့ ပါ ဗုံးကြဲ လို့ တစ်ထောင် ကျော်
သေပါတယ်။ လစ်ဗျား ပြည်သူတွေ ရဲ့ အသက် တွေ ၊ သွေးတွေဟာ ကဒါဖီ တို့ မိသား စု ကို
တောင် ပြေးပေါက် ပိတ်စေခဲ့ ပါတယ်။ ဒါပေမယ့် ကဒါဖီ က သူပုန်တွေ ထဲ မှာ အယ်(လ)
ခိုင်ဒါ တွေ ပါတယ်လို့  ရူးကြောကြောင် စွပ်ဆွဲ မှု ကတော့ အမေရိကန် အစိုးရဲ့  အယ်(လ)
ခိုင်ဒါ ခြောက်အိပ်မက် လို့ ခေါ်တဲ့ အယ်(လ)ခိုင်ဒါ ဖိုဘီးယား ကို လှုပ် နှိုးလိုက် သလို ဖြစ်
သွား ပါတယ်။

အစိုးရ တွေ ရ တိုင်းရဲ့  ဗျူဟာ မှာ တရားဝင် ပြောကြား ချက် နဲ့  under table agenda ဆို
တာတွေ ရှိပါတယ်။ အမေရိကန် အစိုး ရ ရဲ့  လစ်ဗျား အပေါ်ထား တဲ့ under table agenda
ဟာ အယ်(လ)ခိုင်ဒါ လို့ ယိုးစွပ် ခံရတဲ့ လစ်ဗျား သူပုန် တွေ အာဏာရတာ ထက် စာရင်
ကဒါဖီ ဆက် ရှိ နေတာ က မှ ပိုကောင်းမယ် လို့ တွေး မိပုံ ရမှာ ပါ။ အဲဒီ အတွေ နဲ့ ပတ်သက်
ပြီး သူတို့ ရဲ့  မက်ဆေ့ခ်ျ ကိုလည်း  သူ့ စစ်ဘက်အရာ ရှိ တစ်ယောက် ကနေ ကဒါဖီ နိုင်မယ်
လို့ ကြို နိမိတ် ဖတ်သွား ခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ သူပုန်တွေ အာဏာမရအောင် အရူးကွက် နင်းပြီးဟို အကြောင်းပြ
ဒီအကြောင်းပြ နဲ့  အချိန် ဆွဲမယ်ထင်တယ်။ သူတို့ ဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ပြော
တာ ကို တော်တော် ယုံ နေပုံ ပဲ လို့  Democracy Now အင်တာ နက် စာမျက် နှာမှာဖော်
ပြထားပါတယ်။
လစ်ဗျား ခေါင်းဆောင် ဟာ အမေရိကန် နိုင်ငံခြားရေး ၀ါဒကို ရိပ်စား မိပြီး နောက်မှာ သူ
လုပ်စရာ ရှိတာတွေ ကို ဆက်တိုက် လုပ် ခဲ့ပါတယ် ။ နိုင်ငံ ထက်ဝက် ကျော် ကို သိမ်းထား
တဲ့ သူပုန်တွေ ဟာ အခု အခြေအနေ မလှ ရင် ပြည်ပြေး ဘ၀ နဲ့ ဇာတ်သိမ်း ရ အုံးမှာ ဖြစ်
ပါတယ်။
နိုင်ငံ တကာမှာ လွတ်မြောက် ရေး အတွက် တိုက် ပွဲ ၀င်နေ သူတွေ ဒီဖြစ်ရပ် ကို ကြည့်ပါ။
အမေရိကန် ဟာ တူနီရှား၊အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း၊ယီမင် လွတ်မြောက် ရေး မှာ ဘာတစ်ခု
မှ မကူညီ နိုင်ခဲ့ပါဘူး။ မကူ ညီ ယုံ မက အီဂျစ် တော်လှန်ရေး မှာ အာဏာရှင် မူဘာရက် ဘက်
က ရပ်ပေး ခဲ့ ပါတယ်။
လက် ရှိ ဘာရိန်း ဆန္ဒပြမှု မှာ လည်း ဒီလို ပါပဲ။ ချစ်တဲ့ ဘက် က တို့ ရပ် မယ် ဆိုပြီး ကာကွယ်
ရေး ၀န်ကြီး ရောဘတ် ဂိတ်က ဘာရိန်း နိုင်ငံ မနားမား မှာ ဘုရင် ဘက်က တို့ ရှိတယ် လို့ 
ကြွေးကျော် ခဲ့ပါတယ်။(အမေရိကန် အမှတ် ငါး ရေတပ် မတော် က ဘာရိန်းမှာ ပါ)  

ဆိုတော့ အကျဉ်းချုပ် ပြောရရင်တော့…အာဏာရှင် လက်အောက် က ပြည်သူတွေ ဟာ ဒီ
မိုကရေစီ နဲ့ လွတ်မြောက် ရေး ခရီးစဉ် မှာ အသက်တွေ တောင် လို ပုံ အောင် စတေးလဲ
အိုဘားမား အစိုး ရ အဖွဲ့  က ဘာ မှ ပိုခရီး ရောက် မယ့် အစီအစဉ် တွေ လုပ်ပေး နိုင် မှာ
မဟုတ ဘူး။

အာဏာရှင် လက်အောက်မှာ ပြည်သူများ ကိုယ့် ကံကြမ္မာ ကိုယ်သာ ဖန်တီး ပါ ။ သင့် လွတ်
မြောက် မှု ကို အမေရိကန် အပါအ၀င် မည်သည့် နိုင်ငံ က မျှ ဆောင်ကြည်း ပေးလိမ့်  မည်
မဟုတ်ပါ။ အီဂျစ် နှင့် တူနီးရှား ကို နမူနာ ယူပါ။

17 thoughts on “တော်လှန်ရေး လုပ်မယ် ဆိုရင် အမေရိကန် ကို ရာဇ၀င် ထဲ မှာ ထားရစ်ခဲ့

  1. အင်း မနေ့ညက ပဲ The Times သတင်းစာမှာ UK Prime Minister David Cameron က ယူအက်စ်
    သမ္မတ အိုဘားမားကို ခေါင်းဆောင်မှုပေးဖို့တောင်းဆိုလိုက်တဲ့အကြောင်းရေးထားတာဖတ်လိုက်ရသေးတယ်။

    နောက် ခေါင်းကြီးပိုင်းမှာလည်း အခုအချိန်မှာ ယူအက်စ်အနေနဲ့ လက်နှေးနေရင် ကမ္ဘာ့အလယ်မှာ အမေရိကန်
    ရဲ့ ပါဝါကျဆင်း သွားနိုင်တယ်လို့ လည်း သတိပေးထားသေးတယ်။

    ကောင်းကင်ကို ရဲ့ ကဗျာလိုပဲပြောတာကောင်းမယ်ထင်တယ်။
    နိုင်ငံကြီးတွေဆိုတာကလည်း ကိုယ်ကျိုးစီးပွားဆိုတဲ့ စကားအောက်မှာ နားတွေပင်းနေကြတယ် အမေ။ ဆိုတဲ့ စကား
    လိုပဲပါလိမ့်မယ်။

    ယူအက်စ်ကြီးက လက်တော့ မနှေးလောက်ပါဘူး။ရဖို့ ဘယ်လောက်ရှိလည်းသေချာအောင်တွက်နေတာ
    ဖြစ်မှာပါ။

  2. ကျွန်တော်ကတော့ ပထမအဆင့်အနေနဲ့ ကိုယ့်ရပ်ကွက်ထဲမှာရှိနေတဲ့ လက်တဆုပ်စာကြံ့ဖွတ်ကောင်တွေကို အရင် ခေါင်းရိုက်ခွဲတာပိုပြီးဖြစ်နိုင်တယ်…လက်နက်ရအောင်ယူပြီးသူပစ်ကိုပစ်ကတော့ နောက်တဆင့်ပေါ့..ကိုချိန်တန်ပြီရာ…

    1. ကောင်းတယ်ဗျာ… ဒါပေမယ့် ဒီကောင်တွေက ပမွှားလေးတွေပါ… သူ့ပထွေးအားကိုးနဲ့ မိုက်ရိုင်းနေကြတာပါ… သူ့ပထွေးတွေက မြှောက်ပေးလို့ သွေးကြွနေကြတာပါ… ဒီကောင်တွေကို လျစ်လျူရှုလို့လဲ မရဘူး.. ဒီကောင်တွေက အရေးအကြောင်းဆို ဖျက်မြင်းတွေ ဖြစ်လာမယ့်အကောင်တွေ… ရွှေဝါရောင်တုန်းက ကျွန်တော်တို့တွေ ခံလိုက်ရတာ ဒီကောင်တွေကြောင့်လဲပါတယ်… ဒီကောင်တွေကို သတိထားပြီး စောင့်ကြည့်ရမယ်… ဖြစ်လာရင် ဒီကောင်တွေကိုလဲ အလွတ်ပေးလို့ မဖြစ်ဘူး…

      ကျွန်တော် လေးစားတယ်ဗျာ… ကိုဖြိုးကြီး… တခြား နီးစပ်ရာ စိတ်ဝင်စားတဲ့သူတွေကိုလဲ ပြောပြထားပါ… ဒီတခါ အားလုံး သတိရှိရှိနဲ့ ဂရုစိုက်ပြီး လုပ်ကြရမှာ… အခုလိုမျိုး အောက်ခြေပိုင်းတွေကို ဦးနှိမ်ထားနိုင်ရင်လဲ ကျွန်တော်တို့အတွက် တကွက်အသာပေါ့ဗျာ… အားလုံးကတော့ ကိုယ်တတ်နိုင်တဲ့ဖက်မှာ တာဝန်ကျေကျေလုပ်ကြရမယ်… ကိုယ့်အားကိုယ်ကိုး ရမယ်ပေါ့ဗျာ… လက်လွတ်စပယ်ကြီးလဲ မလုပ်ကြပါနဲ့… စိတ်ရှည်ရှည်ထားပြီး ရည်မှန်းချက်ပန်းတိုင်ကို အရယူကြရမယ်…

  3. ဘာမှမတတ်နှိင်ဘူး..
    သူတို့ကိုခံချဖို့ဘယ်သူမှလဲလက်နှက်တွေအလကားလာပေးမှာမဟုတ်ဖူး
    သန်းရွှေမာလကီးယားရင် စစ်ခွေးတွေစားခွက်လုကြမှာ
    အဲတော့မှ များများကိုက်ကြအောင်ဘေးကနေမြှောက်ထိုးပင့်ကော်လုပ်ဖို့လိုတာ
    ပြည်တွင်းစစ်ထဖြစ်တော့မှ UN ကဝင်လာလို့ရမှာ
    အဲတော့မှလဲ ဒေါ်စုတစ်ကယ်လွပ်လွပ်လပ်လပ် ဦးဆောင်လို့ရမှာ
    ကြားထဲက တရုတ်ကြီးဝင်စားမှာကလဲရှိသေးတယ်
    ကျနော်တို့ပြည်သူတွေဘက်မှာတစ်ကယ်တမ်းလက်နှက်နဲ့ကာကွယ်မယ့်သူမရှိလို့ဒီလောက်အကြာကြီးခံနေရတာပေါ့ဗျာ
    ခက်တာက သန်းရွှေကြီးကဘယ်တော့မှသေမှာလဲမသိတာ ဆိုးတာ
    သက်ဆိုးရှည်တယ်ဆိုတာ ဒါမျိုးကိုပြောတာပဲဖြစ်မယ်။

  4.်FNG မှာcommentအများဆုံးပေးနိုင်တဲ့ ဘကြီးအောင်တို့ ချိန်တန်ပြီတို့ ဝိုင်းတော်သားများရေ မိမိရဲ့ရပ်တည်ချက်တွေမှာဘယ်သူကမှန်ပြီးဘယ်သူကမှားတယ်ဆိုတာဘက်မလိုက်ပဲဒီမိုကရေစီနည်းကျ
    အများသဘောတူသူံးသပ်ဆုံးဖြတ်တာကိုခံနိုင်ရဲတဲ့ ကိုယ့်ကိုယ်ကိုတိုင်းပြည်ကောင်းစေလိုတဲ့စိတ်စေတနာအမှန်ရှိတယ်
    လို့မှတ်ကျောက်တင်ခံနိုင်တဲ့စိတ်ရှိရင်တော့အများကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးနိုင်တဲ့ face book လူမှူ
    ကွန်ယက်ပေါ်မှာပြောင်းရွေ့ဆွေးနွေးကြရင်ဖြင့် လူကြီးမင်းတိွု့ရဲ့အတွေ့အကြုံတွေကို သက်ကြီးစကားသက်ငယ်ကြားဆိုသလို
    ကျွန်တော်တို့လို ၆၂ ဆိုတာဘာလဲ ၇၄ ဆိုတာကရောဘာလဲ ၈၈ ဆိုတာကြီးကရောဘာဖြစ်ကြတာလဲလို့ဘယ်သူ့မေးလို့
    မေးရမှန်းမသိအောင်သမိုင်းဆိုတာစာမျက်နှာ ၈၀ လောက်သာပါတဲ့မြန်မာ့သမိုင်းဖတ်စာဆိုတဲ့စာအုပ်လေးတစ်အုပ်လောက်သာသင်ခဲ့ရဖူးတဲ့ဆယ်ကျော်သက်ရွယ်လူငယ်တွေ
    အတွက်သမိုင်းဖြစ်ရပ်မှန်ပင်လယ်ပြင်ကြီးကိုကြားသိတွေ့မြင်ခွင့်ရမှာမို့ face book ပေါ်မှာလူကြီးမင်းတို့ကိုမြင်ပါရစေလို့
    ပန်ကြားပါရစေ………..

    1. ကျွန်တော် FB ကို မကြာခင် သုံးဖို့ရည်မှန်းထားပါတယ်…

  5. We shouldn’t trust all politicians whether from US or China or EU or Russia. In front of media, they always preach about human right, freedom, democracy, moral responsibility, etc. But end of the day, they act based on self interest. They hide their hypocrisy behind so called diplomacy. What a shame!!!

  6. US ကိုတော့သွားမပုတ်ခတ်နဲ့လေ။သူ့နိုင်ငံ၊သူ့လူမျိုး၊သူ့စီးပွားကောင်းရာကောင်းကြောင်းပဲသူလုပ်မှာပေါ့။
    ဒါအမှန်ပဲလေ။သူများနိုင်ငံရေးကိုဝင်စွက်ဖို့ဆိုတာ တော်တော်လေးကို စဉ်းစားရမဲ့ကိစ္စ။အင်း…

  7. ချိန်တန်ပြီ :လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက လစ်ဗျားလက်နက်ကိုင်တော်လှန်ရေးသမားတွေက အမေရိကန်ကို အကူအညီတောင်းထားတာပါ… ဒီနေ့ ဒီအချိန်အထိ မရသေးဘူးဖြစ်နေပါတယ်… ပြည်တွင်းထဲမှာ ပြည်သူတွေကို ဗုံးကျဲတာကတော့ မြင်မကောင်းရှုမကောင်းပါ… အခုအချိန်အထိ တော်လှန်ရဲတဲ့ သူတို့သတ္တိကိုတော့ အရမ်းလေးစားပါတယ်… လက်နက်ကိုင်နေတဲ့ တချို့သူတွေဆို စိတ်ဓါတ်တက်ကြွတဲ့ လူငယ်လေးတွေပါ… အမေရိကန်က အော်နေရုံသာရှိပါသေးတယ်… ဒါပေမယ့် အရာအားလုံးဟာ မပြီးဆုံးပါဘူး… နောက်ဆုံးအချိန်အထိတော့ စောင့်ကြည့်ရအုန်းမယ့်အခြေအနေပါ…
    တခုစဉ်းစားမိတာက ကျွန်တော်တို့ပြည်သူတွေ ဆန္ဒပြလို့ သေနတ်တွေနဲ့ပစ်မယ်ဆိုရင် ဘယ်နားကိုထွက်ပြေးကြမှာလဲ… ဒီအတိုင်းပဲ သူတို့ပစ်တာ ခံသွားကြမလား… ဦးသန်းရွှေဆိုတဲ့ လူစားမျိုးကလဲ တကယ်လုပ်မယ့်လူစားမျိုး… သူ့ကိုကြောက်နေလို့လဲ အားလုံးပြီးဆုံးသွားမှာမဟုတ်ဘူး… ကျွန်တော်တို့မှာ ဒီအတိုင်းလက်နက်မဲ့ ဆန္ဒပြတာထက်စာရင် လက်နက်ကို တနည်းနည်းနဲ့ ရအောင်ယူပြီး သူပစ် ကိုယ်ပစ်ပစ်ရင်း အသေခံမလား… ဘာလက်နက်မှ မကိုင်ဘဲ သူတို့ပြုသမျှ နုပြီးခံနေရမယ့် အခြေအနေမျိုးကိုပဲ ရွေးမလား… စဉ်းစားစရာတွေပါ… တကယ်ကြုံလာရင် ဖြစ်လာမယ့် အခြေအနေတွေပါ…
    ကျွန်တော့် ဆန္ဒဆိုရင်တော့ သူပစ်ကိုယ်ပစ် ပစ်ရင်း အသေခံသွားတာကို ရွေးမှာပါ… ကျန်တဲ့သူတွေကကော ဘယ်လမ်းကို ရွေးမှာလဲ ?????

    1. than paw :

      ချိန်တန်ပြီ :လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက လစ်ဗျားလက်နက်ကိုင်တော်လှန်ရေးသမားတွေက အမေရိကန်ကို အကူအညီတောင်းထားတာပါ… ဒီနေ့ ဒီအချိန်အထိ မရသေးဘူးဖြစ်နေပါတယ်… ပြည်တွင်းထဲမှာ ပြည်သူတွေကို ဗုံးကျဲတာကတော့ မြင်မကောင်းရှုမကောင်းပါ… အခုအချိန်အထိ တော်လှန်ရဲတဲ့ သူတို့သတ္တိကိုတော့ အရမ်းလေးစားပါတယ်… လက်နက်ကိုင်နေတဲ့ တချို့သူတွေဆို စိတ်ဓါတ်တက်ကြွတဲ့ လူငယ်လေးတွေပါ… အမေရိကန်က အော်နေရုံသာရှိပါသေးတယ်… ဒါပေမယ့် အရာအားလုံးဟာ မပြီးဆုံးပါဘူး… နောက်ဆုံးအချိန်အထိတော့ စောင့်ကြည့်ရအုန်းမယ့်အခြေအနေပါ…
      တခုစဉ်းစားမိတာက ကျွန်တော်တို့ပြည်သူတွေ ဆန္ဒပြလို့ သေနတ်တွေနဲ့ပစ်မယ်ဆိုရင် ဘယ်နားကိုထွက်ပြေးကြမှာလဲ… ဒီအတိုင်းပဲ သူတို့ပစ်တာ ခံသွားကြမလား… ဦးသန်းရွှေဆိုတဲ့ လူစားမျိုးကလဲ တကယ်လုပ်မယ့်လူစားမျိုး… သူ့ကိုကြောက်နေလို့လဲ အားလုံးပြီးဆုံးသွားမှာမဟုတ်ဘူး… ကျွန်တော်တို့မှာ ဒီအတိုင်းလက်နက်မဲ့ ဆန္ဒပြတာထက်စာရင် လက်နက်ကို တနည်းနည်းနဲ့ ရအောင်ယူပြီး သူပစ် ကိုယ်ပစ်ပစ်ရင်း အသေခံမလား… ဘာလက်နက်မှ မကိုင်ဘဲ သူတို့ပြုသမျှ နုပြီးခံနေရမယ့် အခြေအနေမျိုးကိုပဲ ရွေးမလား… စဉ်းစားစရာတွေပါ… တကယ်ကြုံလာရင် ဖြစ်လာမယ့် အခြေအနေတွေပါ…
      ကျွန်တော့် ဆန္ဒဆိုရင်တော့ သူပစ်ကိုယ်ပစ် ပစ်ရင်း အသေခံသွားတာကို ရွေးမှာပါ… ကျန်တဲ့သူတွေကကော ဘယ်လမ်းကို ရွေးမှာလဲ ?????

      ဘာနဲ့ပစ်ရမှာလဲ.. ? သရေပင် နဲ့လား ?

  8. People Are Stupid. why always want help from America? if US do something and try to help they blame US for involve in other countries affairs. If US don’t help just sit and watch they blame US is heartless and blame for not try to help the people in need. If i am US government i would change the policy to the one like Chinese have. do Nothing but business and their own country good and ignore the world.

  9. အို ဘား မား ဆို တာ လေ သ မား ပါ… ဘာ မှ လုပ် ပေး မှာ မ ဟုတ် ပါ ဘူး။ စောင့် နေ ရင် အ သက် သာ ထွက် သွား မယ်.. အ ကူ အညီ က တော့ ရ မှာ မ ဟုတ် ဘူး။ သူ ကိုယ် သူ တောင် အိမ် ဖြူ တော် မှာ အုတ် ကွက် နင်း နေ ရ တာ။ နေ ပြည် တော် မျှော် တိုင်း ဝေး ပါ တယ် ဗျာ။

  10. ချိုန်တန်ပြီ ငါလဲမင်းလိုပဲတွေးမိတယ်၊နောက်ဘယ်နှစ်မျိုးဆက်ထိအာဏာရှင်အောက်မှာခံရအုံးမလဲ

  11. ချိန်တန်ပြီရေ တော်လှန်ချင်တဲ့စိတ်ရှိတာကို လေးစားပါတယ် အဓိက ကတော့အင်အားဘဲကွေ၇များရေနိုင် မီးများမိးနိုင်ဘဲ
    ကိုယ်အားကိုယ်ကိုးရမယ်ဆိုတာတော့ အမှန်တရားငါတို့ကိစ္စသူများတွေလာလုပ်ပေးပါလို့မပြောချင်ပါဘူး သေရေးရှင်ရေးကိစ္စ
    ကွတော်ရုံနဲ့ဘယ်လာဘို့လွယ်မှာလည်း ဒီမိုကရေစီနိုင်ငံတွေကပိုပြီးတောခက်တာပေါ့ လုပ်ချင်တိုင်းလုပ်လို့ရတာမဟုတ်ဘူး
    မင်းလုပ်ချင်လျင်ပြည်သူတွေဒို့နောက်ကပါမယ်ဆိုလျင်ဘာအမေရိကန်မှမလိုပါဘူးကွာ သိန်ဂဏန်းလောက်ရှိတဲ့စစ်တပ်လောက်များ သန်ချီနေတဲ့ပြည်သူတွေကိုမကျော်နိုင်ပါဘူး ပြည်သူတစ်ရပ်လုံးကညီညွတ်မဲ့အချိန်ကိုစောင့်ပါ အဲကဒီလိုမဟုတ်လျင်တော့ချိန်တန်ပြီ လို့မပြောပါနဲ့ကွာ။

  12. လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက လစ်ဗျားလက်နက်ကိုင်တော်လှန်ရေးသမားတွေက အမေရိကန်ကို အကူအညီတောင်းထားတာပါ… ဒီနေ့ ဒီအချိန်အထိ မရသေးဘူးဖြစ်နေပါတယ်… ပြည်တွင်းထဲမှာ ပြည်သူတွေကို ဗုံးကျဲတာကတော့ မြင်မကောင်းရှုမကောင်းပါ… အခုအချိန်အထိ တော်လှန်ရဲတဲ့ သူတို့သတ္တိကိုတော့ အရမ်းလေးစားပါတယ်… လက်နက်ကိုင်နေတဲ့ တချို့သူတွေဆို စိတ်ဓါတ်တက်ကြွတဲ့ လူငယ်လေးတွေပါ… အမေရိကန်က အော်နေရုံသာရှိပါသေးတယ်… ဒါပေမယ့် အရာအားလုံးဟာ မပြီးဆုံးပါဘူး… နောက်ဆုံးအချိန်အထိတော့ စောင့်ကြည့်ရအုန်းမယ့်အခြေအနေပါ…

    တခုစဉ်းစားမိတာက ကျွန်တော်တို့ပြည်သူတွေ ဆန္ဒပြလို့ သေနတ်တွေနဲ့ပစ်မယ်ဆိုရင် ဘယ်နားကိုထွက်ပြေးကြမှာလဲ… ဒီအတိုင်းပဲ သူတို့ပစ်တာ ခံသွားကြမလား… ဦးသန်းရွှေဆိုတဲ့ လူစားမျိုးကလဲ တကယ်လုပ်မယ့်လူစားမျိုး… သူ့ကိုကြောက်နေလို့လဲ အားလုံးပြီးဆုံးသွားမှာမဟုတ်ဘူး… ကျွန်တော်တို့မှာ ဒီအတိုင်းလက်နက်မဲ့ ဆန္ဒပြတာထက်စာရင် လက်နက်ကို တနည်းနည်းနဲ့ ရအောင်ယူပြီး သူပစ် ကိုယ်ပစ်ပစ်ရင်း အသေခံမလား… ဘာလက်နက်မှ မကိုင်ဘဲ သူတို့ပြုသမျှ နုပြီးခံနေရမယ့် အခြေအနေမျိုးကိုပဲ ရွေးမလား… စဉ်းစားစရာတွေပါ… တကယ်ကြုံလာရင် ဖြစ်လာမယ့် အခြေအနေတွေပါ…

    ကျွန်တော့် ဆန္ဒဆိုရင်တော့ သူပစ်ကိုယ်ပစ် ပစ်ရင်း အသေခံသွားတာကို ရွေးမှာပါ… ကျန်တဲ့သူတွေကကော ဘယ်လမ်းကို ရွေးမှာလဲ ?????

Comments are closed.