
အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် အီဂျစ် နိုင်ငံ သို့ ရောက်ရှိ နေခိုက်
တွင် ဘာရိန်း နိုင်ငံ က ဒီမိုကရေစီ ရရှိ ရေး တောင်းဆို ဆန္ဒပြ သူများ ကို နိုင်ငံခြား တပ်များ
၏ အကူညီ ဖြင့် မြို့ တော် မနားမား ရှိ ပုလဲ အ၀ိုင်း စခန်းချရာ တွင် စတင် နှိမ်နှင်း နေပြီ ဖြစ်သည်။ဆော်ဒီအာရေးဗီးယား က လက်နက် အပြည့်အစုံ တပ်ဆင် ထားသည့် စစ်သား တစ်ထောင်
ကျော် ကို ဘာရိန်းနိုင်ငံ တွင်း စေလွှတ် ခြင်းမှာ ပြည်တွင်း စစ်ကို စတင်ခြင်း ဖြစ်သည် ဟု
အိုင် ရန် က ဝေဖန် ခဲ့သည်။ ဘာရိန်း နိုင်ငံ တွင် ဆွန်နီ လူနည်း စု က အာဏာချုပ်ကိုင် ထားပြီး
ပြည်သူ အများစု မှ ရှီးယား မွတ်စလင် များ ဖြစ်သည်။
ဘာရိန်း ပြည်သူများ ကို ဆော်ဒီအာရေးဗီးယားတပ် များ မှ မျက်ရည်ယို ဗုံးများ လက်ကိုင်တုတ်
များ ဖြင့် စတင် နှိမ် နှင်း နေ ပြီးယမန် နေ့ က ဘာရိန်း လုံခြုံရေး တပ် ဖွဲ့ များ ၏ တိုက်ခိုက်မှု
ကြောင့် နှစ် ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိသည်။
ဘာရိန်းအစိုးရ က နိုင်ငံ တွင်း သွားလာမှုများ နှင့် ညမထွက် ရ အမိန့် ကို ယမန် နေ့ ညက
စတင် ပြဌာန်းခဲ့ သော် လည်း ပြည်သူများက ဆက်လက် အံတုလျှက် ရှိသည်။
This is a developing story. Check back for more updates.

Barain’s peoples should counter attack Sordi’s army & Gadaphi’s army as anti-imperialism.