France: Arab States Ready to Use Force in Libya
Update: လစ်ဗျား နိုင်ငံ အပေါ် လေယာဉ် မပျံသန်းရ ဇုန် သတ်မှန်နိုင်ရန် ကုလ လုံခြုံရေး
ကောင်စီမှ ဆုံးဖြတ်ချက် မကျမှီ အင်္ဂလန် နှင့် ပြင်သစ် က မူကြမ်းရေး ဆွဲ ပြီး စီး
အဖွဲ့ ဝင် ၁၅ နိုင်ငံ ပါဝင်သည့် ကုလ လုံခြံရေး ကောင်စီက လစ်ဗျား နိုင်ငံ အပေါ် အရေး
ယူမည့် NO FLY ZONE ဥပဒေ အတည် ပြု နိုင် ရေး အတွက် အပြင်းအထန် ဆွေးနွေး
နေကြသည်။ ဂျာမဏီ ၊ တရုတ် နှင့် ရုရှား က ကန့် ကွက် (သို့ )မဲ မပေး ပဲ နေနိုင်သည်။
CBS သတင်း တွင် မူ ဗီတို အာဏာ သုံးပြီး ကန့် ကွက် နိုင်မည် မဟုတ် ဟု ဆိုသည်။
________________________________________________________
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို ဆန့် ကျင်သည့် အတိုက် အခံ နှင့် သူပုန် များ သည့်
နိုင်ငံ ၏ ဒုတိယ အကြီး ဆုံး မြို့ ဖြစ်သည့် ဘန်ဂါဇီ မြို့ ကို ထိန်းချုပ် ထားသည်။လစ်ဗျား
ခေါင်းဆောင် ကဒါဖီ ၏ တပ် များ သည် ပြန်လည် သိမ်း ပိုက် မိသည့် မြို့ များ မှ သူပုန်
အဖွဲ့ ဝင်များ ၏ သား သမီး များ နှင့် ကျန်ရစ် ခဲ့သည့် မိသား စု ၀င်များ ကို ရေနံ များ
သောက် ခိုင်း ပြီး သတ် ပစ် သည် ဟု အာရပ် သတင်း များ တွင် ဖော်ပြထားသည်။
ကဒါဖီ သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့  မှ ယခု အချိန် ထိ အပြစ် မဲ့ အရပ်သား သုံး
ထောင့် ငါးရား ကျော်သတ်ဖြတ် ပြီး ဖြစ်သည် ဟု နိုင်ငံတကာ ကြက်ခြေ နီ အဖွဲ့ 
မှ တာဝန်ရှိ သူ တစ်ဦး ကပြောသည်။
ကဒ်ါဖီ ရဲ့ တပ် တွေ က လစ်ဗျား ဒီမိုကရေစီ လိုလားသူတွေ ရဲ့ နောက်
ဆုံးခံတပ် မြို့ ဖြစ်တဲ့ ဘန်ဂါဇီ မြို့ ကို သိမ်းပိုက် ဖို့ ချီတက် လာချိန်မှာ အာရပ်လိဂ်
နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင် ရွက်မှု နိုင်ငံများ အဖွဲ့ က လစ်ဗျား နိုင်ငံ ကို
ဝင်ရောက် တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့  ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက
သူ့  ရဲ့ အင်တာနက် စာမျက်နှာ မှာဖော်ပြထားပါတယ်။ဆန္ဒပြသူ တွေ ကို လေယာဉ် နဲ့ ဗုံးကြဲပြီး သတ်ပစ်ခဲ့တဲ့ ကဒါဖီ ရဲ့ သား ဆာအိဖ်
အစ္စလာမ် ကတော့ နောက် ၄၈ နာရီ အတွင်းမှာ ဘန်ဂါဇီ မြို့ တွင်း ကို သူအရောက်
လာခဲ့မယ်လို့ ဆိုပါတယ်။
ကဒါဖီကတော့ လက်နက်ချ မယ့် သူပုန်တွေ ကို စကောလားရှစ် ပေးမယ်လို့ 
ကြေငြာထားပါတယ်။ ဘန်ဂါဇီ တစ်မြို့ လုံးကတော့ စစ်ပွဲဆင်နွှဲ ဖို့ အသင့်ပြင်
ထားတယ်လို့  ဝေါလ်စထရိ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အာလျှန် ရပ်ပီ ကတော့ ဘယ် အာရပ် နိုင်ငံ
တွေက ၀င်တိုက်မှာ လဲ ဆိုတာ ဖော်ပြမထား ပါဘူး။
ပြင်သစ် နိုင်ငံဟာ လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ ကို ပထမဦး ဆုံး အသိအမှတ်
ပြုခဲ့တဲ့ ဥရောပ နိုင်ငံ ဖြစ်ပါတယ်။
အခုတော့ ဘန်ဂါဇီ မြို့ နဲ့ အနီး ဆုံး မြို့ တစ်ခု ဖြစ်တဲ့ အက်ဒါဘီယာမှာ တိုက်
ပွဲ တွေ ပြင်းထန်နေပါတယ်။
လစ်ဗျား သူပုန် တပ် ဖွဲ့ တွေက သူတို့ ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ယခင်
ပြည်ထဲရေး ၀န်ကြီး ဟောင်း ကို တင်မြှောက်လိုက်ပါတယ်။
မူရင်း သတင်း စာမျက်နှာ ရှိရာ သို့ သွားရန် ဤနေရာတွင် နှိပ်ပါ
Related Articles
- Arab states would aid Libya military op: France FM – AFP (news.google.com)
