အောင်မြင်၊ ၊မြ၀တီ မြို့ တွင် ယနေ့ မနက်ပိုင်း ဉ် ပစ်ခတ်သံများကြားရ ပြီး လက်နက်ကြီး
ပေါက်ကွဲမှု သံများ လည်း ဆူညံနေ သည် ဟု မြ၀တီ မြို့ ခံ တစ်ဦးက Freedom News Group
သို့ ပြောသည်။
ပေါက်ကွဲမှု သံများ လည်း ဆူညံနေ သည် ဟု မြ၀တီ မြို့ ခံ တစ်ဦးက Freedom News Group
သို့ ပြောသည်။
ယနေ့မတ်လ၁၇ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်တွင် မြဝတီမြို့ပြင်တံတားကျိုးဘက်
လက်နက်ကြီးသွများကြားရပြီး၊ လက်နက်ကြီး၎လုံးခန့်ပေါက်ကွဲသံကြားရကြောင်း မြဝတီမြိုခံ
ကပြောသည်။ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်သော DKBA တပ်များသည် နအဖ ၏ရွေးကောက်ပွဲ နှင့် နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခြင်းကိုလက်မခံဘဲ ပြီးခဲသည့်နိုဝင်င်္ဘာလကတည်းက
တိုက်ခိုက်လာခဲ့သည်။
လက်နက်ကြီးသွများကြားရပြီး၊ လက်နက်ကြီး၎လုံးခန့်ပေါက်ကွဲသံကြားရကြောင်း မြဝတီမြိုခံ
ကပြောသည်။ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်သော DKBA တပ်များသည် နအဖ ၏ရွေးကောက်ပွဲ နှင့် နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခြင်းကိုလက်မခံဘဲ ပြီးခဲသည့်နိုဝင်င်္ဘာလကတည်းက
တိုက်ခိုက်လာခဲ့သည်။
ကရင်ပြည်နယ်အတွင်းတွင်တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလအတွင်းနအဖစစ်တပ်မှာပြောက်ကျား
စစ်ဆင်ရေးများကြောင့်အထိခိုက်အကျဆုံးများပြားခဲ့ရသည်။
စစ်ဆင်ရေးများကြောင့်အထိခိုက်အကျဆုံးများပြားခဲ့ရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုပြီးချိန်တွင်DKBA နှင့်KNUတို့မှနအဖစစ်တပ်ကို
ပြောက်ကျားစစ်ဆင်ရေးများအရှိန်တိုးမြင့်တိုက်ခိုက်မည်ဟု သတင်းများကြားနေရကြောင်း
ကို မြ၀တီ-ကော့ကရိတ် ဆိုင်ကယ်ပြေးဆွဲနေသူယာဉ်မောင်းတဦးက FNG ကိုပြောပြခဲ့ပါသည်။
မတ်လ ၁၆ရက်နေ့ညကတည်းက မြဝတီမြို့တွင်နေထိုင်သူများသည်အချို့မှာတိုက်ပွဲများဖြစ်ပွားလာပါက
ဘေးကင်းရာထွက်ပြေးနိုင်ရန်အထုပ်အပိုးများအဆင့်သင့်ပြင်ထားကြပြီး၊အချို့မှာမိမိတို့နေထိုင်ရာအိမ်ဝင်း
အတွင်းတွင်ကတုတ်ကျင်းများတူးထားကြကြောင်းသိရသည်။ ယနေ့တွင်မြတီဈေးနှင့် ရပ်ကွက်အတွင်းဈေးဆိုင်များပိတ်ထားကြကြောင်းသတင်းရရှိပါသည်။
့မြ၀တီမြို့ ထဲတွင် စစ်တပ်အင်အားမြောက်များစွာချထားပြီး ဒေသခံများသည်
ပေါ်တာနှင့် ချော အဆွဲခံရမည်ကို ထိတ်လန့် နေကြသည်။
ပေါ်တာနှင့် ချော အဆွဲခံရမည်ကို ထိတ်လန့် နေကြသည်။
မြ၀တီ မြို့ သည် မြန်မာ နိုင်ငံ နယ်စပ် ဒေသ ၏ အဓိကျ သော ကုန်သွယ်ရေး မြို့ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှာ…လူမျိုးစုတွေ..နဲ…ဗမာဆိုတဲ့ဗဟိုပြည်မကြီးလူမျိုးကြီးဝါဒခံယူထားတဲ့ပြဿနာက..
အဓိကဇာတ်ကောင်က…ဦးနုလှည့်ကွက်ကြောင့်ဖြစ်လာတာပါ..ဦးနုကဘာသာရေးသ္မားလိုလို..လူမျိုးစုတွေကိုချစ်သလိုလို
ဟန်ဆောင်ကောင်းတဲ့ကြောင်သူတော်ကြောင့်ဖြစ်လာတာပါ..သိချင်ယင်မြန်မာသမိုင်းဖြစ်စဉ်ကို..အသေးစိတ်ပြန်လေ့လာ
ပြီဝေဖန်သုံးသပ်လို့ ရတယ်..ရှည်ရှည်ဝေးဝေးမရေးချင်တောဘူး..ဖဆပလခေတ်က..62..ခုနှစ်ခေတ်က..နိုင်ငံရေးသ္မား
ရှေ့မှီနောက်မှီနိုင်ငံရေးအိုကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ရင်သိနိုင်ပါတယ်…ဦးနုကအပြင်ချိုသလောက်..အတွင်းညာဏ်များ
တယ်…ဦးနုကိုအပေါ်ယံကြည့်ပြီးတချိုးလူတွေက..မျိုးချစ်ဝါဒီသ္မားလို့ ထင်ကြလိမ္မည်…(ဗမာလူမျိုးဘက်ကကြည့်ယင်
တောကောင်းမှာပေါ့..တိုင်းရင်းသားလို့ ခေါ်နေကြတဲ့..လူမျိုးစုတွေဘက်ကကြည့်ရင်..ကောက်ကျစ်သူဖြစ်တယ်)…
ဂျော့ W ပုရှ် ရေ-
မင်း အမျိုးတွေက ဒီလိုဘဲ သူများပျက်စီးမှ စီးပွားရှာတာလား။ကောင်းမကောင်း သင့်မသင့် ပြောဖို့ ပိုမသိတော့ဘူးလား။သူများရေးတာကြည့်ပြီး မင်းရှက်တတ်ပါစေ။
သောက်ရှက်ရှိမှတိုးတက်မည်။နှမ်းတစ်စေ့နဲ့ဆီတော့မဖြစ်ဘူး။နှမ်းတွေများရင်ဆီဖြစ်နိုင်တယ်။စေတနာပါနော်။
ကျရင်ကောက်ပြီးသိမ်းထားလေဗျာ
ဈေးကောင်းရရင်ထုတ်ရောင်းကြားလား lol
(လူထု နဲ့ မျိုးဆက်အားလုံးကို ဖက်ဒရယ် ဆိုတာ ကြောက်စရာကြီးဖြစ်အောင် ၀ါဒဖြန့်ခဲ့တယ်။ )
အဲဒါကတော့ လုံးဝလက်ခံပါတယ်… အခုအချိန်အထိ ကျွန်တော်တို့ ဗမာတိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ဖက်ဒရယ်ဆိုတာဟာ တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွာ ကွဲသွားတာမျိုးချည်းပဲ ထင်နေတယ်… ဒါတွေဟာ ဗိုလ်နေ၀င်း တို့လက်ထက်ကနေ အခုစစ်အစိုးရအထိ ပြည်သူတွေကို မှိုင်းတိုက်ပေးထားတဲ့ အချက်ပါ…
့ကြိုက်တယ်ဗျာ အတွေးအခေါ်fairဖြစ်သူတွေ ရဲ့  comment တွေဖတ်ရတာ ။ လေးစါးပါတယ်။
ဗိုလ်ချုပ်က ခင်ဗျားပြောတဲ. အကြောင်းအရာကို တွက်မိပါလိမ်.မယ်…
နောက်မှ ပြည်တွင်းပြသနာ တွေကို သူဆက်ရှင်းမယ်လို. ကြံရွယ်ဟန်တူပါတယ်…
သူက ပြသနာတွေမပြီးမီ ကျဆုံးသွားခဲ.တယ်ဆိုတော. …….
တခြားသူတွေ ရဲ. အမြင်ကို လည်းသိလိုပါတယ်….
Neo Partriot ရေ မင်းဘယ်ရောက်နေလဲ….(မင်းအမြင်ကို သိလိုပါတယ်)
:))))
ကိုချိန်တန်ပြီ … ရေ။ ဗိုလ်ချုပ်က မပေးနိုင်တဲ့ ကတိ ပေးတာလည်းမဟုတ်ပါဘူး။ အားလုံး သဘောတူကြတယ်။ ချက်ခြင်း အကောင်အထည်မဖော်ပဲ အတူတူ လွတ်လပ်ရေးယူခဲ့ကြတာပါ။ ၁၀ နှစ် အကြာမှာ သဘောတူထားတဲ့အတိုင်း လွတ်လပ်တဲ့ ပြည်ထောင်စု ဖက်ဒရယ်ကို စ ပြင်ဆင် ဆွေးနွေးပါတယ်။ ခေတ် ပညာတတ် စော်ဘွားနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို မုန်းတီးတဲ့ ဗိုလ်နေ၀င်းက ၀င်နှောင့်ယှက်တယ်။ နောက် ၆၂ မှာ တစ်ကြိမ် အပြီး ပွဲသိမ်းပစ်ခဲ့တယ်။ နောက်.. လူထု နဲ့ မျိုးဆက်အားလုံးကို ဖက်ဒရယ် ဆိုတာ ကြောက်စရာကြီးဖြစ်အောင် ၀ါဒဖြန့်ခဲ့တယ်။ ဒီနေ့ထိ လူထု တစ်ပိုင်းနဲ့၊ တစည/ ကြံ့ခိုင်ရေး/စစ်ဗိုလ်စစ်သားများ ခမျာ အယုံသွင်းခံနေရဆဲဖြစ်တယ်။ ဗိုလ်ချုပ်ဘာပြောပြော ကတော့ ဂရုမစိုက်ရုံတင်မကဘူး။ ဗိုလ်ချုပ်မပြောနဲ့ စောမောင်ကိုတောင် ဖျောက်ပစ်တဲ့ ကောင်မျိုးတွေ လုပ်ခဲ့ကြတာကိုး။ ထားပါတော့။ အကျဉ်းပြောရရင် တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးကို မဖြစ်နိုင်တာ ကတိပေးခဲ့တာမဟုတ်သလို ဒီမိုကရေစီ အစိုးရက မေ့ပစ်၊ ညာပစ် ခဲ့တာလည်း မဟုတ်ဘူးဆိုတာပါပဲ။ လွတ်လပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမှာ အားလုံး ချစ်ချစ်ခင်ခင် ပြန်ဆုံကြချင်ပါတယ်။ United States of Burma အဖြစ်ကို အတူတူတည်ဆောက်ကြပါစို့။
ချိန်တန်ပြီရေ ဗိုလ်ချုပ်ကိုသံသယ၀င်စရာအကြောင်းမရှိပါဘူးကွာ ဒို့ဗိုလ်ချုပ်က မကောက်ကျစ်ဘူးကလိမ်ကကျစ်မလုပ်တတ်ဘူး ဗိုလ်ချုပ်ရဲ့ အဓိကအကျဆုံး အရည်အသွေးဟာ ရိုးသားဖြောင့်မတ်ခြင်းဘဲကွ
ဗိုလ်ချုပ်လုပ်တာမှန်မမှန်မင်ူသိချင်လျင် အင်္ဂလိပ်မြန်မာကိုမသိမ်းခင်ကအခြေအနေကပြန်စီစစ်ကြည့်လိုက်ပေါ့ကွာ ရှင်းနေပါတယ် ဒို့တိုင်ပြည်ကို အင်္ဂလိပ်သိမ်းတော့ကျူးကျော်သူနယ်ချဲ့တဲ့လား ဦးအောင်ဇေယျတို့ကျူးကျော်တာ့ကောဘာဖြစ်လို့ဂုဏ်ယူနေကြတာလည်း နယ်ချဲမဟုတ်ဘူနော် တတိယမြန်မာနိုင်ငံထူထောင်
တာတဲ့လား ဗမာတွေခေတ်အဆက်ဆက်ကျူးကျော်လာခဲ့တာတွေကအားလုံးကောင်းတာပါဘဲလား သယ်ချင်းရယ် ဒို့တိုင်ပြည်
မငြိမ်းခြင်းရဲ့ အဓိကတရာခံကတော့ ဗမာတွေရဲ့ နယ်ချဲ့ချင်စိတ်နဲ့ ကျူးကျော်ချင်တဲ့စိတ်တွေကြောင့်ပါ အခုလက်နက်အင်အားတောင့်လာလျင်ထိုင်ကို ကျူါ်ကျော်ဘို့ပြင်နေပြီ မင်းမယုံစောင့်ကြည့် ဒို့နိုင်ငံ ဘယ်တော့ မှမငြိမ်းချမ်းစေရဘူး မင်းစောင့်ကြည့်နေ ရန်လိုတဲ့စိတ်ကအရမ်းများတယ်ကွာ ။
ကျွန်တော်တို့ မြန်မာပြည်သူတွေလဲ ဘယ်တော့မှ စိတ် အေးအေးချမ်းချမ်းနဲ့ နေနိုင်မလဲ မသိပါဘူး… အနိုင်အရှုံးအဆုံးအဖြတ်အတွက်ကတော့ စစ်ဆိုတာ တိုက်နေရမှာပါပဲ… စစ်အစိုးရရဲ့ လူမျိုးရေး ခွဲခြားနှိပ်ကွပ်ခံနေရတဲ့အတွက် တော်လှန်ရေးလုပ်သင့်လို့ လုပ်တာလို့ပဲမြင်တယ်… လူမျိုးရေးခွဲခြား မခံရရင် တန်းတူရည်တူ အခွင့်အရေးပေးထားရင် ဘာမှတိုက်နေစရာမလိုပါဘူး… ဘယ်သူမှလဲ စစ်ကို တိုက်ချင်မယ်လို့ မထင်ပါဘူး… ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြမှာပါ… ဒါပေမယ့်လဲ ပါးစပ်ကနေ ပြောနေလို့ မရတဲ့အတွက် လက်ကနေ ပြောရတဲ့ အဆင့်ဖြစ်သွားတာပါ…
ကျွန်တော် တခြားတိုင်းရင်းသားတွေရဲ့ နယ်တွေကို ရောက်တဲ့အခါမှာ သူတို့ကိုယ်ပိုင်ဘာသာစကားကို တရားဝင် သင်ကြားခွင့်မရကြပါဘူး… စစ်အစိုးရဟာ တခြားတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကားတွေကို ဖိနှိပ်ချုပ်ခြယ်ထားပါတယ်… ဒါတွေကို တကယ်ထဲထဲဝင်ဝင် လေ့လာကြည့်ရင် သိနိုင်ပါတယ်… အပြင်ပန်းအနေနဲ့ ဆိုရင်တော့ မသိနိုင်ပါဘူး… ဒီလို ဖိနှိပ်ချုပ်ခြယ် ခံရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး တိုက်ပွဲဝင်တာ တရားတယ်လို့ မြင်ပါတယ်…
ဒါပေမယ့် တခုရှိတာက DKBA တို့ KNU တို့ဆိုတာ လူမျိုးရေးတခုတည်းအတွက်ပဲ တိုက်ပွဲဝင်နေတာပါပဲ… ဦးတည်ချက်ကလဲ လူမျိုးရေးဆိုတဲ့ အန္တိမရည်မှန်းချက်ပါ… တစ်နိုင်ငံလုံးကို ကိုယ်စားမပြုပါဘူး… ဘာပဲဖြစ်ဖြစ် ကိုယ်လူမျိုးအတွက် အသက်စွန့် လုပ်တယ်ဆိုတဲ့အတွက် လေးစားပါတယ်… ဒီစစ်အစိုးရလက်အောက်က လွတ်မြောက်ပြီး ကိုယ့်ပြည်နယ် ကိုယ်ထူထောင်နိုင်အောင် ဆက်လက်တိုက်ပွဲဝင်ကြပါ… အားပေးနေပါတယ်…
အခုလိုမျိုး လူမျိုးရေးသဘောမျိုး ပြည်တွင်းစစ် ဖြစ်နေတာရဲ့ လက်သည်တရားခံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ လှည့်ပတ်ကောက်ကျစ်တဲ့ အပြုအမူတွေကြောင့် ဖြစ်လာရတာပါ… အဓိကကတော့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့အချိန်မှာ ဘာဖြစ်လို့ ဗိုလ်ချုပ်က မပေးနိုင်တဲ့ ကတိတွေကို ပေးခဲ့တာလဲ… ဗိုလ်ချုပ်ဟာ ဒီလိုလူစားဖြစ်မယ်လို့တော့ ကျွန်တော်လုံးဝမယုံကြည်ဘူး… ဒါဆိုရင် ဗိုလ်ချုပ်မရှိတဲ့နောက်ပိုင်း ဗိုလ်ချုပ်ဘာလုပ်ခဲ့ လုပ်ခဲ့ ဂရုမစိုက်ဘူးဆိုတဲ့ အစိုးရမျိုးတွေကြောင့်လား ဆိုတာကိုတော့ စာဖတ်သူတို့ လေ့လာစေချင်တယ်…
သမိုင်းတွေကို တကယ်လေ့လာပါ… သမိုင်းကို ပြုပြင်ဖန်တီးသူတွေကြောင့် သမိုင်းရဲ့ အမှန်တွေဟာ အမှားတွေဖြစ်လာခဲ့ပါတယ်… စစ်အစိုးရရဲ့ စာအုပ်ထဲမှာ သင်နေတဲ့ သမိုင်းတွေ နောက်ပြီးတော့ ရှေးမင်းအဆက်ဆက်က ဘုရင်ကို မျက်နှာလို မျက်နှာရ သမိုင်းကို ပြောင်းပြန်လှန်ခဲ့တာတွေအများကြီးပါ… ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ ကြည့်တဲ့သူအပေါ်မှာ မူတည်ပါမယ်…