ကဒါဖီတပ်များ ကိုဟန့် တား နိုင်ရန် ပြင်သစ်နှင့် ဗြိတိသျှ တိုက်လေယာဉ်များ ထွက်ခွာ

LATEST အပစ်အခတ် ရပ်စဲရန်ပြောထား သော်လည်း ကဒါဖီ နှင့် ထိပ်တန်း ခေါင်းဆောင်
ရှစ်ဦး ရာထူးမှ
နှုတ်ထွက် မပေးလျှင်  ဖြစ် နိုင် သမျှ နည်း လမ်း မျိုး စုံ သုံးမည် ဟု ဟီလာရီ
ကလင်တန် ပြော (FoxNews)
__________________________________________________
၎င်း၏ တပ်မှုး အချို့ က ကဒါဖီ တို့ သား အဖ များ အား ရာထူး ကို စွန့် လွှတ်ရန် ဖိအားပေးနေပြီ
(အယ် အာရေးဗီးယား)
__________________________________________________
ကဒါဖီ ၏ တပ်ဖွဲ့ များ က ဆက်လက် တိုက်ခိုက်နေသောကြောင့် လက်နက် ကိုင် အပြစ် မဲ့
ပြည်သူများက ကဒါဖီ အဆိုပြုသည့် အပစ် အခတ် ရပ်စဲ ရေးကို ပယ်ချ (ဂါးဒီးယန်း)
_______________________________________________________
Updated နေတိုး  အဖွဲ့ ဝင် နိုင်ငံဖြစ်သည့် စပိန် က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ အရူးကွက် တွင်
မသက်ဆင်းမိရန် အကြံပေး ပြီး လေကြောင်း တိုက် ခိုက်မှု စတင်ရန် ဆော် အော လိုက်သည်။

ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ အပြောနှင့် အလုပ်
ညီမညီစောင့်ကြည့်ရန် လိုသည် ဟု နိုင်ငံတကာ မိသားစု ကို ပြောကြားခဲ့သည်။
______________________________________________________________
ကျောင်းသား သမဂ္ဂ အဆောက်အဦ ကို ဗုံးခွဲ သလို ဘာရိန်း ပြည်သူတွေ ဆန္ဒပြဖို စုရုံးစခန်းချတဲ့ နေရာကို
ဖြိုပစ်သည့် ဓာတ်ပုံများ
______________________________________________________________
ကဒါဖီ သည် အပစ်အခတ် ရပ်စဲ ရေး တောင်း ဆိုထားသော်လည်း မစ်ဆရာတာ မြို့ တွင် ၎င်း၏ တပ်ဖွဲ့ 
ဝင်များ
က လက်နက် ကိုင် အပြစ် မဲ့ ပြည်သူများ ကို အင်အား သုံး ၍ ဆက်လက် တိုက် ခိုက် လျှက် ရှိသည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ နိုင်ငံခြား ရေး ၀န်ကြီး က အပစ် အခတ် ရပ် ဆဲ ပြီး ငြိမ်းငြိမ်းချမ်းချမ်း
နေချင်သည် ဟု ရုပ်သံ မှ ပြောသည်။ ကုလ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ် ချက် ကို လဲ လေးစား လိုက်
နာ ပါမည် ဟု နိုင်ငံခြားရေး ၀န်ကြီး မူဆာ ကူဆာ က ရုပ်သံ မှ တစ် ဆင့် ပြောကြားခဲ့သည်။ သူပုန် များ ကို
တိုက်ခိုက် နေခြင်း ကို လည်း ရပ်နား ကာ အပစ်အခတ် ဆိုလျှင် ယမ်းမီးခြစ် ပင် မချစ် တော့ ပါ ဟု
ရုပ်သံ မှ ထပ်တစ်လဲ လဲ  ပြောကြားခဲ့သည်။
_______________________________________________________________
မြန်မာ ၀ီကီလိခ် မှာ ရောက်နေ တဲ့ မင်္ဂလာဆောင် ဖိတ်စာ
_______________________________________________________________

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ သား က လည်း ဖမ်းဆီး ထား သော နယူးယောက် တိုင်း ဂျာနယ်လစ်
လေးဦး ကို ဘေးမသီ ရန်မခ အိမ်တိုင်ယာ ရောက် ပြန်ပို့ ပေးမည် ဖြစ်ပြီး သူ၏ ဖခင် ကြီး ကဒါဖီ မှာ
ပြည်သူများ သေကြေပျက်စီး မည် ကို စိုးရိမ် ၍ စစ်ကို ရှောင်လွဲ လို စိတ် ကို ရှေးမဆွ က ပင် ရှိခဲ့သည်
ဟု ထရီပိုလီ တွင် သတင်းထောက် များ ကို ပြောသည်။

ကုလ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ် ချက် မချမှီ က မူ ကဒါဖီ သည် ဘန်ဂါဇီ ရှိ လက်နက်ကိုင် ဒီမို
ကရေစီ လိုလားသူများ ကို တစ်ယောက် မကျန် သတ်ကာ သူ ကိုယ်တိုင် ကုလား အုတ် စီးပြီး မြို့ ထဲ
သို့ ဝင်မည် ဟု ပြောခဲ့သည်။

လစ်ဗျား သူပုန် များ ၏  တိုက်ခိုက်မှု ကြောင် အက်ဂျာယာ မြို့ တွင် လူနှစ်ဆယ် ကျော် သေဆုံးသည်။

ကုလ လုံခြံရေး ကောင် စီ ၏ ဆုံးဖြတ် ချက် အရ လစ်ဗျား နိုင်ငံ ကို လေကြောင်းမှ  တိုက်ခိုက်ရန် ပြင်သစ် တိုက်လေယာဉ်များ  နီုင်ငံ တောင် ပိုင်း အီဆာထရီ လေတပ် စခန်း မှ ထွက်ခွာ သွားပြီ ဟု သတင်း ရရှိ
သည်။

လစ်ဗျား ဒီမိုကရေစီ လိုလားသူများ ၏ ခံတပ် မြို့ ဖြစ်သည့် ဘန်ဂါဇီ မြို့ ကို လစ်ဗျား ခေါင်းဆောင် ကဒါ
ဖီ ၏ တပ်များ က တိုက်ခိုက် ရန် စီစဉ် နေချိန် တွင် ဗြိတိသျှ တိုက် လေယာဉ် များ ဖြစ်သည့် တော်နေ
ဒိုး၊ တိုင်ဖွန်း၊ ဟာရီ ကိန်း စသည့် နာမည် ကျော် ဗြိတိသျှ တိုက်လေယာဉ်များ သည့် ဂျီဘရော်တာ လေတပ်
စခန်းမှ တစ်ဆင့် လစ်ဗျား နိုင်ငံ ကောင်းကင် ယံ တွင် စတင် ပျံသန်း နေပြီ ဟု ဗြိတိသျှ ၀န်
ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောသည်ဟု သတင်းရရှိသည်။

Source : France 24 , Al Jazeera

4 thoughts on “ကဒါဖီတပ်များ ကိုဟန့် တား နိုင်ရန် ပြင်သစ်နှင့် ဗြိတိသျှ တိုက်လေယာဉ်များ ထွက်ခွာ

  1. ကိုစိုင်း ခင်ဗျားရဲ့ နှစ်ပြားလောက်ရှိတဲ့ ဥာဏ်လေးနဲ့ ဗိုလ်ချုပ်မှုးကြီးကိုများ အာဏာစွန့်ခိုင်းရတယ်လို့….
    ကြားလို့မှ မကောင်း အရပ်ကတို့ တို့ရဲ့…. မိုက်ရိုင်းစော်ကားလိုက်တာဗျား… ကိုစိုင်း

  2. ခုလောက်ဆို ဗိုလ်ရူးချုပ်သန်းရွှေ ခေါင်းအတော်လေးကိုကိုက်နေလောက်ပါပြီ။ အချိန်မှီပါသေးတယ်။ အခုချက်ချင်း အာဏာစွန်.လိုက်ပါ။ မဟုတ်ရင် နေပြည်တော်မှာ ငရဲပြည်လို မီးတောက်မီးလျှံတွေနဲ.မြင်ရမှာသေချာနေပါတယ်။

  3. လူမိုက်က သူ့ထက်မိုက်တဲ့သူကိုကြောက်တယ်။အားနည်းတဲ့ပြည်သူကို တိုက်တုန်းကတော့ အားရှိပါးရှိ။ရူးကြောင်ကြောင် စကားတွေနဲ့ ဝါဒဖြန့်တယ်။သူအခြေအနေ မကောင်းဟန်တူတော့ အေးအေးဆေးဆေးနေချင်ပါတယ်တဲ့။
    သူရဲကောင်း ဗိုလ်ချုပ် ဆိုပြီး ကြောက်နေတယ်။ဟူစိန်တုန်းကလည်း မသေရဲလို့ပုန်းနေတယ် နောက်တော့အရှက်ရပြီး သေတာဘဲ။ ကိုယ်ပြုသောကံ——ပေါ့။

Comments are closed.